ကိုယ့္ခ်စ္သူေကာင္ေလးက ကိုယ့္ေပၚခ်စ္မခ်စ္၊သစၥာရွိမရွိ အမည္ကိုႀကည့္ျပီး တြက္ခ်က္ႀကည့္မယ္

ကိုယ့္ခ်စ္သူေကာင္ေလးက ကိုယ့္ေပၚခ်စ္မခ်စ္၊သစၥာရွိမရွိ အမည္ကိုႀကည့္ျပီး တြက္ခ်က္ႀကည့္မယ္

လက္ဆန္းနည္းေလးပါ။ မိန္းခေလးေတြအတြက္သီးသန႔္ပါ။ အ႐ြယ္ေရာက္တဲ့ မိန္းခေလးေတြက အစ အ႐ြယ္လြန္ အပ်ိဳႀကီးေတြ၊ တခါတရံ တခုလပ္ အိမ္ေထာင္ပ်က္ အစရွိတဲ့ အမ်ိဳးသမီးေတြမွာ ခ်စ္စကားကမ္းလွမ္းခံရတာ ေမတၱာရွိေၾကာင္းေျပာလာတာ၊ လက္ထပ္ခြင့္ပန္လာတာေတြ ရွိပါလိမ့္မယ္ …။

ရင္ခုန္ရတာ တဖက္၊ ၾကည္ႏူးရတာ တမ်ိဳးနဲ႔ ေနာက္ဆုံးတကယ္ခ်စ္တာမွ ဟုတ္ရဲ႕လားဆိုတဲ့ စိုးရိမ္စိတ္က ေပၚလာစၿမဲေပါ့။ ဒီပညာေလးက လြယ္ပါတယ္။ ဒါေပမယ့္ ေလွ်ာ့မတြက္ပါနဲ႔ တကယ္မွန္တာ။

ဒီနည္းက ခ်စ္ေရးဆိုခ်ိန္ကို အဓိကထားၿပီးျပန္ အေျဖမေပးခင္ ခ်ိန္ဆႏိုင္ေအာင္ ေပးထားတာပါ …။

ခ်စ္သူရွိၿပီးသားလူေတြနဲ႔ပတ္သတ္ၿပီး တြက္ၾကည့္ခ်င္ရင္ တစ္ဖက္လူကို႔ခ်စ္စကားေျပာခဲ့တဲ့အသက္နဲ႔ ခ်ိန္ၿပီးတြက္ပါ။ ရည္းစားမရွိေသးသူေတြကလည္းဘယ္ အသက္မွာ ဘယ္နာမည္မ်ိဳးနဲကလူက အခ်စ္စစ္ ကမ္းလွမ္းလာမယ္ဆိုတာ ဉာဏ္ကစားၿပီးတြက္ၾကည့္ေပါ့ေနာ့္..။

တကယ္ခ်စ္မခ်စ္ တြက္စစ္ၾကည့္မယ္ …။

အဆင့္ (၁) ကိုယ္႔ကို ခ်စ္စကားလာေျပာတဲ့သူရဲ႕ နာမည္ အျပည့္အစုံကို ေဗဒင္သခ်ၤာဂဏန္းေတြအျဖစ္ ေျပာင္းပါ။ အကၡရာနဲ႔ သခ်ၤာဂဏန္းတြဲျပထားပါတယ္။ ဗ်ည္း ကိုသာ ယူပါတယ္ …။

အမည္ဗ်ည္းအကၡရာ ေဗဒင္သခ်ၤာဂဏန္း အ ၊ ဥ ၊ၾသ ၁ က ခ ဂ ဃ င ၂ စ ဆ ဇ ဈ ည ၃ ယ ရ လ ၀ ၄ ပ ဖ ဗ ဘ မ ၅ သ ဟ ၆ ထ တ ဒ ဓ န ၇ ဥပမာ – ကို ေအာင္ေက်ာ္ ေဌး ဆိုပါေတာ့ ေရွ႕က(ေမာင္၊ကို၊ဦး) အစရွိတာေတြကို ဖယ္။ ေအာင္ေက်ာ္ေဌး = အ +က+ ဌ = ၁ + ၂+ ၇ =၁၀ ဒီသေဘာပါပဲ တျခားအမည္ေတြလဲ ဒီသေဘာပါပဲ …။

အဆင့္(၂) ေနာက္ၿပီး ကိုယ္ေရာက္ေနတဲ့ အသက္။ ကို႔ရဲ႕ ေမြးနံ သခ်ၤာဂဏန္း နဲ႔ေပါင္းထား ပါ။ ေမြးေန႔ ေမြးနံသခ်ၤာဂဏန္း တနဂၤေႏြ ၁ တနလၤာ ၂ အဂၤါ ၃ ဗုဒဟူး ၄ ၾကာသပေတး ၅ ေသာၾကာ ၆ စေန ၇ ဥပမာ မိမိရဲ႕ အသက္က (၂၅) ႏွစ္ထဲေရာက္ေနရင္ ဟို (၂၄) ႏွစ္ျပည့္ၿပီးရင္ အဲဒါ (၂၅) လို႔ပဲယူပါ။ မိမိက ၾကာသပေတးေန႔ မွာေမြးတယ္ ဆိုပါစို႔ …။

ခ်စ္ေရးဆိုခံရသူ အသက္=၂၅ ခ်စ္ေရးဆိုခံရသူ၏ေမြးေန႔ သခ်ၤာ နံ =ၾကာသပေတး= ၅ အသက္ + ေမြးနံသခ်ၤာ= ၂၅+၅=၃၀ ခ်စေရးဆိုသူ နာမည္ကို ဂဏန္းနဲ႔ဖြဲ႕ထားတဲ့ အဆင့္တစ္က ရလဒ္နဲ႔ ခ်စ္ေရးဆိုခံ ရသူရဲ႕ အသက္ ေမြးနံသခ်ၤာေပါင္းရထားတဲ့ အဆင့္ (၂) က ရလဒ္ ႏွစ္ခုလုံးကို ေပါင္းၿပီး ခုႏွစ္ ဂဏန္းနဲ႔ စား၊ အႂကြင္းကိုၾကည့္ပါ …။

အဆင့္ ၁ ရလဒ္= ၁၀ အဆင့္ ၂ ရလဒ္= ၃၀ ၂ ခုေပါင္း =၁၀+၃၀=၄၀ ၄၀ ကို ၇ နဲ႔စားပါ အႂကြင္းက ၅ ပါ..။ အႂကြင္း ၁ က ၀ ထိ ေရးေပးထားပါတယ္။ ကို႔ကို ခ်စ္စကားဆိုသူ က ၂ ေယာက္ ၃ ေယာက္ဆိုရင္ သူတို႔နာမည္ေတြနဲ႔ တြက္ၾကည့္ေပါ့ေနာ္။ ေနာက္ဆုံး ရတဲ့အႂကြင္းကိုၾကည့္ၿပီး လိုရာ သုံးေပေတာ႔ေပါ႔ …။

အႂကြင္း၁။ ။ ရပါက သူ႔စကားကေတာ့ မွန္ပါတယ္။ တကယ္ခ်စ္ေနတာပါ။ ဒါေပမယ့္ လက္ထပ္တဲ့အထိေတာ့ ကိုယ့္အေပၚမွာ မစဥ္းစားေသးဘူးေနာ္။ လက္ထပ္မယ္လို႔ေျပာလာရင္လဲ အေပၚယံ ေျပာတာ။ တကယ္ လက္ထပ္ႏိုင္တဲ့အေျခအေန လတ္တေလာ သူ႔မွာ မရွိေသးပါဘူး …။

သူ႔မွာ ေျဖရွင္းစရာ ရင္ဆိုင္စရာ မိဘ အသိုင္းအဝိုင္းၾကားထဲက ခ်စ္ေနရတာ။ ခ်စ္သူ အေန နဲ႔ တြဲသြားတြဲလာ အေဖာ္အေနနဲ႔ ေတာ့ေကာင္းပါတယ္။ ဒါေပမယ့္ အိမ္ေထာင္ဖက္ေတာ့ျဖစ္လာမွာ မဟုတ္ဘူး ဆိုတာေသခ်ာပါတယ္။ ခ်စ္တိုင္းလဲ မညားဆိုတဲ့ စကားကို သတိရပါ …။

အႂကႊင္း၂။ ။ ရခဲ့ရင္ေတာ့ ဟန္က်တာပဲ။ သူ႔အခ်စ္က တကယ့္ကိုစံတင္ေလာက္တယ္။ သူတကယ္ကို႔ကိုခ်စ္ေနတာ။ သနားဖို႔ေကာင္း ပါတယ္။ သူ႔ဘ၀ သူ႔အခ်စ္ သူ႔ေမတၱာ အားလုံး ကို႔ကိုပုံေပးၿပီး အေျဖ တုံ႔ျပန္မႈကို တကယ္ ေမွ်ာ္လင့္ေနတာပါ …။

သေဘာကေလာက္တဲ့ အေနအထား ကိုလိုလားတဲ့ အေျခအေနမ်ား ရွိရင္ လက္ခံသင့္တဲ့သူပါ။ တခုေတာ ့ရွိတယ္ေနာ္။ သူက တကယ္လက္ထပ္မွာလို႔ပဲ ေျပာတာ။ ကိုယ္က မစဥ္းစားေသးဘူးဆိုလည္းသူက ေနက္ဆုတ္သြားမွာပါ။ အေႏွာက္အယွက္ေပးမွာ မဟုတ္ပါဘူး …။

အႂကြင္း၃။ ။ ရရင္ေတာ့ ဒီစကားမ်ိဳး ရွင္ေျပာတာ မ်ားၿပီထင္ရဲ႕ ကြၽန္မက နံပါတ္ဘယ္ေလာက္လဲလို႔ ေမးလိုက္ေတာ့..။ မ်က္ႏွာမ်ားတဲ့သူပဲ။ ကိုယ္႔ကိုသေဘာက် တြဲခ်င္တာ ပဲ ရွိပါတယ္။ေလးေလးနက္နက္ခ်စ္တဲ့ အေနအထားေတာ ့မဟုတ္ပါဘူး …။

လက္ထပ္ေပါင္းသင္းဖို႔ေနေနသာသာ ေရရွည္ခ်စ္ပါ့မလားေတာင္ မသိ။ ကိုယ္က လက္ခံမိရင္ ကိုယ္႔အျပင္ သူေနာက္ထပ္တေယာက္တြဲေနတာတို႔ ကို႔ကိုပစ္ထားလိုက္ ျပန္လာလိုက္နဲ႔ ခ်စ္တမ္းကစားေနတာတို႔ လုပ္အုံးမွာ။ အသည္းကြဲကာကြယ္ေဆးထိုးၿပီးမွ ခ်စ္ေပါ့။ ဒါေပမယ့္ ကမာၻမွာ အဲေဆးမေပၚေသးဘူးေနာ္။ မိတ္ေဆြေလာက္ အေနနဲ႔ပဲ ထားဖို႔ေကာင္းပါတယ္ …။

အႂကြင္း၄။ ။ ရရင္ တကယ္ခ်စ္ေနတာပါ။ အတည္ေျပာတာပါ။ ကိုယ္႔ကိုျမတ္ႏိုးေနတာမွ သဲသဲ လုပ္ပဲ။ ကိုယ္႔အတြက္ဆိုဘာကိုရင္ဆိုင္ရေစ ခိုင္ၿမဲတဲ့အခ်စ္နဲ႔ ျမတ္ျမတ္ႏိုးႏိုး တစ္သက္တာ လက္တြဲမယ့္သူပါ။ သူက စကားနည္းတယ္။ ဒီေမတၱာစကားေျပာဖို႔ေတာင္ ေတာ္ေတာ္အရွိန္ယူ ရပုံပဲ။ ကိုယ္႔အေပၚသူတတ္အားသေလာက္ တင့္တင့္တယ္တယ္ထားမွာ အမွန္ပါ …။

သေဘာက်ရင္စဥ္းစားဖို႔ တကယ္ေကာင္းတဲ့သူေပါ့။ သူ႔ဝန္းက်င္ အသိုင္းအဝန္း၊ သူ႔အေနအထားေတြကို ထည့္တြက္ေပးလိမ္႔မယ္။ အခ်စ္ဘက္ကေတာ့အမွတ္ျပည့္တကယ္ ေပးထားတယ္။ ကို႔သေဘာ ကို႔အလိုတကယ္လိုက္ၿပီး ကို႔မ်က္ႏွာအညိဳးမခံရေအာင္ သူ႔ဘက္က တကယ္ေဆာင္႐ြက္ေပးမွာပါ။ လက္ခံလို႔ရတယ္။သူဘက္ကလက္ထပ္ဖို႔ ေသခ်ာပါတယ္။အခ်ိန္ယူၿပီး စဥ္းစားဆုံးျဖတ္ေပါ့ေနာ္ …။

အႂကႊုင္း၅။ ။ ရပါက သူကိုယ္တိုင္ေတာင္ဒီစကားေျပာတာေသခ်ာရဲ႕လား မသိႏိုင္ဘူး။ တခါတေလကို႔ကိုခ်စ္လိုက္။ တစ္ခါတေလ ကို႔ကိုေမ့ထားလိုက္ လုပ္မွာပါ။ ရည္းစားစကားေျပာ ခ်စ္ခြင့္ပန္ၿပီး ဒီစကားပဲ သူမေျပာသလိုလို၊ တခါေလာက္ေျပာၿပီး ကိုက မူၿပီးအခ်ိန္ ဆြဲထားရင္ၾကားထဲမွာ ထပ္အေျဖေတာင္းေတာ့မွာ မဟုတ္ပါဘူး …။

သူက တကယ္ခ်စ္တတ္သူမွ ဟုတ္ရဲ႕လား။ သူ႔ရင္ထဲမွာ အသည္းနလုံးေရာ ရွိရဲ႕လား ဆိုတာကို ေလ့လာ၊ သူ႔စိတ္ သူ႔ပါတ္ဝန္းက်င္ နဲ႔ကို အဆင္ေျပပါ့မလား။ ေတြးၾကည့္ေပါ့။ ျငင္းစရာမွိေလာက္ေအာင္ျပည့္စုံလို႔ လက္ခံမယ္ ။ကိုကခ်စ္သာေနၿပီး မဆြတ္ခင္က ၫြတ္ခ်င္ခ်င္ျဖစ္ၿပီး သူလာေျပာတာနဲ႔ အေျဖေပးခဲ့မိရင္ လက္ထပ္ဖို႔ေတာ့ အခ်ိန္ေလးယူပါအုံး …။

အႂကြင္း၆။ ။ ရၿပီဆိုရင္ေတာ့ တကယ္ ေကာင္းတဲ့သူဆိုတာသတ္မွတ္လိုက္ပါ။ သူ႔ေမတၱာက အမွန္တည္ၿငိမ္ပါတယ္။ကိုမွတပါးေနာက္တေယာက္ထားမွာမဟုတ္ဘူး။ ၿပီးခဲ့တဲ့ အတိတ္မွာဘယ္ေလာက္ရႈပ္ရႈပ္ ကိုနဲ႔က်မွ တည္တည္ၿငိမ္ျငိမ္ျဖစ္မွာ။ အခ်စ္စစ္ပါ …။

တကယ္လက္ထပ္သင့္တဲ့သူေပါ့။ သူကသိပ္ခ်စ္တတ္တဲ့သူ။ ကို႔အလိုတကယ္လိုက္မွာ။ ေရရွည္ တည္ၿမဲပါတယ္။ ကိုယ္႔မိဘ ကိုယ္႔အသိုင္းအဝိုင္း သူ႔မိဘ သူ႔အသိုင္းအဝိုင္းသာ စပ္ဟပ္ လို႔ရရင္ေတာ့ ေကာင္းၿပီးသား ေအာက္ေမ့ေပေတာ့ …။

အႂကြင္း ၀ ။ ။ ရရင္ေတာ့ မဟန္ပါဘူး။ ကန္ေတာ့ ဆြမ္းပါပဲလို႔။ သူ႔အခ်စ္နဲ႔ ကို႔နဲ႔ မထိုက္တန္ပါဘူး။ ဟိုမရွင္းဒီမရွင္း အရႈပ္ထုတ္ထဲ ကို႔ပါဆြဲသြင္းေနတာ။ သူ႔ကို သြားႀကိဳက္မိလို႔ကေတာ့ ငါးပါးေမွာက္ၿပီ သာမွတ္။ ေရွးစကားနဲ႔ ေျပာတာမွတ္မိေသးတယ္ ဒူးနဲ႔မ်က္ေရသုတ္ေနရမယ္။သူခ်စ္စကားကလဲ မဟန္ ခ်စ္ေရးဆိုပုံကလည္းတစ္မ်ိဳးႏွင့္ မလယ္မဝယ္ မိန္းကေလးမ်ားဆိုရင္ေတာ့ တာ့တာ …။

ပညာပါပါနဲ႔သာ ဖယ္ထုတ္လိုက္ပါ။ ေယာင္လို႔မ်ားသြားမတြဲနဲ႔ ယူလို႔လဲမေကာင္း မယူမိရင္လဲ ေနာက္လိုက္ေနာင့္ယွက္ ဒုကၡေပးၿပီး အရွက္ခြဲမယ့္ သူေပပဲ။ အလိမၼာေလးနဲ႔ ျငင္းလိုက္ပါေနာ္ …။ ။

Credit : New Myanmar News

Unicode Version ဖြင့်ဖတ်ရန်

ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ပေါ်ချစ်မချစ်၊သစ္စာရှိမရှိ အမည်ကိုကြည့်ပြီး တွက်ချက်ကြည့်မယ်

လက်ဆန်းနည်းလေးပါ။ မိန်းခလေးတွေအတွက်သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ၊ တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်းခံရတာ မေတ္တာရှိကြောင်းပြောလာတာ၊ လက်ထပ်ခွင့်ပန်လာတာတွေ ရှိပါလိမ့်မယ် …။

ရင်ခုန်ရတာ တဖက်၊ ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ်ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့။ ဒီပညာလေးက လွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။

ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီးပြန် အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ …။

ချစ်သူရှိပြီးသားလူတွေနဲ့ပတ်သတ်ပြီး တွက်ကြည့်ချင်ရင် တစ်ဖက်လူကို့ချစ်စကားပြောခဲ့တဲ့အသက်နဲ့ ချိန်ပြီးတွက်ပါ။ ရည်းစားမရှိသေးသူတွေကလည်းဘယ် အသက်မှာ ဘယ်နာမည်မျိုးနဲကလူက အချစ်စစ် ကမ်းလှမ်းလာမယ်ဆိုတာ ဉာဏ်ကစားပြီးတွက်ကြည့်ပေါ့နော့်..။

တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ် …။

အဆင့် (၁) ကိုယ့်ကို ချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့ သင်္ချာဂဏန်းတွဲပြထားပါတယ်။ ဗျည်း ကိုသာ ယူပါတယ် …။

အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း အ ၊ ဥ ၊သြ ၁ က ခ ဂ ဃ င ၂ စ ဆ ဇ ဈ ည ၃ ယ ရ လ ၀ ၄ ပ ဖ ဗ ဘ မ ၅ သ ဟ ၆ ထ တ ဒ ဓ န ၇ ဥပမာ – ကို အောင်ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကို ဖယ်။ အောင်ကျော်ဌေး = အ +က+ ဌ = ၁ + ၂+ ၇ =၁၀ ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ …။

အဆင့်(၂) နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။ မွေးနေ့ မွေးနံသင်္ချာဂဏန်း တနင်္ဂနွေ ၁ တနင်္လာ ၂ အင်္ဂါ ၃ ဗုဒဟူး ၄ ကြာသပတေး ၅ သောကြာ ၆ စနေ ၇ ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) လို့ပဲယူပါ။ မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့ …။

ချစ်ရေးဆိုခံရသူ အသက်=၂၅ ချစ်ရေးဆိုခံရသူ၏မွေးနေ့ သင်္ချာ နံ =ကြာသပတေး= ၅ အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀ ချစရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ် ဂဏန်းနဲ့ စား၊ အကြွင်းကိုကြည့်ပါ …။

အဆင့် ၁ ရလဒ်= ၁၀ အဆင့် ၂ ရလဒ်= ၃၀ ၂ ခုပေါင်း =၁၀+၃၀=၄၀ ၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။ အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။ ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည်တွေနဲ့ တွက်ကြည့်ပေါ့နော်။ နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာ သုံးပေတော့ပေါ့ …။

အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့အထိတော့ ကိုယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ပြောလာရင်လဲ အပေါ်ယံ ပြောတာ။ တကယ် လက်ထပ်နိုင်တဲ့အခြေအနေ လတ်တလော သူ့မှာ မရှိသေးပါဘူး …။

သူ့မှာ ဖြေရှင်းစရာ ရင်ဆိုင်စရာ မိဘ အသိုင်းအဝိုင်းကြားထဲက ချစ်နေရတာ။ ချစ်သူ အနေ နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့ တော့ကောင်းပါတယ်။ ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို သတိရပါ …။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကိုစံတင်လောက်တယ်။ သူတကယ်ကို့ကိုချစ်နေတာ။ သနားဖို့ကောင်း ပါတယ်။ သူ့ဘ၀ သူ့အချစ် သူ့မေတ္တာ အားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ် မျှော်လင့်နေတာပါ …။

သဘောကလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေအနေများ ရှိရင် လက်ခံသင့်တဲ့သူပါ။ တခုတော့ရှိတယ်နော်။ သူက တကယ်လက်ထပ်မှာလို့ပဲ ပြောတာ။ ကိုယ်က မစဉ်းစားသေးဘူးဆိုလည်းသူက နေက်ဆုတ်သွားမှာပါ။ အနှောက်အယှက်ပေးမှာ မဟုတ်ပါဘူး …။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲလို့ မေးလိုက်တော့..။ မျက်နှာများတဲ့သူပဲ။ ကိုယ့်ကိုသဘောကျ တွဲချင်တာ ပဲ ရှိပါတယ်။လေးလေးနက်နက်ချစ်တဲ့ အနေအထားတော့မဟုတ်ပါဘူး …။

လက်ထပ်ပေါင်းသင်းဖို့နေနေသာသာ ရေရှည်ချစ်ပါ့မလားတောင် မသိ။ ကိုယ်က လက်ခံမိရင် ကိုယ့်အပြင် သူနောက်ထပ်တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက် ပြန်လာလိုက်နဲ့ ချစ်တမ်းကစားနေတာတို့ လုပ်အုံးမှာ။ အသည်းကွဲကာကွယ်ဆေးထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမာ္ဘမှာ အဲဆေးမပေါ်သေးဘူးနော်။ မိတ်ဆွေလောက် အနေနဲ့ပဲ ထားဖို့ကောင်းပါတယ် …။

အကြွင်း၄။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကိုယ့်ကိုမြတ်နိုးနေတာမှ သဲသဲ လုပ်ပဲ။ ကိုယ့်အတွက်ဆိုဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကားပြောဖို့တောင် တော်တော်အရှိန်ယူ ရပုံပဲ။ ကိုယ့်အပေါ်သူတတ်အားသလောက် တင့်တင့်တယ်တယ်ထားမှာ အမှန်ပါ …။

သဘောကျရင်စဉ်းစားဖို့ တကယ်ကောင်းတဲ့သူပေါ့။ သူ့ဝန်းကျင် အသိုင်းအဝန်း၊ သူ့အနေအထားတွေကို ထည့်တွက်ပေးလိမ့်မယ်။ အချစ်ဘက်ကတော့အမှတ်ပြည့်တကယ် ပေးထားတယ်။ ကို့သဘော ကို့အလိုတကယ်လိုက်ပြီး ကို့မျက်နှာအညိုးမခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ။ လက်ခံလို့ရတယ်။သူဘက်ကလက်ထပ်ဖို့ သေချာပါတယ်။အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပေါ့နော် …။

အကြွှုင်း၅။ ။ ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။ တခါတလေကို့ကိုချစ်လိုက်။ တစ်ခါတလေ ကို့ကိုမေ့ထားလိုက် လုပ်မှာပါ။ ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို၊ တခါလောက်ပြောပြီး ကိုက မူပြီးအချိန် ဆွဲထားရင်ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာ မဟုတ်ပါဘူး …။

သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနလုံးရော ရှိရဲ့လား ဆိုတာကို လေ့လာ၊ သူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား။ တွေးကြည့်ပေါ့။ ငြင်းစရာမှိလောက်အောင်ပြည့်စုံလို့ လက်ခံမယ် ။ကိုကချစ်သာနေပြီး မဆွတ်ခင်က ညွတ်ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး …။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ် ကောင်းတဲ့သူဆိုတာသတ်မှတ်လိုက်ပါ။ သူ့မေတ္တာက အမှန်တည်ငြိမ်ပါတယ်။ကိုမှတပါးနောက်တယောက်ထားမှာမဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ကျမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ။ အချစ်စစ်ပါ …။

တကယ်လက်ထပ်သင့်တဲ့သူပေါ့။ သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ ရေရှည် တည်မြဲပါတယ်။ ကိုယ့်မိဘ ကိုယ့်အသိုင်းအဝိုင်း သူ့မိဘ သူ့အသိုင်းအဝိုင်းသာ စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသား အောက်မေ့ပေတော့ …။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ ကန်တော့ ဆွမ်းပါပဲလို့။ သူ့အချစ်နဲ့ ကို့နဲ့ မထိုက်တန်ပါဘူး။ ဟိုမရှင်းဒီမရှင်း အရှုပ်ထုတ်ထဲ ကို့ပါဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ ရှေးစကားနဲ့ ပြောတာမှတ်မိသေးတယ် ဒူးနဲ့မျက်ရေသုတ်နေရမယ်။သူချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်းတစ်မျိုးနှင့် မလယ်မဝယ် မိန်းကလေးများဆိုရင်တော့ တာ့တာ …။

ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များသွားမတွဲနဲ့ ယူလို့လဲမကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက် ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါနော် …။ ။

Credit : New Myanmar News