႐ုပ္ရည္မလွပေပမယ့္ အၿမဲၾကည့္ေကာင္းၿပီး ကိုယ္ေရာင္ကိုယ္ဝါေတာက္ပေနသူေတြရဲ႕လွ်ိဳ႕ဝွက္ခ်က္

႐ုပ္ရည္မလွပေပမယ့္ အၿမဲၾကည့္ေကာင္းၿပီး ကိုယ္ေရာင္ကိုယ္ဝါေတာက္ပေနသူေတြရဲ႕လွ်ိဳ႕ဝွက္ခ်က္

လူတစ္ေယာက္ဟာ အမ်ားအျမင္မွာ လွပေနတယ္။ ၾကည့္ေကာင္းေနတယ္ဆိုတာ မိတ္ကပ္ေတြ လိမ္းထားလို႔၊ တန္ဖိုးႀကီး အသုံးအေဆာင္ေတြ ဆင္ျမန္းထားလို႔ လို႔ ထင္တတ္ ၾကပါတယ္ …။

တကယ္ေတာ့ အလွအပဆိုတာ အျပင္ပန္း အဆင္တန္ဆာေတြထက္ ဒီအရာေတြေၾကာင့္သာ ပိုၿပီး ေတာက္ေျပာင္လာတာပဲ ျဖစ္ပါတယ္ေနာ္ …။

(၁) တစ္ကိုယ္ရည္ သန႔္ရွင္းမႈရွိျခင္း”

မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက်ာ္းေလးပဲျဖစ္ျဖစ္ တစ္ကိုယ္ရည္ သန႔္ရွင္းမႈက အေရးႀကီးပါတယ္။ တစ္ကိုယ္ရည္ သန႔္ရွင္းမႈရွိၿပီး ခႏၶာကိုယ္ နံ႔ဆိုးေတြ ကင္းစင္ေနျခင္းက လွပျခင္း တစ္မ်ိဳးပါပဲ …။

တစ္ကိုယ္ရည္ သန႔္ရွင္းမႈ ရွိတဲ့သူက အလိုလို ၾကည့္ေကာင္းေနတာပါပဲ …။

(၂) အေကာင္းျမင္တတ္တဲ့ စိတ္ရွိျခင္း”

အဆိုးျမင္တတ္တဲ့ စိတ္က ျပႆနာေတြကို ျဖစ္ေစၿပီး လူကိုလည္း စိတ္ကို ဖိစီးေစကာ ႐ုပ္ရည္ကိုလည္း မၾကည္မလင္၊ မလန္းမဆန္း ျဖစ္ေစတတ္ပါတယ္ …။

အေကာင္းျမင္စိတ္ ရွိတဲ့အခါ စိတ္ကလည္း အၿမဲ ၾကည္လင္ေနၿပီး မ်က္ႏွာကအစ ၾကည္လင္ လွပေနမွာ ျဖစ္တယ္ …။

(၃) မုဒိတာပြားတတ္တဲ့ စိတ္ရွိျခင္း”

မုဒိတာပြားတဲ့စိတ္ ရွိတဲ့သူေတြဟာ သူမ်ားေအာင္ျမင္မႈကို မနာလိုတဲ့စိတ္ မရွိဘဲ ေအာင္ျမင္မႈကို မုဒိတာ ပြားေပးတတ္ၾကပါတယ္။ သူတစ္ပါးေအာင္ျမင္မႈကို မုဒိတာပြားတတ္တဲ့ သူက အၿမဲလိုလို ၾကည့္ေကာင္းေနပါတယ္ …။

မနာလိုစိတ္ မရွိျခင္းက လူကို ၾကည့္ေကာင္းေစၿပီး ဘာဝတ္ဝတ္ အေရာင္ထြက္ေစပါတယ္။ မနာလိုစိတ္ ႀကီးမားတဲ့ သူေတြကေတာ့ ဘယ္ေလာက္ပဲ တန္ဖိုးႀကီးတဲ့ အဝတ္အစားေတြ ဝတ္ထားပါေစ ၾကည့္လို႔ ဘယ္လိုမွ မလွပါဘူးေနာ္ …။

(၄) ၾကင္နာတတ္တဲ့ စိတ္ရွိျခင္း”

ၾကင္နာတတ္ၿပီး တစ္ဖက္သားကို ကိုယ္ခ်င္းစာတတ္တဲ့ သူေတြက ႏွလုံးသားလွတာေၾကာင့္ လူကလည္း အလိုလို ၾကည့္ေကာင္းေနပါတယ္။ ၾကင္နာတတ္တဲ့ စိတ္က လူကို လွပေစ ပါတယ္ …။

(၅) ေက်းဇူးသိတတ္တဲ့ စိတ္ရွိျခင္း”

လူသားတစ္ေယာက္အျဖစ္ ရွင္သန္ေနတဲ့အခါ ေက်းဇူးသိတတ္တဲ့စိတ္ ရွိဖို႔လည္း လိုအပ္ပါတယ္။ ေက်းဇူးသိတတ္ျခင္းက ေကာင္းမြန္တဲ့စိတ္ကို ျဖစ္ေစတာေၾကာင့္ ႐ုပ္ရည္ကို ၾကည္လင္ေစပါတယ္ …။

ကိုယ္ပိုင္ဆိုင္ထားတဲ့ အရာေတြအတြက္ ေက်းဇူးတင္တာ၊ ကိုယ့္ေဘးနားက လူေတြအတြက္ ေက်းဇူးတင္တာ၊ ကိုယ္ျဖတ္သန္းခဲ့တဲ့ အခ်ိန္ေတြအတြက္ ေက်းဇူးတင္တာ အဲ့ဒီလို ေက်းဇူးတင္တဲ့စိတ္က လူတစ္ေယာက္ကို အလိုလို ၾကည့္ေကာင္းေနေစပါတယ္ေနာ္ …။ ။

written by PP

Credit

Unicode Version ဖြင့်ဖတ်ရန်

ရုပ်ရည်မလှပပေမယ့် အမြဲကြည့်ကောင်းပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပနေသူတွေရဲ့လျှို့ဝှက်ချက်

လူတစ်ယောက်ဟာ အများအမြင်မှာ လှပနေတယ်။ ကြည့်ကောင်းနေတယ်ဆိုတာ မိတ်ကပ်တွေ လိမ်းထားလို့၊ တန်ဖိုးကြီး အသုံးအဆောင်တွေ ဆင်မြန်းထားလို့ လို့ ထင်တတ် ကြပါတယ် …။

တကယ်တော့ အလှအပဆိုတာ အပြင်ပန်း အဆင်တန်ဆာတွေထက် ဒီအရာတွေကြောင့်သာ ပိုပြီး တောက်ပြောင်လာတာပဲ ဖြစ်ပါတယ်နော် …။

(၁) တစ်ကိုယ်ရည် သန့်ရှင်းမှုရှိခြင်း”

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် တစ်ကိုယ်ရည် သန့်ရှင်းမှုက အရေးကြီးပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပြီး ခန္ဓာကိုယ် နံ့ဆိုးတွေ ကင်းစင်နေခြင်းက လှပခြင်း တစ်မျိုးပါပဲ …။

တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိတဲ့သူက အလိုလို ကြည့်ကောင်းနေတာပါပဲ …။

(၂) အကောင်းမြင်တတ်တဲ့ စိတ်ရှိခြင်း”

အဆိုးမြင်တတ်တဲ့ စိတ်က ပြဿနာတွေကို ဖြစ်စေပြီး လူကိုလည်း စိတ်ကို ဖိစီးစေကာ ရုပ်ရည်ကိုလည်း မကြည်မလင်၊ မလန်းမဆန်း ဖြစ်စေတတ်ပါတယ် …။

အကောင်းမြင်စိတ် ရှိတဲ့အခါ စိတ်ကလည်း အမြဲ ကြည်လင်နေပြီး မျက်နှာကအစ ကြည်လင် လှပနေမှာ ဖြစ်တယ် …။

(၃) မုဒိတာပွားတတ်တဲ့ စိတ်ရှိခြင်း”

မုဒိတာပွားတဲ့စိတ် ရှိတဲ့သူတွေဟာ သူများအောင်မြင်မှုကို မနာလိုတဲ့စိတ် မရှိဘဲ အောင်မြင်မှုကို မုဒိတာ ပွားပေးတတ်ကြပါတယ်။ သူတစ်ပါးအောင်မြင်မှုကို မုဒိတာပွားတတ်တဲ့ သူက အမြဲလိုလို ကြည့်ကောင်းနေပါတယ် …။

မနာလိုစိတ် မရှိခြင်းက လူကို ကြည့်ကောင်းစေပြီး ဘာဝတ်ဝတ် အရောင်ထွက်စေပါတယ်။ မနာလိုစိတ် ကြီးမားတဲ့ သူတွေကတော့ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစားတွေ ဝတ်ထားပါစေ ကြည့်လို့ ဘယ်လိုမှ မလှပါဘူးနော် …။

(၄) ကြင်နာတတ်တဲ့ စိတ်ရှိခြင်း”

ကြင်နာတတ်ပြီး တစ်ဖက်သားကို ကိုယ်ချင်းစာတတ်တဲ့ သူတွေက နှလုံးသားလှတာကြောင့် လူကလည်း အလိုလို ကြည့်ကောင်းနေပါတယ်။ ကြင်နာတတ်တဲ့ စိတ်က လူကို လှပစေ ပါတယ် …။

(၅) ကျေးဇူးသိတတ်တဲ့ စိတ်ရှိခြင်း”

လူသားတစ်ယောက်အဖြစ် ရှင်သန်နေတဲ့အခါ ကျေးဇူးသိတတ်တဲ့စိတ် ရှိဖို့လည်း လိုအပ်ပါတယ်။ ကျေးဇူးသိတတ်ခြင်းက ကောင်းမွန်တဲ့စိတ်ကို ဖြစ်စေတာကြောင့် ရုပ်ရည်ကို ကြည်လင်စေပါတယ် …။

ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေအတွက် ကျေးဇူးတင်တာ၊ ကိုယ့်ဘေးနားက လူတွေအတွက် ကျေးဇူးတင်တာ၊ ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေအတွက် ကျေးဇူးတင်တာ အဲ့ဒီလို ကျေးဇူးတင်တဲ့စိတ်က လူတစ်ယောက်ကို အလိုလို ကြည့်ကောင်းနေစေပါတယ်နော် …။ ။

written by PP

Credit