Photo: Unsplash
Source: Kwee
Unicode version ဖြင့်ဖတ်ရန်
သင်ချမ်းသာချင်လျှင် ဒီနည်းလမ်း(၄)ခုပဲလုပ်ပါ….
“လူတစ်ယောက်ကို ချမ်းသာလာစေမယ့်အကျင့်(၄)မျိုး”
လူတစ်ယောက်ကို ချမ်းသာလာအောင် လုပ်ပေးနိုင်တဲ့ အရာဟာ လူတွေရဲ့ နေ့စဉ် အလုပ်ချိန်ဇယားထဲမှာ ရှိပါတယ် …။
အဲတာကြောင့် ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေကို အကောင်းဘက်ရောက်အောင် အမြဲပဲ တွန်းပို့နေကြရတာ ဖြစ်ပါတယ် …။
ဒီတစ်ခါမှာတော့ လူတစ်ယောက်ကို ချမ်းသာစေနိုင်မယ့် အကျင့်တစ်ချို့အကြောင်း ပြောပြပေး သွားမှာပါ …။
ဒီအချက်လေးနေ သိသွားရင် သင့်ရဲ့ဘဝ တိုးတက်အောင် ထောက်ပံ့ ပေးနိုင်မှာပဲ ဖြစ်ပါတယ်နော် …။
(၁) ကိုယ့်အတိုင်းအတာနဲ့ ကိုယ် နေထိုင်သုံးစွဲပါ…
ခြွေတာရေး အလေ့အကျင့်ဟာ ငွေကြေးအခက်အခဲကနေ လွတ်မြောက်ဖို့ အမြဲပဲ အထောက်အကူဖြစ်စေပါတယ် …။
ငွေကြောင့် ဘယ်သူ့ဆီမှ မျက်နှာအောက်ကျမခံချင်ရင် ကိုယ့်အသုံးစရိတ်ကို အမြဲ စိစစ်ပါ။ ငွေစုပါ။ နေရေးအတွက် ကိုယ့်လစာရဲ့ ၂၅% ထက် ပိုမသုံးဖို့ လိုအပ်ပါတယ် …။
အစားအသောက်အတွက် အများဆုံး ၁၅% ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပါးဖို့ လူမှုရေးကိစ္စအတွက် သုံးဖို့ ၁၀% ထက် မပိုဖို့ စသည်ဖြင့် စည်းကမ်းတကျ သတ်မှတ်ထားသင့်ပါတယ် …။
(၂) လောင်းကစားမလုပ်ပါနဲ့…
အပျော်အပါးလိုက်စားတာ ၊ လောင်းကစားလုပ်တာ နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုနည်းခြင်းဟာ ဆင်းရဲမယ့်လမ်းကို လိုက်နေတာ ဖြစ်ပါတယ် …။
ပိုက်ဆံအတော်ရှိတဲ့ သူတွေတောင် ဒီလိုအကျင့်ဆိုးတွေ ရှိနေရင် မကြာခင် ဒုက္ခရောက်သွားစေနိုင်ပါတယ် …။
(၃) ရင်းနှီးမြှပ်နှံမှု လုပ်ပါ…
ဝန်ထမ်းဘဝနဲ့ လစာကိုပဲ မှီခိုမနေဘဲ စီးပွားရေးလုပ်ငန်းလေးတွေမှာ ခြေချဖို့ ကြိုးစားပါ။ ကိုယ့်ဝင်ငွေထဲက တစ်လ ၁၀% နှုန်းကို လုပ်ငန်းစလုပ်ဖို့ စုဆောင်းထားသင့်ပါတယ် …။
သေချာတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံတာ ဖြစ်စေ ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးတွေ ထူထောင်ဖို့ ဖြစ်စေ ဒီငွေကို ပြန်အသုံးပြုနိုင်ပါတယ် …။
(၄) မိတ်ဆွေကောင်းတွေ ပေါင်းပါ…
ငွေမရှာခင် ကိုယ့်မှာ မိတ်ကောင်းဆွေကောင်းတွေ အရင်ရှိထားတာ ပိုကောင်းပါတယ်။ မိတ်ဆွေကောင်းတစ်ယောက်ဟာ သင့်ဘဝကို အကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့ အစွမ်းရှိပါတယ် …။
စစ်မှန်ကောင်းမွန်ပြီး အကျိုးလိုလားတဲ့ မိတ်ဆွေတွေကြောင့်ပဲ အခက်အခဲတွေ အလွယ်တကူ ကျော်လွှားနိုင်သလို ဘဝကိုလည်း တိုးတက်ကြီးပွားစေနိုင်လို့ ဖြစ်ပါတယ် …။
ကဲ ပရိတ်သတ်ကြီးလည်း ချမ်းသာစေနိုင်တဲ့ အချက်လေးတွေကိုသိပြီး ကြီးပွားချမ်းသာနိုင်ကြပါစေနော် …။ ။
Photo: Unsplash
Source: Kwee