စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
ထောပတ်သီး”
အုန်းဆီ”
ခရက်ဒစ်
Unicode Version ဖြင့်ဖတ်ရန်
ခြောက်သွေ့ပျက်စီးနေတဲ့ဆံကေသာကို ပြန်လည်ကျန်းမာသန်စွမ်းလာစေမယ့် အိမ်တွင်းနည်းလမ်းကောင်းများ
အားလုံးပဲ မင်္ဂလာပါ။ ဆံကေသာဆိုတာဟာ အမျိုးသမီးတွေအတွက်တော့ ဒုတိယ မျက်နှာလိုပါပဲ …။
ဒီလိုအရေးကြီးတဲ့ ဆံကေသာကို ထိန်းသိမ်းဖို့အတွက် ကောင်းမယ်ထင်တဲ့ အရာအားလုံးကို အသုံးပြုတတ်တာဟာ အမျိုးသမီးတွေရဲ့ သဘာဝပါ …။
ဒါပေမယ့် ဈေးကြီးပေးဝယ်ရပြီး ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ဆံကေသာပစ္စည်းတွေကို အသုံးပြုမယ့်အစား
သဘာဝကရတဲ့ ပစ္စည်းလေးတွေကို အသုံးပြုမယ်ဆိုရင်တော့ ရလဒ်တွေက ဘယ်လိုနည်းနဲ့မှ တူနိုင်မှာ မဟုတ်ပါဘူး …။
ဒါဆိုရင်တော့ မီးဖိုချောင်အတွင်းရှိ ဘယ်လိုပစ္စည်းလေးတွေက ကိုယ့်ရဲ့ ဆံကေသာကို အထောက်အကူဖြစ်စေမလဲဆိုတာ အခုပဲ ကြည့်လိုက် ကြရအောင်နော် …။
ထောပတ်သီး”
ကြိတ်ခြေထားတဲ့ ထောပတ်သီးအနှစ်ကို ပက်ပါမင့်ဆီအနည်းငယ်နဲ့ ရောစပ်ပါ။ ခေါင်းအရင်လျှော်ပြီး ခြောက်အောင်သုတ်ကာ ထောပတ်သီးအနှစ်ကို ခေါင်းမှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးနောက် ရေဆေးချပေးပါ …။
ဆံကေသာပျော့စင်းသွားပြီး ခြောက်သွေ့ ကြမ်းတမ်းမှုကို ခံစားရတော့မှာ မဟုတ်ပါဘူး …။
အုန်းဆီ”
အကယ်လို့ သင့်ဆံပင်က အခြားသူတွေထက် ပိုပြီးပါးတယ်ဆိုရင်တော့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီးနောက်မှာ အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းကို သုတ်လိမ်းပေးပါ …။
ခေါင်းမလျှော်ခင်မှာလည်း အသုံးပြုချင်တယ်ဆိုရင်တော့ အုန်းဆီလိမ်းပြီး ၁ နာရီမှ ၂ နာရီကြာပြီးနောက်မှာ ခေါင်းလျှော်ရည်ကိုသုံးပြီးတာ့ ခေါင်းလျှော်ပေးပါ …။
ငှက်ပျောသီးနှင့် သံလွင်ဆီ”
ငှက်ပျောသီးတစ်လုံးကို သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီး ပျစ်နှစ်တဲ့အထိ ကြိတ်ခြေလိုက်ပါ။ ရလာတဲ့အနှစ်ကို ဆံပင်နဲ့ ဦးရေပြားမှာ သုတ်လိမ်းပေးပါ။ နာရီဝက်ကြာပြီးရင်တော့ ခေါင်းလျှော်ရည်ကိုသုံးပြီးတော့ သေသေချာချာ ခေါင်းလျှော်ချ လိုက်ပါ …။
ရွှေဖရုံသီးနဲ့ ပျားရည်”
ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း ၂ဇွန်းကို ဖရုံသီးအနှစ်နဲ့ရောပြီး ဆံပင်နဲ့ဦးရေပြားမှာ သုတ်လိမ်းပေးပါ။ ပြီးနောက် ဆံပင်ကို Shower Cap နဲ့အုပ်ထားကာ ၁၅ မိနစ်ထားပြီး ရေဆေးချလိုက်ပါ။ ဒီအနှစ်ကိုတော့ ဆံပင်မှာသာမက မျက်နှာပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်နော် …။ ။
ခရက်ဒစ်