သူလဲ သူ႕အတၱနဲ႔သူ ေပ်ာ္ေနမွာျဖစ္လို႔ ကိုယ္လဲကိုယ့္ေမတၱာနဲ႔ကိုယ္ ေအးခ်မ္းစြာေနပါ

သူလဲ သူ႕အတၱနဲ႔သူ ေပ်ာ္ေနမွာျဖစ္လို႔ ကိုယ္လဲကိုယ့္ေမတၱာနဲ႔ကိုယ္ ေအးခ်မ္းစြာေနပါ

ကိုယ့္ေမတၱာနဲ႔ကိုယ္ ေအးခ်မ္းေနမွာပါ …။

အႏိုင္လိုခ်င္တဲ့ သူေတြကို ကြၽန္ေတာ္ အၿမဲ အ႐ႈံးေပး ခဲ့တယ္။ အထက္စီး ကပဲ ဆက္ဆံခ်င္ သူေတြကို ကြၽန္ေတာ္ အၿမဲ ေအာက္က်ိဳ႕ေပး ခဲ့တယ္ …။

ဘဝင္ျမင့္ေန တဲ့ သူေတြနဲ႔ေတြ႕ရင္ ကြၽန္ေတာ္ အၿမဲ ေခါင္းငုံ႔ေပး ထားတယ္ …။

လိမ္ညာ တတ္သူေတြနဲေတြ႕ရင္ မသိခ်င္ေယာင္ ေဆာင္ေပးထားတယ္ …။

အေျပာသန္တဲ့ သူေတြနဲ႔ ေတြ႕ရင္ ဆြံ အ သလိုမ်ိဳး ေနေပးလိုက္တယ္ …။

နားလည္မႈ မ႐ွိတဲ့ လူတစ္ခ်ိဳ႕ကို တက္ႏိုင္ သေလာက္ထိေတာ့ ႐ွင္းျပေပး တယ္ …။

သစၥာမ႐ွိတဲ့ လူတစ္ခ်ိဳ႕ကို အေကာင္းဆုံး လမ္းခြဲေပး လိုက္တယ္။ လူဆိုတာ ကိုယ္လုပ္တာအမွန္ ကိုယ္ေျပာတာ အဟုတ္ပဲ ထင္ေနၾကတာ မ်ားတယ္ …။

ကိုယ့္ဘက္က ေကာင္းဖို႔ထက္ ကိုယ့္အေပၚပဲ ေကာင္းဖို႔ ေမ်ာ္လင့္ ေနၾကတာ။ ဘာပဲျဖစ္ျဖစ္ေပါ့ ကိုယ့္ဘဝနဲ႔ ကိုယ္ အဆင္ေျပေအာင္ သာေနပါ …။

နားလည္မႈ ႐ွိတဲ့ သူေတြ ကိုယ္နဲ႔ ေပါင္းလိမ့္မယ္။ နားလည္မႈ မ႐ွိတဲ့ သူေတြ သူ႕လမ္း သူ သြား လိမ့္ မယ္ …။

မလိုအပ္ တာေတြကို သိပ္႐ွင္းျပ မေနနဲ႔။ မလိုအပ္ တာေတြကို တုျငင္းမေနနဲ႔။ မလိုအပ္ တာေတြနဲ႔ အခ်ိန္ကုန္မခံနဲ႔။ မလိုအပ္တဲ့ အရာေတြ သိပ္အေလးထား မေနပါနဲ႔ …။

မလိုအပ္တဲ့ သူေတြကို သိပ္ၿပီးေပးဆပ္ မေနနဲ႔။ မလိုအပ္တဲ့ သူေတြကို အရမ္းႀကီး ဖတ္တြယ္ မေနပါနဲ႔ …။

အတတ္ႏိုင္ဆုံးေတာ့ သည္းခံ ခြင့္လႊတ္ေပး ထားလိုတ္ပါ။ သူလည္း သူ႕အတၱနဲ႔သူ ေပ်ာ္ေနမွာျဖစ္သလို ကိုယ္လည္း ကိုယ့္ေမတၱာနဲ႔ကိုယ္ ေအးခ်မ္းေနမွာပါေနာ္ …။

အ႐ွင္ဇဝန (ေ႐ႊလင္းယုန္)

ခင္မင္ေလးစားလွ်က္ပါ။

Credit

Unicode Version ဖြင့်ဖတ်ရန်

သူလဲ သူ့အတ္တနဲ့သူ ပျော်နေမှာဖြစ်လို့ ကိုယ်လဲကိုယ့်မေတ္တာနဲ့ကိုယ် အေးချမ်းစွာနေပါ

ကိုယ့်မေတ္တာနဲ့ကိုယ် အေးချမ်းနေမှာပါ …။

အနိုင်လိုချင်တဲ့ သူတွေကို ကျွန်တော် အမြဲ အရှုံးပေး ခဲ့တယ်။ အထက်စီး ကပဲ ဆက်ဆံချင် သူတွေကို ကျွန်တော် အမြဲ အောက်ကျို့ပေး ခဲ့တယ် …။

ဘဝင်မြင့်နေ တဲ့ သူတွေနဲ့တွေ့ရင် ကျွန်တော် အမြဲ ခေါင်းငုံ့ပေး ထားတယ် …။

လိမ်ညာ တတ်သူတွေနဲတွေ့ရင် မသိချင်ယောင် ဆောင်ပေးထားတယ် …။

အပြောသန်တဲ့ သူတွေနဲ့ တွေ့ရင် ဆွံ အ သလိုမျိုး နေပေးလိုက်တယ် …။

နားလည်မှု မရှိတဲ့ လူတစ်ချို့ကို တက်နိုင် သလောက်ထိတော့ ရှင်းပြပေး တယ် …။

သစ္စာမရှိတဲ့ လူတစ်ချို့ကို အကောင်းဆုံး လမ်းခွဲပေး လိုက်တယ်။ လူဆိုတာ ကိုယ်လုပ်တာအမှန် ကိုယ်ပြောတာ အဟုတ်ပဲ ထင်နေကြတာ များတယ် …။

ကိုယ့်ဘက်က ကောင်းဖို့ထက် ကိုယ့်အပေါ်ပဲ ကောင်းဖို့ မျော်လင့် နေကြတာ။ ဘာပဲဖြစ်ဖြစ်ပေါ့ ကိုယ့်ဘဝနဲ့ ကိုယ် အဆင်ပြေအောင် သာနေပါ …။

နားလည်မှု ရှိတဲ့ သူတွေ ကိုယ်နဲ့ ပေါင်းလိမ့်မယ်။ နားလည်မှု မရှိတဲ့ သူတွေ သူ့လမ်း သူ သွား လိမ့် မယ် …။

မလိုအပ် တာတွေကို သိပ်ရှင်းပြ မနေနဲ့။ မလိုအပ် တာတွေကို တုငြင်းမနေနဲ့။ မလိုအပ် တာတွေနဲ့ အချိန်ကုန်မခံနဲ့။ မလိုအပ်တဲ့ အရာတွေ သိပ်အလေးထား မနေပါနဲ့ …။

မလိုအပ်တဲ့ သူတွေကို သိပ်ပြီးပေးဆပ် မနေနဲ့။ မလိုအပ်တဲ့ သူတွေကို အရမ်းကြီး ဖတ်တွယ် မနေပါနဲ့ …။

အတတ်နိုင်ဆုံးတော့ သည်းခံ ခွင့်လွှတ်ပေး ထားလိုတ်ပါ။ သူလည်း သူ့အတ္တနဲ့သူ ပျော်နေမှာဖြစ်သလို ကိုယ်လည်း ကိုယ့်မေတ္တာနဲ့ကိုယ် အေးချမ်းနေမှာပါနော် …။

အရှင်ဇဝန (ရွှေလင်းယုန်)

ခင်မင်လေးစားလျှက်ပါ။

Credit