(၁) သံလွင်ဆီ…
(၂) ရေချိုးတာ…
(၃) သကြား
(၄) နှင်းဆီအရိုင်းသီး…
(၅) ပျားရည်…
(၆) ဒန်းဆိုးဆေး…
(၇) ကြက်ဥ…
(၈) ဂေါ်ဖီရွက်…
ခရက်ဒစ်
Unicode Version ဖြင့်ဖတ်ရန်
ရှေးခေတ်အမျိုးသမီးတွေ သုံးခဲ့တဲ့ အလှအပ လျှို့ဝှက်ချက်များ…
ဒီနေ့လို အလှပြင်ပစ္စည်းတွေ မပေါ်သေးတဲ့ ဟိုးအရင်ခေတ်က အ မျိုးသမီးတွေ သုံးခဲ့တဲ့ အလှအပ လျှို့ဝှက်ချက်တွေ ရှိပါတယ်။အဲ့ ဒီ ထဲက တစ်ချို့ဟာဆိုရင် ဒီနေ့ထိ အသုံးဝင်နေစဲ ဖြစ်ပါတယ်။ ဒီနေ့ထိအသုံးဝင်နေတဲ့ ရှေးခေတ် အမျိုးသမီးတွေသုံးတဲ့ အလှအပထိပ်တန်း လျှို့ဝှက်ချက်တွေ ကတော့….
(၁) သံလွင်ဆီ…
ရှေးခေတ်က ဆိုရင် သံလွင်ဆီကို “ရွှေ” လို့တောင်တင်စားကြပါတယ်။ သံလွင်ဆီကို အသားအရေနဲ့ ဆံပင်အတွက် creams, ရှန်ပူနဲ့ ဆေးဖက်ဝင်ဆီမွှေးအဖြစ် အသုံးပြုခဲ့ကြပါတယ် . . .။
(၂) ရေချိုးတာ…
ရှေးခေတ်ရောမအမျိုးသမီးတွေဟာ ရေကို အကြာကြီး စိမ်ချိုး တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားတွေ ပြောရင်း ရေစိမ်ချိုးတာ၊ ရေနွေး၊ ရေအေးတို့ကို လဲပြီး ချိုးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ် . . .။
(၃) သကြား
သကြားကို အမွှေးချွတ်ပစ္စည်းတစ်ခု အဖြစ် ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာတည်းက သုံးလာခဲ့တာပါ။ တစ်ခါချွတ်ပြီးရင် တော်တော်လေး ခံတယ်လို့လည်း သိရပါတယ် . . .။
(၄) နှင်းဆီအရိုင်းသီး…
နှင်းဆီအရိုင်းသီးကို အသားအရေ နူးညံ့ပြီး မွှေးပျံ့နေဖို့ အတွက် အသုံးပြု ခဲ့ကြပါတယ် . . .။
(၅) ပျားရည်…
ဟိုးရှေးရှေးတည်းက ပျားရည်ကို အလှအပအတွက် သုံးလာခဲ့တာပါ။ ပျားရည်ကို မျက်နှာပေါ်မှာ လိမ်းပြီး ညင်သာစွာ နှိပ်နယ်ခဲ့ကြပါတယ် . . .။
(၆) ဒန်းဆိုးဆေး…
ဆံပင်တွေ ကျန်းမာသန်စွမ်းဖို့နဲ့ အရောင် ဆိုးဖို့အတွက် အသုံးပြု ခဲ့ကြပါတယ် . . .။
(၇) ကြက်ဥ…
ဟိုးအရင်တည်းက ကြက်ဥကို ဆံပင်သန်ဖို့ တောက်ပဖို့ အတွက် သုံးလာခဲ့တာ ဒီနေ့ အထိပါပဲ . . .။
(၈) ဂေါ်ဖီရွက်…
ဂေါ်ဖီရွက်ကိုတော့ အလှဆိုတာထက် ဆေးအဖြစ် သုံးတယ်လို့ ဆိုရမှာပါ။ ဂေါ်ဖီရွက်ကို ရင်သားမှာ ကပ်ပေးရင် နို့တိုက်မိခင်တွေ အနေနဲ့ ရင်သားနာကျင်တာ၊ ရောင်ရမ်းတာတွေကို သက်သေစေနိုင်ပါတယ်။ ရင်သားမှာ ဂေါ်ဖီရွက်ကို ဒီအတိုင်း ကပ်ထားလိုက်ရုံပါပဲ . . .။ ။
ခရက်ဒစ်