ခ်စ္တို႔ေရ ဘဝအတြက္လို႔ေတြးမိတဲ့သူေပၚလာရင္ေတာ့ ဒီေမးခြန္း(၅)ခုေမးၾကည့္ပါဦး…

ခ်စ္တို႔ေရ ဘဝအတြက္လို႔ေတြးမိတဲ့သူေပၚလာရင္ေတာ့ ဒီေမးခြန္း(၅)ခုေမးၾကည့္ပါဦး…

ဘဝအတြက္ ရည္႐ြယ္ထားသူနဲ႔ေတြ႕ရင္ ဒါေတြေမးၾကည့္ပါအံုးေနာ္ …။

သမီးရည္းစားထားတဲ့အခါ ဘဝအတြက္ရည္႐ြယ္ခ်က္ ၿပီးေတာ့ပဲ ရည္းစားျဖစ္တာခ်ည္းပါပဲ။ ဒါေပမယ့္လည္း တစ္ခါတေလ ရည္းစားအဆင့္နဲ႔ ဘဝဟာအဆုံးသတ္လိုက္ ၿပီး ဘဝလက္တြဲမယ့္ ဆိုတဲ့အဆင့္ကို မေရာက္တာေတြ႐ွိတတ္ၾကပါတယ္ …။

အဲဒီလိုမဟုတ္ပဲ ကိုယ့္ရင္ထဲစိတ္ထဲမွာ တကယ့္ကို လက္တြဲခ်င္စိတ္ လက္ထပ္ခ်င္စိတ္ ျဖစ္မိတဲ့သူလည္း႐ွိမွာပါ။ အဲဒီလို စိတ္ခံစားခ်က္ေတြ႐ွိေနတဲ့ သူနဲ႔ေတြ႕ရင္ေတာ့ ေမးၾကည့္ရမွာေတြ ႐ွိပါတယ္ …။

ကိုယ့္ကိုယ့္ကို ေမးရမွာေတြ႕႐ွိသလို သူကိုလည္းေမးပါေနာ္ …။

သူနဲ႔ဆိုရင္ စိတ္ခ်မ္းသာမွာေသခ်ာလား…?

ကိုယ့္ခ်စ္သူနဲ႔အတူေနရင္ေတာ့ စိတ္ခ်မ္သာမွာေပါ့လို႔ ေျပာမွာ ေသခ်ာပါတယ္။ ကိုယ့္ခ်စ္သူအေနနဲ႔ မဟုတ္ဘဲ လက္တြဲေဖာ္ အျဖစ္စဥ္းစားရမွာပါ။ သူနဲ႔တစ္သက္လုံး စိတ္ခ်မ္းသာမွာလား ဆိုတာ ေတြးပါ …။

သူရဲ႕အမူအက်င့္ေတြက ကိုယ့္ကို တကယ္ေပ်ာ္႐ႊင္ေစႏိုင္လားဆိုတာ ကိုယ့္ကိုယ္ကိုေမးပါ။ ကိုယ္ကေရာ တစ္သက္လုံးေပ်ာ္မလားေတြးဖို႔ လိုပါတယ္ …။

ခြင့္လႊတ္ႏိုင္လား…?

အိမ္ေထာင္ျပဳတယ္ဆိုတာ ခ်စ္သူဘဝနဲ႔ အမ်ားႀကီးျခားနားတယ္ဆိုတာ သိဖို႔လိုပါတယ္။ ကိုယ့္သူရဲ႕အျပဳအမူအက်င့္ေတြကို အကုန္လုံး ေသခ်ာသိၿပီလား၊ ဒါေတြကိုေရာ ခြင္႔လြတ္ႏိုင္လားဆိုတာပါ ေတြးပါ …။

ေသးေသးမႊားမႊားေလးက အစေပါ့။ ခ်စ္သူဘဝမို႔ အဆင္ေျပေအာင္ နားလည္ေပးတာမ်ိဳး မဟုတ္ဘဲနဲ႔ေပါ့။ ဘဝ လက္တြဲေဖာ္ဆိုရင္ေတာ့ ဒီလိုမ်ိဳးေတြကို နားလည္ခြင့္လြတ္ေပးႏိုင္မွ ျဖစ္မွာပါ …။

မိဘေတြ…

လက္တြဲတယ္ဆိုတာ သူနဲ႔ကိုယ့္ လက္ထပ္တာဆိုေပမယ့္ ႏွစ္ဖက္မိဘေတြကလည္း အထိုက္အေလ်ာက္ ေပါင္းစည္းရမွာပါ။ သူမိဘေတြကေရာ ကိုယ့္နဲ႔အဆင္ေျပမယ့္ လူမ်ိဳးလားဆိုတာပါ ထည့္ေတြးပါ …။

ညီအစ္ကိုေမာင္ႏွမေတြကေရာ ဘယ္လို႐ွိလဲဆိုတာ ထည့္စဥ္းစားၿပီး အဆင္ေျပႏိုင္လားဆိုတာ သူ႕ကိုပါ ေမးထားလို႔ရပါတယ္။ ေနာက္မွ ေမာင္ႏွမေတြေၾကာင့္ အဆင္မေျပ မျဖစ္ရေအာင္ပါေနာ္ …။

လက္ထပ္ၿပီးရင္…

ခ်စ္သူနဲ႔ေနရင္ ဘယ္လိုပဲျဖစ္ျဖစ္ ဆိုတာ ခ်စ္ေနတုန္း စိတ္ကူးယဥ္စကားေတြပါ။ လက္ထပ္ၿပီးရင္ ဘဝက အေျခက်ဖို႔ လိုပါတယ္ …။

အဲဒီအခါ ႏွစ္ဖက္မိဘေတြ ကိုယ္နဲ႔ေနမွာလား ေမာင္ႏွမေတြကို ေထာက္ပံေပးဖို႔လိုလား လက္ထပ္ၿပီးေနာက္ အစီအစဥ္ကို ကိုယ္တိုင္လည္း ဆြဲဖို႔လိုသလို သူ႕ကိုလည္းေတြးထားခိုင္းပါ။ ထပ္တူညီမွ်သာ ဘဝ လက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္ဖို႔ စဥ္းစားပါ …။

သူ႕ရဲ႕စိတ္သေဘာထား…

ကိုယ့္ကေတာ့ ဘဝ တြက္ရည္႐ြယ္ထားေပမယ့္ သူ႕ဘက္ကေတာ့ ဟုတ္ခ်င္မွ ဟုတ္မွာပါ။ ဒါကိုေမးၾကည့္ဖို႔ တီးေခါက္ၾကည့္ဖို႔လိုပါတယ္ …။

ကိုယ့္ခ်စ္သူလိမ္ေနလား ညာေနလားဆိုတာလည္းကိုယ္တိုင္ကပဲ အေျဖ႐ွာႏိုင္မွာပါ။ ဒါေၾကာင့္ သူဘက္က အေျခေနကိုလည္း သိေနပါေစေနာ္ …။ ။

Credit – Marry

Unicode Version ဖြင့်ဖတ်ရန်

ချစ်တို့ရေ ဘဝအတွက်လို့တွေးမိတဲ့သူပေါ်လာရင်တော့ ဒီမေးခွန်း(၅)ခုမေးကြည့်ပါဦး…

ဘဝအတွက် ရည်ရွယ်ထားသူနဲ့တွေ့ရင် ဒါတွေမေးကြည့်ပါအုံးနော် …။

သမီးရည်းစားထားတဲ့အခါ ဘဝအတွက်ရည်ရွယ်ချက် ပြီးတော့ပဲ ရည်းစားဖြစ်တာချည်းပါပဲ။ ဒါပေမယ့်လည်း တစ်ခါတလေ ရည်းစားအဆင့်နဲ့ ဘဝဟာအဆုံးသတ်လိုက် ပြီး ဘဝလက်တွဲမယ့် ဆိုတဲ့အဆင့်ကို မရောက်တာတွေရှိတတ်ကြပါတယ် …။

အဲဒီလိုမဟုတ်ပဲ ကိုယ့်ရင်ထဲစိတ်ထဲမှာ တကယ့်ကို လက်တွဲချင်စိတ် လက်ထပ်ချင်စိတ် ဖြစ်မိတဲ့သူလည်းရှိမှာပါ။ အဲဒီလို စိတ်ခံစားချက်တွေရှိနေတဲ့ သူနဲ့တွေ့ရင်တော့ မေးကြည့်ရမှာတွေ ရှိပါတယ် …။

ကိုယ့်ကိုယ့်ကို မေးရမှာတွေ့ရှိသလို သူကိုလည်းမေးပါနော် …။

သူနဲ့ဆိုရင် စိတ်ချမ်းသာမှာသေချာလား…?

ကိုယ့်ချစ်သူနဲ့အတူနေရင်တော့ စိတ်ချမ်သာမှာပေါ့လို့ ပြောမှာ သေချာပါတယ်။ ကိုယ့်ချစ်သူအနေနဲ့ မဟုတ်ဘဲ လက်တွဲဖော် အဖြစ်စဉ်းစားရမှာပါ။ သူနဲ့တစ်သက်လုံး စိတ်ချမ်းသာမှာလား ဆိုတာ တွေးပါ …။

သူရဲ့အမူအကျင့်တွေက ကိုယ့်ကို တကယ်ပျော်ရွှင်စေနိုင်လားဆိုတာ ကိုယ့်ကိုယ်ကိုမေးပါ။ ကိုယ်ကရော တစ်သက်လုံးပျော်မလားတွေးဖို့ လိုပါတယ် …။

ခွင့်လွှတ်နိုင်လား…?

အိမ်ထောင်ပြုတယ်ဆိုတာ ချစ်သူဘဝနဲ့ အများကြီးခြားနားတယ်ဆိုတာ သိဖို့လိုပါတယ်။ ကိုယ့်သူရဲ့အပြုအမူအကျင့်တွေကို အကုန်လုံး သေချာသိပြီလား၊ ဒါတွေကိုရော ခွင့်လွတ်နိုင်လားဆိုတာပါ တွေးပါ …။

သေးသေးမွှားမွှားလေးက အစပေါ့။ ချစ်သူဘဝမို့ အဆင်ပြေအောင် နားလည်ပေးတာမျိုး မဟုတ်ဘဲနဲ့ပေါ့။ ဘဝ လက်တွဲဖော်ဆိုရင်တော့ ဒီလိုမျိုးတွေကို နားလည်ခွင့်လွတ်ပေးနိုင်မှ ဖြစ်မှာပါ …။

မိဘတွေ…

လက်တွဲတယ်ဆိုတာ သူနဲ့ကိုယ့် လက်ထပ်တာဆိုပေမယ့် နှစ်ဖက်မိဘတွေကလည်း အထိုက်အလျောက် ပေါင်းစည်းရမှာပါ။ သူမိဘတွေကရော ကိုယ့်နဲ့အဆင်ပြေမယ့် လူမျိုးလားဆိုတာပါ ထည့်တွေးပါ …။

ညီအစ်ကိုမောင်နှမတွေကရော ဘယ်လိုရှိလဲဆိုတာ ထည့်စဉ်းစားပြီး အဆင်ပြေနိုင်လားဆိုတာ သူ့ကိုပါ မေးထားလို့ရပါတယ်။ နောက်မှ မောင်နှမတွေကြောင့် အဆင်မပြေ မဖြစ်ရအောင်ပါနော် …။

လက်ထပ်ပြီးရင်…

ချစ်သူနဲ့နေရင် ဘယ်လိုပဲဖြစ်ဖြစ် ဆိုတာ ချစ်နေတုန်း စိတ်ကူးယဉ်စကားတွေပါ။ လက်ထပ်ပြီးရင် ဘဝက အခြေကျဖို့ လိုပါတယ် …။

အဲဒီအခါ နှစ်ဖက်မိဘတွေ ကိုယ်နဲ့နေမှာလား မောင်နှမတွေကို ထောက်ပံပေးဖို့လိုလား လက်ထပ်ပြီးနောက် အစီအစဉ်ကို ကိုယ်တိုင်လည်း ဆွဲဖို့လိုသလို သူ့ကိုလည်းတွေးထားခိုင်းပါ။ ထပ်တူညီမျှသာ ဘဝ လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ စဉ်းစားပါ …။

သူ့ရဲ့စိတ်သဘောထား…

ကိုယ့်ကတော့ ဘဝ တွက်ရည်ရွယ်ထားပေမယ့် သူ့ဘက်ကတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါကိုမေးကြည့်ဖို့ တီးခေါက်ကြည့်ဖို့လိုပါတယ် …။

ကိုယ့်ချစ်သူလိမ်နေလား ညာနေလားဆိုတာလည်းကိုယ်တိုင်ကပဲ အဖြေရှာနိုင်မှာပါ။ ဒါကြောင့် သူဘက်က အခြေနေကိုလည်း သိနေပါစေနော် …။ ။

Credit – Marry