သဘာဝအတိုင္း ဆံပင္အရွည္ျမန္ေစမယ့္ နည္းလမ္း(၇)သြယ္…

သဘာဝအတိုင္း ဆံပင္အရွည္ျမန္ေစမယ့္ နည္းလမ္း(၇)သြယ္…

အမ်ိဳးသမီးေတြအေနနဲ႔ ဆံပင္အရွည္ထားခ်င္ေပမယ့္ ဆံပင္အရွည္ေႏွးေနလို႔ စိတ္ညစ္ေနရတတ္ပါတယ္ …။

ကၽြန္မတို႔ ေန႔စဥ္ထိေတြ႕အသုံးျပဳေနတဲ့ ဓါတုပစၥည္းေတြ၊ စားသုံးေနတဲ့ အစားအေသာက္ေတြဟာ ဆံေကသာေကာင္းျခင္း မေကာင္းျခင္းနဲ႔ သက္ဆိုင္ေနပါတယ္။ ဆံပင္အရွည္ေႏွးေနလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမတို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို မၽွေဝေပးလိုက္ရပါတယ္ …။

၁။ ဆံပင္တိဖို႔ မေမ့ပါနဲ႔”

ဆံပင္အရွည္ျမန္ ခ်င္ရင္ေတာ့ ဆံပင္တိဖို႔မေမ့ပါနဲ႔။ ၃ လ ၄ လကိုတစ္ ခါပဲျဖစ္ျဖစ္ ဆံပင္ကို မျဖစ္မေန တိေပးသင့္ပါတယ္။ ဒါမွ ဆံဖ်ား ႏွစ္ခြျဖစ္တာကို သက္သာေစၿပီး ဆံပင္အ ရွည္ျမန္ေစမွာ ျဖစ္ပါတယ္ …။

၂။ ေရေႏြးပူပူနဲ႔ ေခါင္းမေလၽွာ္ပါနဲ႔”

ေခါင္းကို ေရေအးနဲ႔ပဲေလၽွာ္ေပးပါ။ ေရေႏြးနဲ႔ ေခါင္းေလၽွာ္တာဟာ ဆံပင္ကၽြတ္ေစ တတ္ပါတယ္ …။

၃။ ေရမ်ားမ်ားေသာက္ပါ”

မနက္မိုးလင္းတိုင္း ေရေသာက္ၿပီး တစ္ေန႔တာလုံးကို အစျပဳသင့္ပါတယ္။ ေရဓါတ္ျဖည့္တင္းေနမွ ဆံပင္ေရာ အသားအေရေရာ သန္စြမ္းေကာင္းမြန္မွာပါ။ မဟုတ္ရင္ေတာ့ ဆံသားေျခာက္ေသြ႕ေနမွာပဲ ျဖစ္ပါတယ္ …။

၄။ ေခါင္းဘီးကို ေသခ်ာေရြးဝယ္ပါ”

ကိုယ့္ဆံပင္နဲ႔ အဆင္ေျပတဲ့ ေခါင္းဘီးကို ေရြးခ်ယ္ဝယ္ယူျပီး အသံုးျပဳသင့္ပါတယ္။ ၿပီးေတာ့ ေခါင္းကိုလည္း ဆံပင္ေရစိုေနတဲ့အခ်ိန္မွာ မၿဖီးပါနဲ႔။ ဆံပင္ေျခာက္ေနတဲ့အခ်ိန္မွသာ ၿဖီးေပးပါ …။

၅။ ဓါတုပစၥည္းမပါတဲ့ ေခါင္းေလၽွာ္ရည္သာ သုံးပါ”

Parabens, Sulphates, Silicone နဲ႔ SLS မပါတဲ့ ေခါင္းေလၽွာ္ရည္ေတြကို သုံးေပးပါ။ သစ္ဥသစ္ဖုေတြနဲ႔ လုပ္ထားတဲ့ ေခါင္းေလၽွာ္ရည္က အေကာင္းဆုံးပဲ ျဖစ္ပါတယ္ …။

၆။ အစားအေသာက္ကိုလည္း ဂ႐ုစိုက္ပါ”

က်န္းမာသန္စြမ္းတဲ့ ဆံေကသာရရွိပိုင္ဆိုင္ေစဖို႔အတြက္ အစားအေသာက္ကိုလည္း အဟာရညီညႊတ္မၽွတသြာစားေပးပါ။ လတ္ဆတ္တဲ့ အသီးအရြက္၊ငါး ႏြားနို႔ အခြံမာသီးေတြ စားေပးသင့္ပါတယ္။ သေရစာ အျမန္စားအစားအစာေတြ ေရွာင္ေပးပါ …။

၇။ ေခါင္းေန႔တိုင္းမေလၽွာ္ပါနဲ႔”

ေခါင္းေန႔တိုင္းေလၽွာ္တာ ေခါင္းပုံမွန္ေလၽွာ္တာဟာလည္း ဆံေကသာကို ပ်က္ဆီးေစပါတယ္။ ဥပမာ – ၂ ရက္ျခားတစ္ခါ ေလၽွာ္တာမ်ိဳးမဟုတ္ပဲ ၂ ရက္ေန ၁ ခါ ၃ ရက္ေန ၁ ခါေလာက္ ေလၽွာ္ေပးပါ …။ ။

Credit-Original

Unicode Version ဖြင့်ဖတ်ရန်

သဘာဝအတိုင်း ဆံပင်အရှည်မြန်စေမယ့် နည်းလမ်း(၇)သွယ်…

အမျိုးသမီးတွေအနေနဲ့ ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေရတတ်ပါတယ် …။

ကျွန်မတို့ နေ့စဉ်ထိတွေ့အသုံးပြုနေတဲ့ ဓါတုပစ္စည်းတွေ၊ စားသုံးနေတဲ့ အစားအသောက်တွေဟာ ဆံကေသာကောင်းခြင်း မကောင်းခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ရပါတယ် …။

၁။ ဆံပင်တိဖို့ မမေ့ပါနဲ့”

ဆံပင်အရှည်မြန် ချင်ရင်တော့ ဆံပင်တိဖို့မမေ့ပါနဲ့။ ၃ လ ၄ လကိုတစ် ခါပဲဖြစ်ဖြစ် ဆံပင်ကို မဖြစ်မနေ တိပေးသင့်ပါတယ်။ ဒါမှ ဆံဖျား နှစ်ခွဖြစ်တာကို သက်သာစေပြီး ဆံပင်အ ရှည်မြန်စေမှာ ဖြစ်ပါတယ် …။

၂။ ရေနွေးပူပူနဲ့ ခေါင်းမလျှော်ပါနဲ့”

ခေါင်းကို ရေအေးနဲ့ပဲလျှော်ပေးပါ။ ရေနွေးနဲ့ ခေါင်းလျှော်တာဟာ ဆံပင်ကျွတ်စေ တတ်ပါတယ် …။

၃။ ရေများများသောက်ပါ”

မနက်မိုးလင်းတိုင်း ရေသောက်ပြီး တစ်နေ့တာလုံးကို အစပြုသင့်ပါတယ်။ ရေဓါတ်ဖြည့်တင်းနေမှ ဆံပင်ရော အသားအရေရော သန်စွမ်းကောင်းမွန်မှာပါ။ မဟုတ်ရင်တော့ ဆံသားခြောက်သွေ့နေမှာပဲ ဖြစ်ပါတယ် …။

၄။ ခေါင်းဘီးကို သေချာရွေးဝယ်ပါ”

ကိုယ့်ဆံပင်နဲ့ အဆင်ပြေတဲ့ ခေါင်းဘီးကို ရွေးချယ်ဝယ်ယူပြီး အသုံးပြုသင့်ပါတယ်။ ပြီးတော့ ခေါင်းကိုလည်း ဆံပင်ရေစိုနေတဲ့အချိန်မှာ မဖြီးပါနဲ့။ ဆံပင်ခြောက်နေတဲ့အချိန်မှသာ ဖြီးပေးပါ …။

၅။ ဓါတုပစ္စည်းမပါတဲ့ ခေါင်းလျှော်ရည်သာ သုံးပါ”

Parabens, Sulphates, Silicone နဲ့ SLS မပါတဲ့ ခေါင်းလျှော်ရည်တွေကို သုံးပေးပါ။ သစ်ဥသစ်ဖုတွေနဲ့ လုပ်ထားတဲ့ ခေါင်းလျှော်ရည်က အကောင်းဆုံးပဲ ဖြစ်ပါတယ် …။

၆။ အစားအသောက်ကိုလည်း ဂရုစိုက်ပါ”

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာရရှိပိုင်ဆိုင်စေဖို့အတွက် အစားအသောက်ကိုလည်း အဟာရညီညွှတ်မျှတသွာစားပေးပါ။ လတ်ဆတ်တဲ့ အသီးအရွက်၊ငါး နွားနို့ အခွံမာသီးတွေ စားပေးသင့်ပါတယ်။ သရေစာ အမြန်စားအစားအစာတွေ ရှောင်ပေးပါ …။

၇။ ခေါင်းနေ့တိုင်းမလျှော်ပါနဲ့”

ခေါင်းနေ့တိုင်းလျှော်တာ ခေါင်းပုံမှန်လျှော်တာဟာလည်း ဆံကေသာကို ပျက်ဆီးစေပါတယ်။ ဥပမာ – ၂ ရက်ခြားတစ်ခါ လျှော်တာမျိုးမဟုတ်ပဲ ၂ ရက်နေ ၁ ခါ ၃ ရက်နေ ၁ ခါလောက် လျှော်ပေးပါ …။ ။

Credit-Original