မင္းကိုအဖက္မလုပ္တဲ့လူကိုမွ ႏွလံုးသားထဲထည့္ထားရတာ မပင္ပန္းဘူးလား…

မင္းကိုအဖက္မလုပ္တဲ့လူကိုမွ ႏွလံုးသားထဲထည့္ထားရတာ မပင္ပန္းဘူးလား…

သူ႕စိတ္ထဲမွာ မင္းကို ႐ွိတယ္လို႔ေတာင္ သတ္မွတ္မထားထားတဲ့ လူကိုမွ အေတြးထဲမွာ ထည့္ထားရတာ မပင္ပန္းဘူးလား …၊ အဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲထည့္ထားရတာ မြန္းၾကပ္ၿပီး ပူေလာင္မေနဘူးလား …၊ မင္းကိုယ္မင္း သနားညႇာတာ သင့္ပါၿပီ …။

သူ႕စိတ္နဲ႔ ကုန္လြန္ခဲ့တဲ့ ခ်ိန္ေတြကို လက္ခ်ိဳး ေရတြက္ၾကည့္ပါအံုးလား …၊ စားလည္း ဒီစိတ္ သြားလည္း ဒီစိတ္နဲ႔ မင္းဘဝရဲ႕ တန္ဖိုး႐ွိတဲ့အခ်ိန္ေတြကို အဲ့ဒီ စိတ္ေအာက္မွာပဲ ကုန္ဆံုးေစေတာ့မွာလား …၊

အဲ့ဒီ ခံစားခ်က္က မင္းတစ္ေယာက္ထဲ ခံစားဖူးတာမွ မဟုတ္တာကြာ လူတိုင္းခံ စားဖူးတာေပါ့။ ဒါေပမယ့္ လူတိုင္းေတာ့ မင္းလို ျဖစ္ မေနဘူး။ အရမ္းႀကီး စြဲလမ္းၿပီး ခံစားမေနပါဘူး။ အလြန္ဆံုး ခံစားရမွ အခ်ိန္အတိုင္းအတာ တစ္ခုအ ထိေပါ့ …။

ဒါ့ေၾကာင့္ မင္းရဲ႕ မရပ္ႏိုင္ေသးတဲ့ ႏွလံုးသားထဲက ႐ိႈက္သံေတြကို ျပည္ဖံုးကားခ် သင့္ပါၿပီ …။

မ်က္ရည္ေတြ သုတ္ လိုက္ပါေတာ့။ ငါတို႔တေတြ ရဲ႕ဘဝေလ်ွာက္ ရမယ့္လမ္း ၊ ႏႊဲရမယ့္ ဘဝတိုက္ ပြဲေတြ အမ်ားႀကီး႐ွိေသးတယ္ေလ သူငယ္ခ်င္း …။

ခုမွ အစ႐ွိပါေသးတယ္ကြာ။ ဘဝကို လြယ္လြယ္နဲ႔ လက္ေျမႇာက္ အ႐ွံုးေပးဖို ႔အတြက္ အေမက ေမြးခဲ့တာမွ မဟုတ္ဘဲ၊ အသက္နဲ႔ရင္းၿပီး ေမြးခဲ့တဲ့ အေမနဲ႔ ေကြၽးခဲ့တဲ့ အေဖ့ကို အားနာပါအံုး သူငယ္ခ်င္း …။

တန္ဖိုး႐ွိလွတဲ့ လူငယ္ဘဝရဲ႕ အခ်ိန္ေတြကို အက်ိဳးမဲ့တဲ့ လုပ္ရပ္ေတြေၾကာင့္ ကုန္ဆံုး မသြားေစခ်င္ဘူး …။

ေလ့လာသင္ ယူစရာေတြ မ်ားလွတဲ့ လူ႕ဘဝမွာ အစမ္းသပ္ခံ တခ်ိဳ႕ေၾကာင့္ နစ္မြန္းသြားတဲ့လူေတြ ႐ွိသလို ျဖစ္ထြန္းသြားတဲ့ လူေတြလည္း အမ်ားႀကီးပါ။ မင္းကိုေတာ့ နစ္မြန္းသြားတဲ့အထဲ မပါေစခ်င္ဘူး သူငယ္ခ်င္း …။ ။

Fighting

Thaw Lin Paing

Credit

Unicode Version ဖြင့်ဖတ်ရန်

မင်းကိုအဖက်မလုပ်တဲ့လူကိုမှ နှလုံးသားထဲထည့်ထားရတာ မပင်ပန်းဘူးလား…

သူ့စိတ်ထဲမှာ မင်းကို ရှိတယ်လို့တောင် သတ်မှတ်မထားထားတဲ့ လူကိုမှ အတွေးထဲမှာ ထည့်ထားရတာ မပင်ပန်းဘူးလား …၊ အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မွန်းကြပ်ပြီး ပူလောင်မနေဘူးလား …၊ မင်းကိုယ်မင်း သနားညှာတာ သင့်ပါပြီ …။

သူ့စိတ်နဲ့ ကုန်လွန်ခဲ့တဲ့ ချိန်တွေကို လက်ချိုး ရေတွက်ကြည့်ပါအုံးလား …၊ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်နဲ့ မင်းဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အဲ့ဒီ စိတ်အောက်မှာပဲ ကုန်ဆုံးစေတော့မှာလား …၊

အဲ့ဒီ ခံစားချက်က မင်းတစ်ယောက်ထဲ ခံစားဖူးတာမှ မဟုတ်တာကွာ လူတိုင်းခံ စားဖူးတာပေါ့။ ဒါပေမယ့် လူတိုင်းတော့ မင်းလို ဖြစ် မနေဘူး။ အရမ်းကြီး စွဲလမ်းပြီး ခံစားမနေပါဘူး။ အလွန်ဆုံး ခံစားရမှ အချိန်အတိုင်းအတာ တစ်ခုအ ထိပေါ့ …။

ဒါ့ကြောင့် မင်းရဲ့ မရပ်နိုင်သေးတဲ့ နှလုံးသားထဲက ရှိုက်သံတွေကို ပြည်ဖုံးကားချ သင့်ပါပြီ …။

မျက်ရည်တွေ သုတ် လိုက်ပါတော့။ ငါတို့တတွေ ရဲ့ဘဝလျှောက် ရမယ့်လမ်း ၊ နွှဲရမယ့် ဘဝတိုက် ပွဲတွေ အများကြီးရှိသေးတယ်လေ သူငယ်ချင်း …။

ခုမှ အစရှိပါသေးတယ်ကွာ။ ဘဝကို လွယ်လွယ်နဲ့ လက်မြှောက် အရှုံးပေးဖို့အတွက် အမေက မွေးခဲ့တာမှ မဟုတ်ဘဲ၊ အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ အမေနဲ့ ကျွေးခဲ့တဲ့ အဖေ့ကို အားနာပါအုံး သူငယ်ချင်း …။

တန်ဖိုးရှိလှတဲ့ လူငယ်ဘဝရဲ့ အချိန်တွေကို အကျိုးမဲ့တဲ့ လုပ်ရပ်တွေကြောင့် ကုန်ဆုံး မသွားစေချင်ဘူး …။

လေ့လာသင် ယူစရာတွေ များလှတဲ့ လူ့ဘဝမှာ အစမ်းသပ်ခံ တချို့ကြောင့် နစ်မွန်းသွားတဲ့လူတွေ ရှိသလို ဖြစ်ထွန်းသွားတဲ့ လူတွေလည်း အများကြီးပါ။ မင်းကိုတော့ နစ်မွန်းသွားတဲ့အထဲ မပါစေချင်ဘူး သူငယ်ချင်း …။ ။

Fighting

Thaw Lin Paing

Credit