စနေသားသမီးလေးတွေ အကြောင်းတစေ့တစောင်း…
Credit
စနေသားသမီးတွေက လူ့ဘဝကို စရောက်ပီ ဆို ကတည်းက စိတ်ကြီး တတ်ကြပါတယ်။
ဒေါသဖြစ်ပီ ဆိုရင်လည်း အရာဝတ္ထု တစ်ခုခုနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တတ်တယ်(အများစုတော့ မဟုတ်ပါ) …။
ပြောချင်တဲ့ စကားကို သွယ်ဝိုက် မပြောတတ်ပဲ တိုက်ရိုက် ပွင့်ပွင့်လင်းလင်းသာ ပြောတတ်တယ် …။
အစွဲအလန်းကြီးတယ်။ အမှတ်တရတွေကို သတိရနေ တတ်တယ်။ ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ် ကြဘူး။ ဒေါသကြီးရင် လည်း သူများနဲ့ မတူအောင်ပါပဲ …။
စိတ်ကြီးတယ် မဟုတ်မခံ တတ်ဘူး။ အချိန်ခနလေးနဲ့ ဒေါသ အရမ်းထွက်တတ်ပေမယ့် ဟုန်းခနဲထတောက်တဲ့မီးလိုဒေါသတွေ ကခနပဲ ကြာကြာတော့ စိတ်ထဲ မထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ် …။
သနားတတ်တဲ့ စိတ်ထားရှိကြပါတယ်။ မျက်နှာတည် ပီးရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့ စိတ်ထား အပြည့်အဝ ရှိတယ် အနေအေးပေမယ့် ကိုယ့်ကို လာခင်တဲ့ လူတွေနဲ့ဆို ဖော်ရွေစွာနေ တတ်ပါတယ် …။
သူငယ်ချင်းတွေရဲ့ အချစ်ခင်မင်မှုတွေကိုလည်း လိုချင်ကြ တယ် မိသားစုတွေရဲ့ဂရုစိုက်မှုကိုခံချင်ကြတာလည်း စနေပါ။ စိတ်ဆိုးနေရင် မျိုသိပ် မထားတတ်ဘူး။ ဖွင့်ပြောမိတတ်တယ် …။
ပြောပီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန် စဉ်းစားတတ်ပီး စိတ်မကောင်းဖြစ်နေတတ်တာလည်း စနေပါပဲ။ ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ရန်ဖြစ်ပီးမခေါ်ကြရင် ကိုယ်က ဘယ်တော့မှ အရင်စ မခေါ်ချင်ကြဘူး။ မာနအိုးလေး တွေပါ။ သူ့ဘက်က စခေါ်ပီဆိုရင်လည်း သူ့ထက်၂ ဆ ခင်မင်ပြတတ်တယ် …။
ခင်ရတဲ့ သူတွေကို ကိစ္စတွေတိုင်း မ ပြောပြတတ်ဘူး။ အချို့သော အရာတွေကို လျှို့ဝှက်ထားတတ်တယ်။ ကိုယ်လုပ်တဲ့ကိစ္စတွေတိုင်း ကို လက်ကြောတင်းအောင် အကောင်းဆုံးလုပ်ကြပါတယ် …။
ကိုယ်လုပ်ထားတဲ့အရာတွေကို အကောင်းပြောလည်း ခံချင်ကြပါတယ်။ သီချင်းတွေ ဒဏ္ဍရီစိတ်ကူးယဉ်ဆန် ဆန်တွေကို နှစ်သက်ကြတယ်။ တခါတလေ တယောက်ထဲ ရှိရင် သီချင်းတွေ ညည်းနေတတ်တယ် …။
အိမ်မက်တွေ ကိုလည်း အမျိုးမျိုး အထအနကောက် တတ်ကြတယ်။ အမျှော်အမြင်ကြီးတယ်။ တိုးတက် ချင်တဲ့ စိတ်တွေ အင်မတန်ရှိတယ်။ စိတ်သဘော ထားကောင်း တတ်ကြတာစနေပါ။ အချက်အလက် အကိုးအကားတွေ မှန်ရင် လွတ်လပ်စွာ ရှဲလိုက်ပါနော် …။ ။
Credit
Unicode Version ဖြင့်ဖတ်ရန်