ထူးထူးဆန္းဆန္း သေႏၶတားေဆးတံကို ဆုပ္ကိုင္ထားလ်က္ျဖင့္ ေမြးဖြားလာခဲ့တဲ့ ကေလးငယ္

ထူးထူးဆန္းဆန္း သေႏၶတားေဆးတံကို ဆုပ္ကိုင္ထားလ်က္ျဖင့္ ေမြးဖြားလာခဲ့တဲ့ ကေလးငယ္

ဒီတစ္ေခါက္အျဖစ္အပ်က္ကေတာ့ ကိုယ္ဝန္ထပ္မရေအာင္ တားျမစ္ၾကတဲ့ အမ်ိဳးသမီးေတြအတြက္ကေတာ့ အေတာ္ေလးတုန္လႈပ္ေစမယ္႔ အျဖစ္လို႔ေျပာရမွာပါပဲ …။

ဗီယက္နမ္ႏိုင္ငံေျမာက္ပိုင္း Hai Phong ၿမိဳ႕က ေဆးရံုမွာ မိခင္ျဖစ္သူခႏၶာကိုယ္ထဲထဲသြင္းထားတဲ့ သေႏၶတားေဆးတံနဲ႔အတူ ကေလးငယ္တစ္ေယာက္ ေမြးဖြားလာခဲ့ပါတယ္ …။

ကေလးငယ္ရဲ႕မိခင္ဟာ အသက္ 34ႏွစ္အရြယ္႐ွိေနၿပီျဖစ္ၿပီး ၊ ကေလး 2 ေယာက္ရဲ႕မိခင္လည္းျဖစ္ေနၿပီျဖစ္လို႔ လြန္ခဲ့တဲ့ 2ႏွစ္ကတည္းက သေႏၶတားေဆးတံကို ထည့္ခဲ့တာျဖစ္ပါတယ္ …။

အမွန္တကယ္ေတာ့ ကေလးငယ္ဟာ သေႏၶတားေဆးတံကိုဆုပ္ကိုင္ၿပီး ေမြးဖြားလာခဲ့တာ မဟုတ္မွန္ေၾကာင္း သို႔ေပမဲ့ေမြးဖြားခ်ိန္မွာ ကေလးငယ္ႏွင့္အတူ သေႏၶတားေဆးတံက ထြက္လာခဲ့တာ ျဖစ္ပါတယ္ …။

ထို႔ေၾကာင့္ သားဖြားဆရာဝန္ကလည္း ကေလးငယ္ ႏွင့္ သေႏၶတားေဆးတံကိုအတူ ဓာတ္ပံု႐ိုက္ဖို႔စိတ္ကူးရလာခဲ့တာျဖစ္ပါတယ္။ သို႔ေပမဲ့လည္း မထင္မွတ္ထားေလာက္ေအာင္

သေႏၶတားေဆးတံဆုပ္ကိုင္ထားတဲ့ ေမြးကင္းစကေလးငယ္ရဲ႕ဓာတ္ပံုဟာ အေတာ္ေလး လူစိတ္ဝင္စားမႈကို ရ႐ွိသြားခဲ့ပါတယ္ …။

ကေလးငယ္မွာ က်န္းမာစြာေမြးဖြားလာခဲ့တဲ့အျပင္ ၊ ေပါင္ခ်ိန္ 7 ေပါင္ခန္႔႐ွိေၾကာင္းလည္းသိ႐ွိရပါတယ္ ။ ထို႔အျပင္ ကေလးငယ္ရဲ႕မိခင္ကထပ္ၿပီး ” သေႏၶတားျခင္း က်႐ႈံးသြားတယ္ ” ဆိုတဲ့ စာသားေလးနဲ႔အတူ

ကေလးငယ္ရဲ႕ဓာတ္ပံုကိုထပ္မံေဝမ်ွခဲ့တဲ့အတြက္ လူအေတာ္အမ်ားက ကေလးငယ္ဟာ အဆိုပါသေႏၶတားေဆးတံကို ဆုပ္ကိုင္ၿပီးေမြးဖြားလာခဲ့တာဆိုၿပီး အမွန္တကယ္ကို ထင္သြားခဲ့ၾကတာပဲ ျဖစ္ပါတယ္ …။ ။

Jasmine (Mckzone Daily)

Source:Metro

Unicode Version

ထူးထူးဆန်းဆန်း သန္ဓေတားဆေးတံကို ဆုပ်ကိုင်ထားလျက်ဖြင့် မွေးဖွားလာခဲ့တဲ့ ကလေးငယ်

ဒီတစ်ခေါက်အဖြစ်အပျက်ကတော့ ကိုယ်ဝန်ထပ်မရအောင် တားမြစ်ကြတဲ့ အမျိုးသမီးတွေအတွက်ကတော့ အတော်လေးတုန်လှုပ်စေမယ့် အဖြစ်လို့ပြောရမှာပါပဲ …။

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Hai Phong မြို့က ဆေးရုံမှာ မိခင်ဖြစ်သူခန္ဓာကိုယ်ထဲထဲသွင်းထားတဲ့ သန္ဓေတားဆေးတံနဲ့အတူ ကလေးငယ်တစ်ယောက် မွေးဖွားလာခဲ့ပါတယ် …။

ကလေးငယ်ရဲ့မိခင်ဟာ အသက် 34နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၊ ကလေး 2 ယောက်ရဲ့မိခင်လည်းဖြစ်နေပြီဖြစ်လို့ လွန်ခဲ့တဲ့ 2နှစ်ကတည်းက သန္ဓေတားဆေးတံကို ထည့်ခဲ့တာဖြစ်ပါတယ် …။

အမှန်တကယ်တော့ ကလေးငယ်ဟာ သန္ဓေတားဆေးတံကိုဆုပ်ကိုင်ပြီး မွေးဖွားလာခဲ့တာ မဟုတ်မှန်ကြောင်း သို့ပေမဲ့မွေးဖွားချိန်မှာ ကလေးငယ်နှင့်အတူ သန္ဓေတားဆေးတံက ထွက်လာခဲ့တာ ဖြစ်ပါတယ် …။

ထို့ကြောင့် သားဖွားဆရာဝန်ကလည်း ကလေးငယ် နှင့် သန္ဓေတားဆေးတံကိုအတူ ဓာတ်ပုံရိုက်ဖို့စိတ်ကူးရလာခဲ့တာဖြစ်ပါတယ်။ သို့ပေမဲ့လည်း မထင်မှတ်ထားလောက်အောင်

သန္ဓေတားဆေးတံဆုပ်ကိုင်ထားတဲ့ မွေးကင်းစကလေးငယ်ရဲ့ဓာတ်ပုံဟာ အတော်လေး လူစိတ်ဝင်စားမှုကို ရရှိသွားခဲ့ပါတယ် …။

ကလေးငယ်မှာ ကျန်းမာစွာမွေးဖွားလာခဲ့တဲ့အပြင် ၊ ပေါင်ချိန် 7 ပေါင်ခန့်ရှိကြောင်းလည်းသိရှိရပါတယ် ။ ထို့အပြင် ကလေးငယ်ရဲ့မိခင်ကထပ်ပြီး ” သန္ဓေတားခြင်း ကျရှုံးသွားတယ် ” ဆိုတဲ့ စာသားလေးနဲ့အတူ

ကလေးငယ်ရဲ့ဓာတ်ပုံကိုထပ်မံဝေမျှခဲ့တဲ့အတွက် လူအတော်အများက ကလေးငယ်ဟာ အဆိုပါသန္ဓေတားဆေးတံကို ဆုပ်ကိုင်ပြီးမွေးဖွားလာခဲ့တာဆိုပြီး အမှန်တကယ်ကို ထင်သွားခဲ့ကြတာပဲ ဖြစ်ပါတယ် …။ ။

Jasmine (Mckzone Daily)

Source:Metro