တခ်ိဳ႕မိန္းကေလးေတြက် အရမ္းကံေကာင္းတယ္
တခ်ိဳ႕မိန္းကေလးေတြက် အရမ္းကံေကာင္းတယ္ သိပ္မေခ်ာလည္း သူ႕ေကာင္ေလးက ၾကင္ၾကင္နာနာခ်စ္တယ္ ေဝးေနတဲ့အခ်ိန္လည္း သစၥာမပ်က္ဘူး
အသည္းကြဲတယ္ဆိုတဲ့ ေဝဒနာလည္း မခံစားဖူးဘူး အရင္ဆုံး ခ်စ္မိတဲ့သူနဲ႔ပဲ လက္ထပ္ၿပီး ဘဝကို ႐ိုးေျမက် အတူျဖတ္သန္းခြင့္ရတယ္
ကိုယ့္ေကာင္မေလး ကိုယ့္ေၾကာင့္ေပ်ာ္ေနရတာကိုပဲ တစိမ့္စိမ့္ၾကည့္ၿပီး ေက်နပ္ေနတတ္တာ ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ေနၿပီး ကိုယ့္ခ်စ္သူကို စိတ္မပူေစတာ သံသယမမ်ားေစတာ
သူ႕အတြက္ဆိုတာထက္ ကိုယ့္အတြက္ဆိုတာမ်ိဳးပဲအၿမဲျဖည့္ဆည္းေပးခ်င္တာ မိန္းမေတြ အမ်ားႀကီး႐ွိတဲ့အထဲမွာမွ ကိုယ့္ေကာင္မေလးကိုပဲ ကိုယ့္ရဲ႕လက္တြဲေဖာ္လို႔ သတ္မွတ္ထားတာ
အဲ့လိုေယာက်္ားမ်ိဳးကို ပိုင္ဆိုင္ခြင့္ရတဲ့ မိန္းကေလးက သိပ္ကံေကာင္းတာပဲ
ေလာကမွာ ပိုက္ဆံေတြ အမ်ားႀကီး႐ွိၿပီး အသည္းကြဲလို႔ ထင္ရာစိုင္းေနတဲ့ မိန္းမေတြလည္း ျမင္ဖူးတယ္ ဘြဲ႕ထူးဂုဏ္ထူးေတြနဲ႔ ေအာင္ျမင္ေနေပမယ့္
ညအိပ္ယာဝင္ခ်ိန္တိုင္း အခ်စ္ေၾကာင့္ ပူေလာင္ၿပီး ငိုေနရတဲ့ မိန္းမေတြလည္း ေတြ႕ဖူးတယ္
ခ်စ္တတ္ေနသေ႐ြ႕ေတာ့ အခ်စ္က အေရးမႀကီးဘူးလို႔ ေျပာလို႔မရဘူး အခ်စ္ဆိုတာထက္ ကိုယ့္ရဲ႕လက္တြဲေဖာ္ေပါ့ ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈက ကိုယ့္ရဲ႕ခ်စ္သူအေပၚမွာ မူတည္သြားၿပီေလ
ကိုယ္မွ မခ်စ္ပဲမေနႏိုင္တာကိုး သူေပ်ာ္ေအာင္ထားရင္ ေပ်ာ္ရမယ္ သူနာက်င္ေအာင္လုပ္ရင္ ငိုရမယ္ဘာပဲျဖစ္ျဖစ္ ကိုယ့္လက္ကို တႀကိမ္ဆုပ္ကိုင္ဖူးတာနဲ႔
ဘယ္ေတာ့မွ လႊတ္မခ်ေတာ့ဘူးဆိုၿပီး ေခါင္းမာတတ္တဲ့ ခ်စ္သူမ်ိဳးသာ႐ွိရင္ ကိုယ့္အသည္းလည္း ကြဲစရာမလိုေတာ့ဘူးေပါ့
Credit
Unicode
တချို့မိန်းကလေးတွေကျ အရမ်းကံကောင်းတယ်
တချို့မိန်းကလေးတွေကျ အရမ်းကံကောင်းတယ် သိပ်မချောလည်း သူ့ကောင်လေးက ကြင်ကြင်နာနာချစ်တယ် ဝေးနေတဲ့အချိန်လည်း သစ္စာမပျက်ဘူး
အသည်းကွဲတယ်ဆိုတဲ့ ဝေဒနာလည်း မခံစားဖူးဘူး အရင်ဆုံး ချစ်မိတဲ့သူနဲ့ပဲ လက်ထပ်ပြီး ဘဝကို ရိုးမြေကျ အတူဖြတ်သန်းခွင့်ရတယ်
ကိုယ့်ကောင်မလေး ကိုယ့်ကြောင့်ပျော်နေရတာကိုပဲ တစိမ့်စိမ့်ကြည့်ပြီး ကျေနပ်နေတတ်တာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေပြီး ကိုယ့်ချစ်သူကို စိတ်မပူစေတာ သံသယမများစေတာ
သူ့အတွက်ဆိုတာထက် ကိုယ့်အတွက်ဆိုတာမျိုးပဲအမြဲဖြည့်ဆည်းပေးချင်တာ မိန်းမတွေ အများကြီးရှိတဲ့အထဲမှာမှ ကိုယ့်ကောင်မလေးကိုပဲ ကိုယ့်ရဲ့လက်တွဲဖော်လို့ သတ်မှတ်ထားတာ
အဲ့လိုယောက်ျားမျိုးကို ပိုင်ဆိုင်ခွင့်ရတဲ့ မိန်းကလေးက သိပ်ကံကောင်းတာပဲ
လောကမှာ ပိုက်ဆံတွေ အများကြီးရှိပြီး အသည်းကွဲလို့ ထင်ရာစိုင်းနေတဲ့ မိန်းမတွေလည်း မြင်ဖူးတယ် ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ အောင်မြင်နေပေမယ့်
ညအိပ်ယာဝင်ချိန်တိုင်း အချစ်ကြောင့် ပူလောင်ပြီး ငိုနေရတဲ့ မိန်းမတွေလည်း တွေ့ဖူးတယ်
ချစ်တတ်နေသရွေ့တော့ အချစ်က အရေးမကြီးဘူးလို့ ပြောလို့မရဘူး အချစ်ဆိုတာထက် ကိုယ့်ရဲ့လက်တွဲဖော်ပေါ့ ကိုယ့်ရဲ့ပျော်ရွှင်မှုက ကိုယ့်ရဲ့ချစ်သူအပေါ်မှာ မူတည်သွားပြီလေ
ကိုယ်မှ မချစ်ပဲမနေနိုင်တာကိုး သူပျော်အောင်ထားရင် ပျော်ရမယ် သူနာကျင်အောင်လုပ်ရင် ငိုရမယ်ဘာပဲဖြစ်ဖြစ် ကိုယ့်လက်ကို တကြိမ်ဆုပ်ကိုင်ဖူးတာနဲ့
ဘယ်တော့မှ လွှတ်မချတော့ဘူးဆိုပြီး ခေါင်းမာတတ်တဲ့ ချစ်သူမျိုးသာရှိရင် ကိုယ့်အသည်းလည်း ကွဲစရာမလိုတော့ဘူးပေါ့
Credit