ေခါင္းခဏခဏ မူးေနတာ ဘာေၾကာင့္မ်ားလဲ
ေခါင္းမူးတယ္၊ မိုက္ခနဲမိုက္ခနဲ ျဖစ္တယ္၊ လွိုင္းစီးသလိုပဲ မူးေနတာ စသည္ျဖင့္ ေခါင္း မူးတာကို အမ်ိဳးမ်ိဳးပုံစံနဲ႔ ခံစားရတတ္ပါတယ္။
အထူး သျဖင့္ ခရီးသြားရင္ ေခါင္းမူးတတ္တဲ့လူေတြဆိုလည္း သူတို႔ဘာသာ ေတာ္ေတာ္စိတ္ညစ္ရပါတယ္။
တခ်ိဳ႕ ဆိုရင္ ဒဏ္မခံနိုင္လို႔ ခရီးေဝးေဝးလံလံကားစီးရမယ္ ဆိုရင္ ေခါင္းမူးမွာ၊ အန္မွာစိုးၿပီး မသြားဘဲေနရတာမ်ိဳး ေတာင္ ရွိတတ္ပါတယ္။
ဒီေတာ့ ေခါင္းမူးတာဟာ လူေတာ္ေတာ္မ်ားမ်ားကို စိတ္ဒုကၡျဖစ္ေစတဲ့ လကၡဏတစ္ခု လို႔ ဆိုၾကရမွာပါ။
ဒါေပမဲ့ လူေတာ္ေတာ္မ်ားမ်ားေၾကာက္တာ ကေတာ့ ေခါင္း ဘာေၾကာင့္ မူးမူးေနလဲဆိုတဲ့အခ်က္ ပါ။
ရံဖန္ရံခါမူးတဲ့လူဆိုရင္ေတာ့ သိပ္သတိမထားမိေပ မယ့္ မၾကာခဏမူးလာၿပီဆိုရင္ေတာ့ ကိုယ့္ဦးေခါင္းထဲ မွာ ေရာဂါေတြ ႀကီးႀကီးမားမားဆိုးဆိုးရြားရြားျဖစ္ေန
ၿပီလားဆိုတဲ့ခံစားခ်က္ေၾကာင့္ စိုးရိမ္ထိတ္လန္႔ရတာမ်ိဳး ျဖစ္ၾကတာပါပဲ။ ဒါေပမဲ့လည္း ေခါင္းမူးရတာဟာ အေၾကာင္းရင္းမ်ားစြာရွိနိုင္ပါတယ္။
အားလုံးဟာ လူေတာ္ ေတာ္မ်ားမ်ားထင္သလို ႀကီးႀကီးမားမားေရာဂါဇာစ္ျဖစ္ေၾကာင့္ေတာ့ အခ်ိန္တိုင္း မဟုတ္နိုင္ပါဘူး။ ဒါေၾကာင့္ ေလ့လာၾကည့္ၾကရမယ္ဆိုရင္ေတာ့ –
၁) ခႏၶာကိုယ္ရဲ့လွုပ္ရွားသြားလာမွုမွာ ဟန္ခ်က္ညီတဲ့ Balance ဆိုတာဟာ အင္မတန္အေရးပါပါတယ္။ ဒီလို ဟန္ခ်က္ညီညီသြားလာေနထိုင္နိုင္ဖို႔အတြက္ ဦးေႏွာက္ Brain Stem ကေန ထိန္းခ်ဳပ္ေပးထားေလ့ရွိပါတယ္။
ဒါ့အျပင္ အေရးပါတာကေတာ့ နားတစ္ဖက္စီရဲ့အတြင္း မွာရွိတဲ့ Labyrinth ေခၚတဲ့အပိုင္းပဲျဖစ္ပါတယ္။ Labyrinth ဆိုတဲ့ နားအတြင္းပိုင္းမွာရွိတဲ့ေနရာမွာ အရည္ေတြစီး ဆင္းဖို႔ လမ္းေၾကာင္းေလးေတြရွိၿပီး ေခါင္းလွည့္တာ၊
ေစာင္းတာစတဲ့ ေခါင္းလွုပ္ရွားမႈေတြနဲ႔အတူ အဲဒီအ ရည္ေတြဟာ လိုက္ေရြ႕လ်ားတတ္ပါတယ္။
အဲဒီအရည္ ေလးေတြ ဘယ္လိုစီးဆင္းတယ္ဆိုတဲ့ ပုံစံအေနအထား ေပၚလိုက္ၿပီးမွ ဦးေႏွာက္အနာ က လိုအပ္သ လို ဟန္ခ်က္ျပန္ထိန္းေပးၾကရတာပါ။
ဒါေၾကာင့္ ခ်ာခ်ာ လည္ေအာင္ေခါင္းမူးတယ္ဆိုတာဟာ အဲဒီလို နားအ တြင္းပိုင္းနဲ႔ ဦးေႏွာက္ဟန္ခ်က္ညီညီ လွုပ္ရွားမွုအခ်ိတ္ အဆက္ တစ္ခါတစ္ခါမွာ ပုံစံမဝင္တာ၊ တစ္နည္းအား ျဖင္႔ ေအာက္ေနတာဆိုတဲ့အေၾကာင္းေၾကာင့္ ျဖစ္တတ္ပါတယ္။
ဒီလိုလူမ်ိဳးေတြဟာ လွုပ္ရွားမွုလုပ္ ရင္ ပိုမူးလာတတ္ၿပီး အထူးသျဖင့္ အိပ္ရာထဲမွာ ဟိုဘက္ ေစာင္း၊ ဒီဘက္ေစာင္းလုပ္လိုက္လို႔ ခ်ာခ်ာလည္သလို မူးတတ္တာမ်ိဳးျဖစ္ပါတယ္ဆိုၿပီး ေျပာတတ္ၾကပါတယ္။
၂) ေသြးအားနည္းေနတဲ့သူေတြ တစ္ခါတေလ မူးခနဲ မိုက္ခနဲျဖစ္တတ္တာမ်ိဳးရွိပါတယ္။ ဒါေပမဲ့ ေခါင္းမူး တယ္ဆိုၿပီး တစ္မ်ိဳးတည္းျဖစ္တာထက္ ရင္တုန္တာ၊ ေမာတာဆိုတဲ့လကၡဏာေတြနဲ႔ပါ တြဲျဖစ္တတ္ပါတယ္။
၃) ခႏၶာကိုယ္ ေရဓာတ္ခန္းေျခာက္မွုျဖစ္တဲ့အခါမ်ိဳး၊ ေသြးေပါင္ခ်ိန္အရမ္းက်ေနတဲ့အခါမ်ိဳးမွာလည္း ေခါင္း မူးတာျဖစ္တတ္ပါတယ္။ ေခၽြးထြက္အရမ္းမ်ားသူေတြ၊ ဝမ္းပ်က္ဝမ္းေလၽွာျဖစ္ၿပီး ဆားဓာတ္၊ ေရဓာတ္ကို လုံ ေလာက္ေအာင္ ျပန္မျဖည့္သူေတြမွာ အထူးသျဖင့္ ေတြ႕ ရတတ္ပါတယ္။
၄) ႏွလုံးခုန္တာ စည္းခ်က္မမွန္တဲ့သူေတြ၊ ႏွလုံးေရာ ဂါရွိသူေတြမွာ တစ္ခါတစ္ရံ ေခါင္းမူးတယ္ဆိုတဲ့လကၡ ဏာ ျပတတ္ပါတယ္။ ႏွလုံးခုန္ေႏွးလြန္းတဲ့သူေတြမွာ လည္း ျဖစ္တတ္ပါတယ္။ အသက္ႀကီးတဲ့သူေတြဆိုရင္ ေတာ့ ႏွလုံးဟာ လူငယ္ေတြလို ႀကံ့ခိုင္မွုသိပ္မရွိေတာ့တဲ့ အတြက္ ဦးေႏွာက္ဆီကို ႏွလုံးကေနပို႔လိုက္တဲ့ေသြးနည္းသြားတဲ့အခ်ိန္မ်ိဳးမွာ ေခါင္းေတြမူးၿပီး၊ ေမ့လဲခ်င္ သလို ျဖစ္တတ္ပါတယ္။
၅) တစ္ခါတစ္ရံမွာ ေရာဂါမဟုတ္ေပမယ့္ တစ္ေနရာ ကေန အထိုင္အထဝုန္းခနဲလုပ္လိုက္တဲ့အခါမ်ိဳးမွာ ေခါင္း မူးတယ္ဆိုတာျဖစ္တတ္ပါတယ္။ မတ္တတ္ရပ္လိုက္ တဲ့အခါမွာ ေျခေထာက္ေတြ၊ လက္ေတြရဲ့ေသြးေၾကာ ေလးေတြဟာ ပုံမွန္လိုညႇစ္အားမေကာင္းေတာ့ဘဲ ခဏ တာျဖစ္ျဖစ္ ႏွလုံးကိုေသြးေရာက္နည္းသြားတာ၊ ဦးေႏွာက္ ဆီကို ေသြးေရာက္နည္းသြားတာျဖစ္တတ္တာေၾကာင့္ ပါ။ Postural hypotensionလို႔ေခၚၿပီး အသက္ႀကီး သူေတြမွာ ပိုျဖစ္တတ္ပါတယ္။
၆) ေခါင္းမူးတယ္၊ တုန္တုန္ယင္ယင္ျဖစ္တယ္၊ ေခၽြးစီး ေတြျပန္လာတယ္ဆိုတာဟာ တစ္ခါတစ္ရံမွာ ေသြးထဲ မွာ အခ်ိဳဓာတ္နည္းသြားတဲ့အတြက္ ျဖစ္တတ္ပါတယ္။ ပုံမွန္က်န္းမာသူေတြဆိုရင္ေတာ့ အစားစားရမယ့္ အ ခ်ိန္မွာ
အဆာခံလြန္းရင္ျဖစ္တတ္ၿပီး ဆီးခ်ိဳရွိသူေတြ မွာဆိုရင္ေတာ့ ဆီးခ်ိဳေဆးေတြစားထားေပမယ့္ အစာ ကို ဂ႐ုတစိုက္အခ်ိန္မွန္မစားတာေၾကာင့္ ေသြးအခ်ိဳ
ဓာတ္က်ဆင္းတာျဖစ္တတ္တာေၾကာင့္ ေခါင္းမူးလာ တာျဖစ္ပါတယ္။ ဒီထက္ဆိုးၿပီး ရွိသင့္တဲ့ အခ်ိဳပမာဏ ထက္ အရမ္းနည္းသြားရင္ေတာ့ ေမ့လဲတာအထိျဖစ္ တတ္ပါတယ္။
၇) အသက္ကေလးနည္းနည္းရလာတဲ့သူေတြမွာ အရိုး က်ီးေပါင္းေရာဂါဆိုတာ ရွိတတ္ၾကပါတယ္။ ဒီလိုမ်ိဳး အရိုးက်ီးေပါင္းေၾကာင့္လည္း မၾကာခဏေခါင္းမူးတယ္ ဆိုတာ ျဖစ္တတ္ပါတယ္။ နည္းနည္းပါးပါး ေခါင္းမူး တာကေန အခန္းတစ္ခန္းလုံး ခ်ာခ်ာလည္ေနေအာင္ မူးတယ္ဆိုတာမ်ိဳး ျဖစ္တတ္ပါတယ္။
၈) တစ္ခါတစ္ရံမွာေတာ့ သုံးစြဲေနရတဲ့ ေဆးဝါးေတြ ေၾကာင့္ ေခါင္းမူးတယ္ဆိုတာျဖစ္တတ္ပါတယ္။ ေဆး ေတာ္ေတာ္မ်ားမ်ားမွာ ေခါင္းမူးေစတယ္ဆိုတဲ့ ေဘးထြက္ ဆိုးက်ိဳး ပါတတ္ပါတယ္။ ဒါေပမဲ့ လူတိုင္းမွာျဖစ္မွာ ေတာ့ မဟုတ္ပါဘူး။ လူတစ္ဦးခ်င္းစီရဲ့ ခႏၶာကိုယ္ဖြဲ႕ စည္းပုံကိုလိုက္ၿပီးေတာ့ ေဆးကိုတုံ႔ျပန္ပုံျခင္းတူမွာမဟုတ္ တဲ့အတြက္ျဖစ္ပါတယ္။ ဒါေပမဲ့ ေဆးဆိုေပမယ့္ အဂၤ လိပ္ေဆးေတြေၾကာင့္သာလၽွင္ ေခါင္းမူးတာ ျဖစ္ခ်င္ မွျဖစ္ပါမယ္။ တိုင္းရင္းေဆးေတြ စားေနတဲ့သူေတြမွာ လည္း ေဆးထဲမွာပါဝင္တဲ့ အမည္မသိဓာတ္သတၱိတစ္ မ်ိဳးမ်ိဳးေၾကာင့္ ေခါင္းမူးတတ္တာကို သတိထားသင့္ပါ တယ္။
၉) တစ္ခါတစ္ရံမွာေတာ့ ေခါင္းမူးရတဲ့အေၾကာင္းရင္း ဟာ Anxiety ေခၚတဲ့ စိုး ရိမ္စရာ၊ ထိတ္လန္႔စရာ စိတ္ ပူစရာေတြမ်ားေနတဲ့သူေတြ မွာ ပိုျဖစ္တတ္တာနဲ႔ ဆက္စပ္ မွုရွိတတ္ပါတယ္။
ဒါေၾကာင့္ အခုေလာက္ဆိုရင္ေတာ့ စာဖတ္ သူတို႔အေနနဲ႔ ေခါင္းဘာေၾကာင့္ မူးေလ့ရွိတတ္သလဲ ဆိုတာကို နည္းနည္းေတာ့ နားလည္သြားေလာက္ၿပီ ထင္ပါတယ္။
ဒါေပမဲ့ ေခါင္းမူးရျခင္းဟာ အထက္မွာ ေဖာ္ျပထားတဲ့ကိုးခ်က္ေလာက္နဲ႔တင္ ရပ္သြားမွာမဟုတ္ ပါဘူး။ ျဖစ္နိုင္ေျခရွိတဲ့အေျခအေနေတြအမ်ားႀကီး ရွိ တတ္ပါေသးတယ္။
သို႔ေသာ္လည္း အားလုံးကိုေဖာ္ၿပ မယ္ဆိုရင္ စာအုပ္တစ္အုပ္စာေလာက္ျဖစ္သြားနိုင္တာ မို႔ အေရးႀကီးတာေလာက္ကိုပဲ အႏွစ္ခ်ဳပ္ေဖာ္ျပလိုက္ တာပါ။
ဒီေတာ့ ေခါင္းမမူးေအာင္ ေဆာင္ရန္၊ ေရွာင္ ရန္ေလးေတြကေရာလို႔ ေမးခ်င္တဲ့စာဖတ္သူေတြလည္း ရွိေလာက္မယ္ ထင္ပါတယ္။
ဒါေၾကာင့္ ေခါင္းမၾကာခဏမူးတတ္သူေတြ အတြက္ ေဆာင္ရန္၊ ေရွာင္ရန္ေတြကေတာ့ –
၁) လဲေလ်ာင္းေနရာကေန၊ ထိုင္ေနတာကေန ႐ုတ္ တရက္ မတ္တတ္ရပ္လိုက္တာမ်ိဳးမလုပ္ပါနဲ႔။ ဦးေႏွာက္ ကိုေသြးေရာက္တာနည္းၿပီး မူး႐ုံမကဘဲ ေမ့လဲတာအ ထိ ျဖစ္တတ္ပါတယ္။
၂) အလုပ္ရွပ္ေနတာမို႔ အဆာခံေတာ့မယ္ဆိုရင္ အ နည္းဆုံးေတာ့ သၾကားလုံးျဖစ္ျဖစ္၊ အခ်ိဳရည္ျဖစ္ျဖစ္ ေဆာင္ထားပါ။ ထမင္းစားလိုက္မွမဟုတ္ပါဘူး။
သၾကားလုံးငုံလိုက္တာျဖစ္ျဖစ္၊ အခ်ိဳရည္ေသာက္လိုက္ တာျဖစ္ျဖစ္လုပ္လိုက္တာဟာ ေသြးအခ်ိဳဓာတ္ကိုျပန္ ထိန္းလိုက္နိုင္ေစတဲ့အတြက္ ေခါင္းမူးတာကို ႀကိဳကာ ကြယ္နိုင္ပါတယ္။
၃) ေရဓာတ္ကို လုံေလာက္စြာရရွိေစဖို႔ တစ္ေန႔ကို ေရ ႏွစ္လီတာ၊ ႏွစ္လီတာခြဲခန္႔ ေသာက္သုံးေပးပါ။ ဝမ္း ပ်က္ဝမ္းေလၽွာထားသူေတြဆိုရင္ေတာ့ ဝမ္းသြားထား
တဲ့ပမာဏေပၚမူတည္ၿပီး ဓာတ္ဆားရည္ျပန္လည္ေသာက္ သုံးေပးရပါမယ္။
၄) ေသြးအားနည္းတတ္တဲ့သူေတြဟာ ဓမၼတာမ်ားေလ့ ရွိတဲ့ မိန္းကေလးေတြျဖစ္တတ္တာေၾကာင့္ ေသြးအား ေကာင္းေစဖို႔အတြက္ အားေဆးျဖည့္တင္းေပးတာ၊ အ သား၊
ပဲနဲ႔အသီးအရြက္ေတြကို မၽွတေအာင္စားသုံးေပး ဖို႔ လိုအပ္ပါတယ္။
၅) က်ီးေပါင္းေရာဂါရွိသူေတြအတြက္ကေတာ့ လိုအပ္ တဲ့ အေၾကာအဆစ္ေလ့က်င့္ခန္းေတြကို ပုံမွန္ျပဳလုပ္ ေပးတာဟာ ေရရွည္မွာေခါင္းမူးတာကို သက္သာေစ ပါတယ္။
၆) မ်က္လုံးအားနည္းတဲ့သူေတြဟာလည္း လိုအပ္တဲ့ မ်က္လုံးစမ္းသပ္မွုလုပ္ေပးတာ၊ လိုအပ္သလို ပုံမွန္ မ်က္မွန္တပ္ေပးတာမ်ိဳး လုပ္သင့္ပါေၾကာင္း ျပန္လည္ မၽွေဝရင္း
ေခါင္းမူးရျခင္းနဲ႔ပတ္သက္ၿပီး ဒီတစ္ပတ္ ေဆာင္းပါးကို သည္ေနရာမွာပဲ နိဂုံးခ်ဳပ္လိုက္ပါေတာ့ မယ္။
အားလုံးပဲ က်န္းမာရႊင္လန္းၾကပါေစ။
ခရစ္ဒစ္
unicode..
တချို့ ဆိုရင် ဒဏ်မခံနိုင်လို့ ခရီးဝေးဝေးလံလံကားစီးရမယ် ဆိုရင် ခေါင်းမူးမှာ၊ အန်မှာစိုးပြီး မသွားဘဲနေရတာမျိုး တောင် ရှိတတ်ပါတယ်။
ဒီတော့ ခေါင်းမူးတာဟာ လူတော်တော်များများကို စိတ်ဒုက္ခဖြစ်စေတဲ့ လက္ခဏတစ်ခု လို့ ဆိုကြရမှာပါ။
ဒါပေမဲ့ လူတော်တော်များများကြောက်တာ ကတော့ ခေါင်း ဘာကြောင့် မူးမူးနေလဲဆိုတဲ့အချက် ပါ။
ရံဖန်ရံခါမူးတဲ့လူဆိုရင်တော့ သိပ်သတိမထားမိပေ မယ့် မကြာခဏမူးလာပြီဆိုရင်တော့ ကိုယ့်ဦးခေါင်းထဲ မှာ ရောဂါတွေ ကြီးကြီးမားမားဆိုးဆိုးရွားရွားဖြစ်နေ
ပြီလားဆိုတဲ့ခံစားချက်ကြောင့် စိုးရိမ်ထိတ်လန့်ရတာမျိုး ဖြစ်ကြတာပါပဲ။ ဒါပေမဲ့လည်း ခေါင်းမူးရတာဟာ အကြောင်းရင်းများစွာရှိနိုင်ပါတယ်။
အားလုံးဟာ လူတော် တော်များများထင်သလို ကြီးကြီးမားမားရောဂါဇာစ်ဖြစ်ကြောင့်တော့ အချိန်တိုင်း မဟုတ်နိုင်ပါဘူး။ ဒါကြောင့် လေ့လာကြည့်ကြရမယ်ဆိုရင်တော့ –
၁) ခန္ဓာကိုယ်ရဲ့လှုပ်ရှားသွားလာမှုမှာ ဟန်ချက်ညီတဲ့ Balance ဆိုတာဟာ အင်မတန်အရေးပါပါတယ်။ ဒီလို ဟန်ချက်ညီညီသွားလာနေထိုင်နိုင်ဖို့အတွက် ဦးနှောက် Brain Stem ကနေ ထိန်းချုပ်ပေးထားလေ့ရှိပါတယ်။
ဒါ့အပြင် အရေးပါတာကတော့ နားတစ်ဖက်စီရဲ့အတွင်း မှာရှိတဲ့ Labyrinth ခေါ်တဲ့အပိုင်းပဲဖြစ်ပါတယ်။ Labyrinth ဆိုတဲ့ နားအတွင်းပိုင်းမှာရှိတဲ့နေရာမှာ အရည်တွေစီး ဆင်းဖို့ လမ်းကြောင်းလေးတွေရှိပြီး ခေါင်းလှည့်တာ၊
စောင်းတာစတဲ့ ခေါင်းလှုပ်ရှားမှုတွေနဲ့အတူ အဲဒီအ ရည်တွေဟာ လိုက်ရွေ့လျားတတ်ပါတယ်။
အဲဒီအရည် လေးတွေ ဘယ်လိုစီးဆင်းတယ်ဆိုတဲ့ ပုံစံအနေအထား ပေါ်လိုက်ပြီးမှ ဦးနှောက်အနာ က လိုအပ်သ လို ဟန်ချက်ပြန်ထိန်းပေးကြရတာပါ။
ဒါကြောင့် ချာချာ လည်အောင်ခေါင်းမူးတယ်ဆိုတာဟာ အဲဒီလို နားအ တွင်းပိုင်းနဲ့ ဦးနှောက်ဟန်ချက်ညီညီ လှုပ်ရှားမှုအချိတ် အဆက် တစ်ခါတစ်ခါမှာ ပုံစံမဝင်တာ၊ တစ်နည်းအား ဖြင့် အောက်နေတာဆိုတဲ့အကြောင်းကြောင့် ဖြစ်တတ်ပါတယ်။
ဒီလိုလူမျိုးတွေဟာ လှုပ်ရှားမှုလုပ် ရင် ပိုမူးလာတတ်ပြီး အထူးသဖြင့် အိပ်ရာထဲမှာ ဟိုဘက် စောင်း၊ ဒီဘက်စောင်းလုပ်လိုက်လို့ ချာချာလည်သလို မူးတတ်တာမျိုးဖြစ်ပါတယ်ဆိုပြီး ပြောတတ်ကြပါတယ်။
၂) သွေးအားနည်းနေတဲ့သူတွေ တစ်ခါတလေ မူးခနဲ မိုက်ခနဲဖြစ်တတ်တာမျိုးရှိပါတယ်။ ဒါပေမဲ့ ခေါင်းမူး တယ်ဆိုပြီး တစ်မျိုးတည်းဖြစ်တာထက် ရင်တုန်တာ၊ မောတာဆိုတဲ့လက္ခဏာတွေနဲ့ပါ တွဲဖြစ်တတ်ပါတယ်။
၃) ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်မှုဖြစ်တဲ့အခါမျိုး၊ သွေးပေါင်ချိန်အရမ်းကျနေတဲ့အခါမျိုးမှာလည်း ခေါင်း မူးတာဖြစ်တတ်ပါတယ်။ ချွေးထွက်အရမ်းများသူတွေ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆားဓာတ်၊ ရေဓာတ်ကို လုံ လောက်အောင် ပြန်မဖြည့်သူတွေမှာ အထူးသဖြင့် တွေ့ ရတတ်ပါတယ်။
၄) နှလုံးခုန်တာ စည်းချက်မမှန်တဲ့သူတွေ၊ နှလုံးရော ဂါရှိသူတွေမှာ တစ်ခါတစ်ရံ ခေါင်းမူးတယ်ဆိုတဲ့လက္ခ ဏာ ပြတတ်ပါတယ်။ နှလုံးခုန်နှေးလွန်းတဲ့သူတွေမှာ လည်း ဖြစ်တတ်ပါတယ်။ အသက်ကြီးတဲ့သူတွေဆိုရင် တော့ နှလုံးဟာ လူငယ်တွေလို ကြံ့ခိုင်မှုသိပ်မရှိတော့တဲ့ အတွက် ဦးနှောက်ဆီကို နှလုံးကနေပို့လိုက်တဲ့သွေးနည်းသွားတဲ့အချိန်မျိုးမှာ ခေါင်းတွေမူးပြီး၊ မေ့လဲချင် သလို ဖြစ်တတ်ပါတယ်။
၅) တစ်ခါတစ်ရံမှာ ရောဂါမဟုတ်ပေမယ့် တစ်နေရာ ကနေ အထိုင်အထဝုန်းခနဲလုပ်လိုက်တဲ့အခါမျိုးမှာ ခေါင်း မူးတယ်ဆိုတာဖြစ်တတ်ပါတယ်။ မတ်တတ်ရပ်လိုက် တဲ့အခါမှာ ခြေထောက်တွေ၊ လက်တွေရဲ့သွေးကြော လေးတွေဟာ ပုံမှန်လိုညှစ်အားမကောင်းတော့ဘဲ ခဏ တာဖြစ်ဖြစ် နှလုံးကိုသွေးရောက်နည်းသွားတာ၊ ဦးနှောက် ဆီကို သွေးရောက်နည်းသွားတာဖြစ်တတ်တာကြောင့် ပါ။ Postural hypotensionလို့ခေါ်ပြီး အသက်ကြီး သူတွေမှာ ပိုဖြစ်တတ်ပါတယ်။
၆) ခေါင်းမူးတယ်၊ တုန်တုန်ယင်ယင်ဖြစ်တယ်၊ ချွေးစီး တွေပြန်လာတယ်ဆိုတာဟာ တစ်ခါတစ်ရံမှာ သွေးထဲ မှာ အချိုဓာတ်နည်းသွားတဲ့အတွက် ဖြစ်တတ်ပါတယ်။ ပုံမှန်ကျန်းမာသူတွေဆိုရင်တော့ အစားစားရမယ့် အ ချိန်မှာ
အဆာခံလွန်းရင်ဖြစ်တတ်ပြီး ဆီးချိုရှိသူတွေ မှာဆိုရင်တော့ ဆီးချိုဆေးတွေစားထားပေမယ့် အစာ ကို ဂရုတစိုက်အချိန်မှန်မစားတာကြောင့် သွေးအချို
ဓာတ်ကျဆင်းတာဖြစ်တတ်တာကြောင့် ခေါင်းမူးလာ တာဖြစ်ပါတယ်။ ဒီထက်ဆိုးပြီး ရှိသင့်တဲ့ အချိုပမာဏ ထက် အရမ်းနည်းသွားရင်တော့ မေ့လဲတာအထိဖြစ် တတ်ပါတယ်။
၇) အသက်ကလေးနည်းနည်းရလာတဲ့သူတွေမှာ အရိုး ကျီးပေါင်းရောဂါဆိုတာ ရှိတတ်ကြပါတယ်။ ဒီလိုမျိုး အရိုးကျီးပေါင်းကြောင့်လည်း မကြာခဏခေါင်းမူးတယ် ဆိုတာ ဖြစ်တတ်ပါတယ်။ နည်းနည်းပါးပါး ခေါင်းမူး တာကနေ အခန်းတစ်ခန်းလုံး ချာချာလည်နေအောင် မူးတယ်ဆိုတာမျိုး ဖြစ်တတ်ပါတယ်။
၈) တစ်ခါတစ်ရံမှာတော့ သုံးစွဲနေရတဲ့ ဆေးဝါးတွေ ကြောင့် ခေါင်းမူးတယ်ဆိုတာဖြစ်တတ်ပါတယ်။ ဆေး တော်တော်များများမှာ ခေါင်းမူးစေတယ်ဆိုတဲ့ ဘေးထွက် ဆိုးကျိုး ပါတတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းမှာဖြစ်မှာ တော့ မဟုတ်ပါဘူး။ လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့ စည်းပုံကိုလိုက်ပြီးတော့ ဆေးကိုတုံ့ပြန်ပုံခြင်းတူမှာမဟုတ် တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးဆိုပေမယ့် အင်္ဂ လိပ်ဆေးတွေကြောင့်သာလျှင် ခေါင်းမူးတာ ဖြစ်ချင် မှဖြစ်ပါမယ်။ တိုင်းရင်းဆေးတွေ စားနေတဲ့သူတွေမှာ လည်း ဆေးထဲမှာပါဝင်တဲ့ အမည်မသိဓာတ်သတ္တိတစ် မျိုးမျိုးကြောင့် ခေါင်းမူးတတ်တာကို သတိထားသင့်ပါ တယ်။
၉) တစ်ခါတစ်ရံမှာတော့ ခေါင်းမူးရတဲ့အကြောင်းရင်း ဟာ Anxiety ခေါ်တဲ့ စိုး ရိမ်စရာ၊ ထိတ်လန့်စရာ စိတ် ပူစရာတွေများနေတဲ့သူတွေ မှာ ပိုဖြစ်တတ်တာနဲ့ ဆက်စပ် မှုရှိတတ်ပါတယ်။
ဒါကြောင့် အခုလောက်ဆိုရင်တော့ စာဖတ် သူတို့အနေနဲ့ ခေါင်းဘာကြောင့် မူးလေ့ရှိတတ်သလဲ ဆိုတာကို နည်းနည်းတော့ နားလည်သွားလောက်ပြီ ထင်ပါတယ်။
ဒါပေမဲ့ ခေါင်းမူးရခြင်းဟာ အထက်မှာ ဖော်ပြထားတဲ့ကိုးချက်လောက်နဲ့တင် ရပ်သွားမှာမဟုတ် ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့အခြေအနေတွေအများကြီး ရှိ တတ်ပါသေးတယ်။
သို့သော်လည်း အားလုံးကိုဖော်ပြ မယ်ဆိုရင် စာအုပ်တစ်အုပ်စာလောက်ဖြစ်သွားနိုင်တာ မို့ အရေးကြီးတာလောက်ကိုပဲ အနှစ်ချုပ်ဖော်ပြလိုက် တာပါ။
ဒီတော့ ခေါင်းမမူးအောင် ဆောင်ရန်၊ ရှောင် ရန်လေးတွေကရောလို့ မေးချင်တဲ့စာဖတ်သူတွေလည်း ရှိလောက်မယ် ထင်ပါတယ်။
ဒါကြောင့် ခေါင်းမကြာခဏမူးတတ်သူတွေ အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကတော့ –
၁) လဲလျောင်းနေရာကနေ၊ ထိုင်နေတာကနေ ရုတ် တရက် မတ်တတ်ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။ ဦးနှောက် ကိုသွေးရောက်တာနည်းပြီး မူးရုံမကဘဲ မေ့လဲတာအ ထိ ဖြစ်တတ်ပါတယ်။
၂) အလုပ်ရှပ်နေတာမို့ အဆာခံတော့မယ်ဆိုရင် အ နည်းဆုံးတော့ သကြားလုံးဖြစ်ဖြစ်၊ အချိုရည်ဖြစ်ဖြစ် ဆောင်ထားပါ။ ထမင်းစားလိုက်မှမဟုတ်ပါဘူး။
သကြားလုံးငုံလိုက်တာဖြစ်ဖြစ်၊ အချိုရည်သောက်လိုက် တာဖြစ်ဖြစ်လုပ်လိုက်တာဟာ သွေးအချိုဓာတ်ကိုပြန် ထိန်းလိုက်နိုင်စေတဲ့အတွက် ခေါင်းမူးတာကို ကြိုကာ ကွယ်နိုင်ပါတယ်။
၃) ရေဓာတ်ကို လုံလောက်စွာရရှိစေဖို့ တစ်နေ့ကို ရေ နှစ်လီတာ၊ နှစ်လီတာခွဲခန့် သောက်သုံးပေးပါ။ ဝမ်း ပျက်ဝမ်းလျှောထားသူတွေဆိုရင်တော့ ဝမ်းသွားထား
တဲ့ပမာဏပေါ်မူတည်ပြီး ဓာတ်ဆားရည်ပြန်လည်သောက် သုံးပေးရပါမယ်။
၄) သွေးအားနည်းတတ်တဲ့သူတွေဟာ ဓမ္မတာများလေ့ ရှိတဲ့ မိန်းကလေးတွေဖြစ်တတ်တာကြောင့် သွေးအား ကောင်းစေဖို့အတွက် အားဆေးဖြည့်တင်းပေးတာ၊ အ သား၊
ပဲနဲ့အသီးအရွက်တွေကို မျှတအောင်စားသုံးပေး ဖို့ လိုအပ်ပါတယ်။
၅) ကျီးပေါင်းရောဂါရှိသူတွေအတွက်ကတော့ လိုအပ် တဲ့ အကြောအဆစ်လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ် ပေးတာဟာ ရေရှည်မှာခေါင်းမူးတာကို သက်သာစေ ပါတယ်။
၆) မျက်လုံးအားနည်းတဲ့သူတွေဟာလည်း လိုအပ်တဲ့ မျက်လုံးစမ်းသပ်မှုလုပ်ပေးတာ၊ လိုအပ်သလို ပုံမှန် မျက်မှန်တပ်ပေးတာမျိုး လုပ်သင့်ပါကြောင်း ပြန်လည် မျှဝေရင်း
ခေါင်းမူးရခြင်းနဲ့ပတ်သက်ပြီး ဒီတစ်ပတ် ဆောင်းပါးကို သည်နေရာမှာပဲ နိဂုံးချုပ်လိုက်ပါတော့ မယ်။
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။
ခရစ်ဒစ်