ခ်စ္သူေကာင္မေလးကုိ ဒူးေထာက္ေတာင္းပန္ေနေပမယ့္ လမ္းခြဲခံလိုက္ရတဲ့ေကာင္ေလး(႐ုပ္သံ)

ခ်စ္သူေကာင္မေလးကုိ ဒူးေထာက္ေတာင္းပန္ေနေပမယ့္ လမ္းခြဲခံလိုက္ရတဲ့ေကာင္ေလး(႐ုပ္သံ)

မိန္းကေလးေတြ အေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕သေဘာသဘာဝအရ ျဖစ္ခ်င္တာ ၊ ရခ်င္တာေတြကို တြယ္ဝိုက္ၿပီး ခ်စ္သူေတြထံ ေတာင္းဆိုတတ္ၾကပါတယ္ …။

ေကာင္မေလးေတြက မရခ်င္ဘူး ၊ မလိုပါဘူး လို႔ေျပာလိုက္တဲ့ စကားမ်ိဳးေတြကို အေျခအေန ၊ အခ်ိန္အခါမၾကည့္ဘဲ ယံုစားမိခဲ့ရင္ေတာ့ အရိပ္အကဲ မသိဘူးလို႔ေျပာရမွာပါပဲ …။

ဒီတစ္ေခါက္မွာလည္း စင္ကာပူႏိုင္ငံက ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕ခ်စ္သူေကာင္ေလးကို Valentine ေန႔အတြက္ ဘာပစၥည္းလက္ေဆာင္မွ မလိုခ်င္ပါဘူးဆိုၿပီး ေျပာဆိုခဲ့ပါတယ္ …။

ဒါေပမဲ့ေကာင္မေလးက အဲ့အဓိပၸါယ္နဲ႔ေျပာလိုက္တာမဟုတ္ဘဲ တြယ္ဝိုက္ၿပီးေျပာဆိုခဲ့တာပါ။ သို႔ေပမဲ့ ခ်စ္သူေကာင္ေလးက တစ္ကယ္ထင္မွတ္ၿပီး Valentine Day ေန႔မွာ လက္ဗလာနဲ႔ ေရာက္လာခဲ႔ ၿပီး

ေကာင္မေလးအတြက္ ဘားပစၥည္းလက္ေဆာင္မွ မေပးခဲ့ပါဘူး။ ဒါေၾကာင့္ ေကာင္မေလးကအေတာ္ေလး စိတ္ဆိုးေဒါသ ထြက္သြားပါေတာ့တယ္ …။

Zhen Yuan Wang အမည္႐ွိတဲ့ ခ်စ္သူေကာင္ေလးရဲ႕ ေျပာျပခ်က္အရ ” သူမေျပာခဲ့တာက သူမဆိုလိုတဲ့ အရာမဟုတ္ဘူးဆိုေတာ့ ကြၽန္ေတာ္ဘယ္လိုလုပ္ရမလဲ မသိေတာ့ပါဘူး…

Valentine Day မေရာက္ခင္တစ္ပတ္အလိုက သူမ ေျပာခဲ့တာေလ…အဲ့ေတာ့ ကြၽန္ေတာ္ဘာကိုသြားၿပီး ယံုရမွာလဲ…အခ်ိန္ၾကာလာေတာ့ အဲ့ကိစၥေၾကာင့္နဲ႔ သူမကလမ္းခြဲခ်င္ၿပီ လို႔ေျပာခဲ့တယ္…”

ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။ ထို႔ေၾကာင့္ Zhen Yuan က ေကာင္မေလးထံအခြင့္အေရး ေနာက္တစ္ေခါက္ေလာက္ ထပ္ေပးဖို႔ လူၾကားထဲမွာ ဒူးေထာက္ၿပီး ေတာင္းပန္ရွာပါေတာ့တယ္ …။

သို႔ေပမဲ့လည္း ေကာင္မေလးဟာ အေတာ္ေလးစိတ္ဆိုး ေဒါသထြက္ေနေသးပံုရၿပီး Zhen ကိုေအာ္ဟစ္ကာ တြန္ဖယ္ပစ္ခဲ့ပါေသးတယ္။ သို႔ေပမဲ့ Zhen Yuan ဟာလက္မေလ်ွာ့ဘဲ အႀကိမ္ႀကိမ္ဦးၫြတ္ၿပီးေတာင္းပန္ခဲ့ပါတယ္ …။

အဆိုပါအျဖစ္အပ်က္ video ကို လူအမ်ားစုကေတာ့ တကယ္ျဖစ္ရပ္မွန္ ျဖစ္ရပ္မ်ိဳးမဟုတ္ဘဲ သ႐ုပ္ေဆာင္ project တစ္ခုအတြက္ ႐ိုက္ယူခဲ့တာျဖစ္ေၾကာင္း ျငင္းဆိုခဲ့ၾကပါတယ္ …။

အခ်ိဳ႕ေသာသူမ်ားကေတာ့ သ႐ုပ္ေဆာင္ၾကတာဆိုရင္ေတာင္ လူၾကားထဲမွာ ေယာက်ၤားေလးက ဒူးေထာက္ၿပီးေတာင္းပန္ရတဲ့အျဖစ္မ်ိဳးက

လံုးဝမျဖစ္သင့္ေၾကာင္း ေထာက္ျပခဲ့ၾကပါတယ ။ အခ်ိဳ႕က်ေတာ့လည္း အခုအျဖစ္ဟာ ျဖစ္ရပ္မွန္ျဖစ္ေၾကာင္း အမ်ိဳးမ်ိဳးျငင္းဆိုခဲ့ၾကပါတယ္ ….။ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ချစ်သူကောင်မလေးကို ဒူးထောက်တောင်းပန်နေပေမယ့် လမ်းခွဲခံလိုက်ရတဲ့ကောင်လေး(ရုပ်သံ)

မိန်းကလေးတွေ အတော်များများဟာ သူတို့ရဲ့သဘောသဘာဝအရ ဖြစ်ချင်တာ ၊ ရချင်တာတွေကို တွယ်ဝိုက်ပြီး ချစ်သူတွေထံ တောင်းဆိုတတ်ကြပါတယ် …။

ကောင်မလေးတွေက မရချင်ဘူး ၊ မလိုပါဘူး လို့ပြောလိုက်တဲ့ စကားမျိုးတွေကို အခြေအနေ ၊ အချိန်အခါမကြည့်ဘဲ ယုံစားမိခဲ့ရင်တော့ အရိပ်အကဲ မသိဘူးလို့ပြောရမှာပါပဲ …။

ဒီတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံက ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူကောင်လေးကို Valentine နေ့အတွက် ဘာပစ္စည်းလက်ဆောင်မှ မလိုချင်ပါဘူးဆိုပြီး ပြောဆိုခဲ့ပါတယ် …။

ဒါပေမဲ့ကောင်မလေးက အဲ့အဓိပ္ပါယ်နဲ့ပြောလိုက်တာမဟုတ်ဘဲ တွယ်ဝိုက်ပြီးပြောဆိုခဲ့တာပါ။ သို့ပေမဲ့ ချစ်သူကောင်လေးက တစ်ကယ်ထင်မှတ်ပြီး Valentine Day နေ့မှာ လက်ဗလာနဲ့ ရောက်လာခဲ့ ပြီး

ကောင်မလေးအတွက် ဘားပစ္စည်းလက်ဆောင်မှ မပေးခဲ့ပါဘူး။ ဒါကြောင့် ကောင်မလေးကအတော်လေး စိတ်ဆိုးဒေါသ ထွက်သွားပါတော့တယ် …။

Zhen Yuan Wang အမည်ရှိတဲ့ ချစ်သူကောင်လေးရဲ့ ပြောပြချက်အရ ” သူမပြောခဲ့တာက သူမဆိုလိုတဲ့ အရာမဟုတ်ဘူးဆိုတော့ ကျွန်တော်ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး…

Valentine Day မရောက်ခင်တစ်ပတ်အလိုက သူမ ပြောခဲ့တာလေ…အဲ့တော့ ကျွန်တော်ဘာကိုသွားပြီး ယုံရမှာလဲ…အချိန်ကြာလာတော့ အဲ့ကိစ္စကြောင့်နဲ့ သူမကလမ်းခွဲချင်ပြီ လို့ပြောခဲ့တယ်…”

ဆိုပြီးပြောပြသွားခဲ့ပါတယ်။ ထို့ကြောင့် Zhen Yuan က ကောင်မလေးထံအခွင့်အရေး နောက်တစ်ခေါက်လောက် ထပ်ပေးဖို့ လူကြားထဲမှာ ဒူးထောက်ပြီး တောင်းပန်ရှာပါတော့တယ် …။

သို့ပေမဲ့လည်း ကောင်မလေးဟာ အတော်လေးစိတ်ဆိုး ဒေါသထွက်နေသေးပုံရပြီး Zhen ကိုအော်ဟစ်ကာ တွန်ဖယ်ပစ်ခဲ့ပါသေးတယ်။ သို့ပေမဲ့ Zhen Yuan ဟာလက်မလျှော့ဘဲ အကြိမ်ကြိမ်ဦးညွတ်ပြီးတောင်းပန်ခဲ့ပါတယ် …။

အဆိုပါအဖြစ်အပျက် video ကို လူအများစုကတော့ တကယ်ဖြစ်ရပ်မှန် ဖြစ်ရပ်မျိုးမဟုတ်ဘဲ သရုပ်ဆောင် project တစ်ခုအတွက် ရိုက်ယူခဲ့တာဖြစ်ကြောင်း ငြင်းဆိုခဲ့ကြပါတယ် …။

အချို့သောသူများကတော့ သရုပ်ဆောင်ကြတာဆိုရင်တောင် လူကြားထဲမှာ ယောင်္ကျားလေးက ဒူးထောက်ပြီးတောင်းပန်ရတဲ့အဖြစ်မျိုးက

လုံးဝမဖြစ်သင့်ကြောင်း ထောက်ပြခဲ့ကြပါတယ ။ အချို့ကျတော့လည်း အခုအဖြစ်ဟာ ဖြစ်ရပ်မှန်ဖြစ်ကြောင်း အမျိုးမျိုးငြင်းဆိုခဲ့ကြပါတယ် ….။ ။

Jasmine (Mckzone Daily)

Source: worldofbuzz