ခဏေတာ့ငိုပါ အခ်စ္နဲ႔ပတ္သက္ရင္ စိတ္ႏုတဲ့သူေတြဖတ္ၾကည့္ဖို႔

ခဏေတာ့ငိုပါ အခ်စ္နဲ႔ပတ္သက္ရင္ စိတ္ႏုတဲ့သူေတြဖတ္ၾကည့္ဖို႔

အခ်စ္နဲ႔ပတ္သက္ရင္စိတ္ႏုတဲ့သူေတြဖတ္ၾကည့္ပါ

အသဲကြဲတိုင္းငိုေနစရာလား ငိုမိရင္ခဏေပါ့ မ်က္ႏွာထသစ္ သနပ္ခါးလိမ္းၿပီးရင္ စိတ္လက္ၾကည္သာတဲ့ေနရာကို ထသြားလိုက္မယ္ နဂိုအတိုင္း အခ်စ္ကို ျပန္မရႏိုင္မွေတာ့ ဘာလို႔မ်ားေမွ်ာ္လင့္ေတာင့္တ ငိုေႂကြးေနရမွာလည္း….

ေလာကမွာ သနားစရာအေကာင္းဆုံး လူဟာ ကိုယ္ျဖစ္သင့္သလို ကိုယ့္ကိုကိုယ္ေလာက္ ဘယ္သူမွ မခ်စ္ႏိုင္ပါဘူးေနာ္။လမ္းခြဲသြားလို႔ ဝမ္းနည္းေၾကကြဲေနစရာလား စိတ္ထိခိုက္ ခံစားရရင္ ခဏဆို လုံေလာက္ၿပီေလ ။

ကိုယ္လုပ္စရာ႐ွိတာေတြကို ဆက္လုပ္ဖို႔ အားအင္အသစ္ေတြကို အျမန္ဆုံးေမြးယူၿပီး လုပ္ငန္းခြင္နဲ႔ သူငယ္ခ်င္းေတြၾကား ေပ်ာ္ေပ်ာ္ဘဲေနလိုက္မယ္ ခ်န္ထားခဲ့သူထက္ တစ္ေန႔သာရမယ္ ဆိုတဲ့ စိတ္နဲ႔အလုပ္ေတြကိုပိုေတာင္ႀကိဳးစားလိုက္႐ုံဘဲ ကိုယ့္ဘဝအတြက္ ေနာက္ထပ္ေ႐ွ႕ဆက္ရမဲ့ ခရီးရဲ႕ပဲ့ကိုင္႐ွင္ဟာ …

ကိုယ္သာျဖစ္ေနတာမို႔ ကိုယ့္ကို ေဖးကူသူ မဟုတ္တဲ့လူအတြက္ အခ်ိန္ေပးၿပီး စိတ္ကိုညင္းဆဲေနစရာမွမဟုတ္တာ သစၥာမ႐ွိလို႔ ခံပ်င္းစိတ္ျဖစ္ေနလား ခဏေလာက္ ေဒါသထြက္ေပါက္ကြဲပစ္လိုက္မယ္ ဒါဆို အဆင္ေျပၿပီေလ ။

သြားစမ္းပါေစ တန္ဖိုးမသိတဲ့သူအတြက္ ကိုယ့္တန္ဖိုးေတြပါ က်ဆင္းေစေလာက္ေအာင္ ႐ုပ္ပ်က္ေနစရာမွ မလိုတာ ။သူ႕ထက္သာတဲ့ သစၥာ႐ွိတဲ့ ခ်စ္သူ အခ်ိန္တန္ရလာလိမ့္မယ္။

အခ်စ္ဟာ ဘဝရဲ႕ တစ္စိပ္တစ္ေဒသအခန္းက႑မွာ ပါဝင္ေနတာမို႔ စာရိတၱမေကာင္းသူနဲ႔ေစာေစာလမ္းခြဲရတဲ့ ကိုယ္ဟာ ကံေကာင္းတဲ့သူအျဖစ္ ဝမ္းသာဖို႔ေတာင္ေကာင္းေသးတယ္ ။ေပ်ာ္႐ႊင္ေနတဲ့ သူအျဖစ္ လူေတြၾကားထဲ ဂုဏ္ယူစြာ သာသာယာယာေနလိုက္မယ္….

ခ်စ္ရက္နဲ႔ လမ္းခြဲရလို႔ အားငယ္ေနလား ခဏေတာ့ငိုပါမယ္ ။ကိုယ္ခ်စ္တဲ့သူရဲ႕ ေလွ်ာက္ရမယ့္လမ္း ေႏွာင့္ေႏွးျခင္း ၊အေႏွာက္ယွက္ ျဖစ္ေစတာမ်ိဳး မျဖစ္ရေအာင္ ေနာက္ထပ္ မ်က္ရည္ မက်ေတာ့ဘူး ။

သူျမင္ေစခ်င္တဲ့ အဆင္ေျပတဲ့ဘဝကို ယူျပမယ္ ။သူမျမင္ရက္တဲ့ မ်က္ရည္ ေနာက္ထပ္မက်ေစျခင္းနဲ႔ ႏွစ္သိမ့္ေပးမယ္ ။ခ်စ္တိုင္းညားက်ေၾကးဆိုရင္ အခ်စ္နဲ႔ပတ္သက္တဲ့ ရာဇဝင္ေတာင္႐ွိလာမွာ မဟုတ္ဖူးဆိုၿပီး စိတ္ကို ေျဖေဖ်ာက္လိုက္မယ္ ။

ကိုယ္ေပ်ာ္ေနတာဘဲ သူျမင္ခ်င္ သလို ” သူေပ်ာ္ေနတာဘဲ ကိုယ္ျမင္ခ်င္တာမို႔အခ်ိန္ၾကာၾကာ ဝမ္းနည္းေၾကကြဲေနျခင္းနဲ႔ စိတ္ဓါတ္ကို မၿပိဳလဲေစရဘူး ေတြ႕ဆုံျခင္း႐ွိရင္ ဘယ္လို အေၾကာင္းနဲ႔ ျဖစ္ျဖစ္ ခြဲခြာျခင္းဆိုတာ တစ္ေန႔႐ွိလာရမယ္ဆိုတာေလာကရဲ႕ ဓမၼတာတရားပါ။

ဘယ္လိုအေၾကာင္းေၾကာင္းနဲ႔ ခြဲရပါေစ ကိုယ့္ကိုယ္ကိုယ္ ခ်စ္တဲ့သူေတြဟာ ခဏပဲငိုၾကတယ္ ။ဒါေၾကာင့္ အသဲကြဲလို႔ ငိုလည္း ခဏေပါ့ သစၥာမ႐ွိလို႔ ထားခဲ့လည္းလို႔ ငိုလည္း ခဏေပါ့ ။

မျဖစ္ႏိုင္လို႔ လမ္းခြဲရလို႔ငိုလည္း ခဏေပါ့ ။ဘဝကို ထိခိုက္ေအာင္ထိ အ႐ူးအမူးျဖစ္ေနစရာ မလိုအပ္ပါဘူးေနာ္…..။

(MayNoe)

Unicode

ခဏတော့ငိုပါ အချစ်နဲ့ပတ်သက်ရင် စိတ်နုတဲ့သူတွေဖတ်ကြည့်ဖို့

အချစ်နဲ့ပတ်သက်ရင်စိတ်နုတဲ့သူတွေဖတ်ကြည့်ပါ

အသဲကွဲတိုင်းငိုနေစရာလား ငိုမိရင်ခဏပေါ့ မျက်နှာထသစ် သနပ်ခါးလိမ်းပြီးရင် စိတ်လက်ကြည်သာတဲ့နေရာကို ထသွားလိုက်မယ် နဂိုအတိုင်း အချစ်ကို ပြန်မရနိုင်မှတော့ ဘာလို့များမျှော်လင့်တောင့်တ ငိုကြွေးနေရမှာလည်း….

လောကမှာ သနားစရာအကောင်းဆုံး လူဟာ ကိုယ်ဖြစ်သင့်သလို ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်နိုင်ပါဘူးနော်။လမ်းခွဲသွားလို့ ဝမ်းနည်းကြေကွဲနေစရာလား စိတ်ထိခိုက် ခံစားရရင် ခဏဆို လုံလောက်ပြီလေ ။

ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်ဖို့ အားအင်အသစ်တွေကို အမြန်ဆုံးမွေးယူပြီး လုပ်ငန်းခွင်နဲ့ သူငယ်ချင်းတွေကြား ပျော်ပျော်ဘဲနေလိုက်မယ် ချန်ထားခဲ့သူထက် တစ်နေ့သာရမယ် ဆိုတဲ့ စိတ်နဲ့အလုပ်တွေကိုပိုတောင်ကြိုးစားလိုက်ရုံဘဲ ကိုယ့်ဘဝအတွက် နောက်ထပ်ရှေ့ဆက်ရမဲ့ ခရီးရဲ့ပဲ့ကိုင်ရှင်ဟာ …

ကိုယ်သာဖြစ်နေတာမို့ ကိုယ့်ကို ဖေးကူသူ မဟုတ်တဲ့လူအတွက် အချိန်ပေးပြီး စိတ်ကိုညင်းဆဲနေစရာမှမဟုတ်တာ သစ္စာမရှိလို့ ခံပျင်းစိတ်ဖြစ်နေလား ခဏလောက် ဒေါသထွက်ပေါက်ကွဲပစ်လိုက်မယ် ဒါဆို အဆင်ပြေပြီလေ ။

သွားစမ်းပါစေ တန်ဖိုးမသိတဲ့သူအတွက် ကိုယ့်တန်ဖိုးတွေပါ ကျဆင်းစေလောက်အောင် ရုပ်ပျက်နေစရာမှ မလိုတာ ။သူ့ထက်သာတဲ့ သစ္စာရှိတဲ့ ချစ်သူ အချိန်တန်ရလာလိမ့်မယ်။

အချစ်ဟာ ဘဝရဲ့ တစ်စိပ်တစ်ဒေသအခန်းကဏ္ဍမှာ ပါဝင်နေတာမို့ စာရိတ္တမကောင်းသူနဲ့စောစောလမ်းခွဲရတဲ့ ကိုယ်ဟာ ကံကောင်းတဲ့သူအဖြစ် ဝမ်းသာဖို့တောင်ကောင်းသေးတယ် ။ပျော်ရွှင်နေတဲ့ သူအဖြစ် လူတွေကြားထဲ ဂုဏ်ယူစွာ သာသာယာယာနေလိုက်မယ်….

ချစ်ရက်နဲ့ လမ်းခွဲရလို့ အားငယ်နေလား ခဏတော့ငိုပါမယ် ။ကိုယ်ချစ်တဲ့သူရဲ့ လျှောက်ရမယ့်လမ်း နှောင့်နှေးခြင်း ၊အနှောက်ယှက် ဖြစ်စေတာမျိုး မဖြစ်ရအောင် နောက်ထပ် မျက်ရည် မကျတော့ဘူး ။

သူမြင်စေချင်တဲ့ အဆင်ပြေတဲ့ဘဝကို ယူပြမယ် ။သူမမြင်ရက်တဲ့ မျက်ရည် နောက်ထပ်မကျစေခြင်းနဲ့ နှစ်သိမ့်ပေးမယ် ။ချစ်တိုင်းညားကျကြေးဆိုရင် အချစ်နဲ့ပတ်သက်တဲ့ ရာဇဝင်တောင်ရှိလာမှာ မဟုတ်ဖူးဆိုပြီး စိတ်ကို ဖြေဖျောက်လိုက်မယ် ။

ကိုယ်ပျော်နေတာဘဲ သူမြင်ချင် သလို ” သူပျော်နေတာဘဲ ကိုယ်မြင်ချင်တာမို့အချိန်ကြာကြာ ဝမ်းနည်းကြေကွဲနေခြင်းနဲ့ စိတ်ဓါတ်ကို မပြိုလဲစေရဘူး တွေ့ဆုံခြင်းရှိရင် ဘယ်လို အကြောင်းနဲ့ ဖြစ်ဖြစ် ခွဲခွာခြင်းဆိုတာ တစ်နေ့ရှိလာရမယ်ဆိုတာလောကရဲ့ ဓမ္မတာတရားပါ။

ဘယ်လိုအကြောင်းကြောင်းနဲ့ ခွဲရပါစေ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူတွေဟာ ခဏပဲငိုကြတယ် ။ဒါကြောင့် အသဲကွဲလို့ ငိုလည်း ခဏပေါ့ သစ္စာမရှိလို့ ထားခဲ့လည်းလို့ ငိုလည်း ခဏပေါ့ ။

မဖြစ်နိုင်လို့ လမ်းခွဲရလို့ငိုလည်း ခဏပေါ့ ။ဘဝကို ထိခိုက်အောင်ထိ အရူးအမူးဖြစ်နေစရာ မလိုအပ်ပါဘူးနော်…..။

(MayNoe)