စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
Unicode Version ဖြင့်ဖတ်ရန်
စက်ဆွဲစရာမလိုဘဲ ဆံပင်ပျော့အောင် သဘာဝပေါင်းတင်နည်း
ဆံပင် တစ်ခါမှ မဖြောင့်ဖူးပါဘူး။ ဒါပေမယ့် ဆံပင်က ဖြောင့်ထားတဲ့ သူတွေလို ပျော့တယ်၊ ဆံသား ပြောင်တယ်၊ စင်းတယ် …။
ဘာမှ မလုပ်မှတော့ ဘယ်ပျက်ဆီးမလဲ လို့တော့ မထင်နဲ့ ဆံပင် ဆေးဆိုးတာတော့ ရက်ရက်စက်စက် ဆိုးတယ် …၊
အရောင် မကြိုက်ရင် တစ်လ တည်းကို ၃ ခေါက် ၄ ခေါက် လောက်အထိ အရောင် ပြောင်းတယ် ဒါတောင် မပျက်ဆီးပါဘူး။ အရှည်သန်တယ် …။
ခေါင်းလေးပြီး ဇာတ်ကြော တက်တတ်လို့ အရှည် သိပ်မထားေ့တာ့ဘူး။ တစ်ခြားပေါင်းဆေး သိပ် သုံးစရာ လည်း မလိုပါဘူး။ ဘာမှလည်း မလိမ်းဘူး။ ဆိုင်မှာလည်း ဆေးတွေနဲ့ လုပ်စရာ မလိုပါဘူး …။
တစ်ပါတ် တစ်ခါ ကြက်ဥ ရှားစောင်းဂျယ်လ် သံလွင်ဆီ ပျားရည်နဲ့ ပေါင်းတင်တယ်။ နှစ်ခွ လည်းလုံးဝ မဖြစ်ဘူး။ ဆံပင် ကျွတ်တဲ့ သူဆို သံပုရာရည် လေးပါ ထည့်လုပ်ကြည့်ပါ ……။
ရေမချိုးခင် နာရီဝက် ဒါမှမဟုတ် ရေချိုးခါနီးဆို အဝတ်လျှော်တယ် အဲ့အဝတ် မလျှော်ခင် ကတည်းက လိမ်းထားလိုက်တာ အဝတ်တွေလည်း အကုန်လျှော် အပြီး လိမ်းထားတဲ့အချိန်နဲ့ ကွက်တိပဲ …။
တကူးတက အချိန်မပေးရဘဲ အလုပ် ၂ ခု ပြီးပါတယ် …။
အရောင် ဆိုးရင် တောင် အရောင်က ပိုပြောင်လက်ပြီး တောက်လာ ပါတယ် ။ ဒါနဲ့ ဖျော်တာ ပိုသွားရင်လည်း မျက်နှာ လိမ်းလို့လဲ ရပါသေးတယ် …။
ပျား ရည် ဆေး ဆိုင်လမှာ ရောင်း တာ လည်း စစ် တယ်။ စစ် မ စစ် စမ်း နည်း ပြော ပြ ပေးမယ် …။
ပျားရည် တစ်စက်ကို လက်သည်းခွံ ပေါ် တင်ကြည့်ပါ ပျားရည်စက် က အောက်ကို မကျဘူး ပိန်းကြာရွက်မှာ ရေတင်သလို အလုံးလေး ဖြစ်နေရင် အဲ့ဒါ အစစ်ပါပဲ …။
ကိုယ် လက်တွေ့လုပ်နေတာလေး တင်ပေးတာ သဘောကျ တယ်ဆို နောက်နေ့ အရေးအကြောင်းနဲ့ မိတ်ကပ် ဆွဲအောင်ပြီးတော့ မနက်ပိုင်း စိတ်ကြည်လင်အောင် ပိုက်ဆံမကုန်ပဲ လုပ်တဲ့ နည်းလေး ထပ်တင်ပေး ပါ့မယ်နော် …။ ။
Credit to original writer