မာနနဲ႔သိကၡာတရားကို တန္ဖိုးထားတတ္တဲ့မိန္းကေလးေတြဆိုတာဒီလိုပါ…

မာနနဲ႔သိကၡာတရားကို တန္ဖိုးထားတတ္တဲ့မိန္းကေလးေတြဆိုတာဒီလိုပါ…

တစ္ခ်ိဳ႕မိန္းကေလးေတြက မာနႀကီးတယ္၊ ေတြ႔ရာလူနဲ႔ သိပ္အေရာ မဝင္တတ္ ဘူးလုိ႔ ထင္ရတတ္ၿပီး တကယ္တမ္းမွာေတာ့ သူတို႔က သူတုိ႔ရဲ႕ မာနနဲ႔ သိကၡာတရားကို တန္ဖိုးထားတတ္ ၾကသူေတြ ျဖစ္လုိ႔ေနပါတယ္။ ေယာက်ာ္းေလးေတြနဲ ႔လည္း ခပ္တင္းတင္းေန တတ္ၾကၿပီး ကိုယ္နဲ႔ မရင္းႏွီးတဲ့ သူေတြဆုိ သိပ္ ရင္းရင္းႏွီးႏွီးမဆက္ဆံ တတ္ၾကပါဘူး …။

ဒါက မာနႀကီးတာ မ်ိဳးနဲ႔ မတူပဲ ကိုယ့္ကိုယ္ကို တန္ဖိုးျမင့္ျမင့္ ထားတဲ့ အအတြက္ေၾကာင္ ့ျဖစ္ပါတယ္။ ဒီလုိ မာနနဲ႔သိကၡာကို တန္ဖိုးထားတတ္တဲ့ မိန္းကေလးေတြမွာ ဒီလုိအခ်က္ေတြ ေတြ႔ရတတ္ပါတယ္ေနာ္ …။

ေယာက်ာ္းေလးေတြနဲ႔ သိပ္အကၽြမ္းတဝင္မေနတတ္ဘူး”

ဒီလုိ မိန္းကေလးေတြက အထူးသျဖင့္ မိန္္းကေလးေတြထက္ ေယာက်ာ္းေလးေတြနဲ႔ ေရာေရာေႏွာေႏွာ မေနတတ္ပါဘူး။ ကိုယ္ရင္းႏွီးတဲ့ သူငယ္္ခ်င္း အခ်င္းခ်င္းသာ ေပါေပါေတာေတာ ေနခ်င္္ေန လိမ့္မယ္ တစ္ျခား ကိုယ္နဲ႔ သိပ္မရင္းႏွီးတဲ့ ေယာက်ာ္းေလးေတြ ကိုေတာ့ ခပ္တင္းတင္းပဲ ဆက္္ဆံတတ္ပါတယ္။ ဒါေတြေၾကာင့္ပဲ သူတုိ႔ေတြကို မာနႀကီး တယ္လုိ႔ အထင္ခံ ရတတ္ ပါတယ္။

လြယ္လြယ္ ေခါင္းမညိမ့္တတ္ဘူး”

ဒီလုိ မိန္းကေလးေတြက လြယ္လြယ္ မခ်စ္တတ္ သလုိ၊ လြယ္လြယ္လည္း ေခါင္းမညိမ့္ တတ္ၾကပါဘူး။ အဲဒီ႔လူရဲ႕ စိတ္ေနစိတ္ထား၊ အမူအက်င့္ေတြကို ေလ့လာဖို႔ အခ်ိန္ယူ တတ္ၾကပါေသးတယ္။ ေနာက္ၿပီး သူတို႔အေပၚ အခြင့္အေရးယူ အေပ်ာ္ၾကံတာမ်ိဳး ကိုလည္း အရမ္း မုန္းတတ္ၾကပါတယ္ …။

သူတုိ႔ရဲ႕ အခ်စ္ကို ရခ်င္ရင္ေတာ့ အခ်ိန္ တစ္ခုေတာ့ စိတ္႐ွည္စြာနဲ႔ ေစာင့္ဆုိင္း ရပါလိမ့္မယ္။ ေစာင့္ဆုိင္းရတဲ့ အခ်ိန္နဲ႔ တန္ေအာင္လည္း သူတုိ႔ရဲ႕ အခ်စ္က တန္ဖိုးႀကီးလြန္းပါတယ္ …။

ကိုယ့္ရဲ႕တန္ဖိုးကို ျမင့္ေအာင္ေနတတ္တယ္”

သူတုိ႔ေလးေတြက ကိုယ့္အားကိုယ္ ကိုးတတ္သလို တစ္ျခားသူေတြ ဆီက အကူအညီကိုလည္း အလြယ္တကူ မရယူ တတ္ၾကပါဘူး။ သူတုိ႔ေတြက ေငြေၾကး စည္းစိမ္ေတြ ထက္ ကိုယ့္က်င့္တရားကိုပဲ အဓိက တန္ဖိုးထားတတ္ၾကပါတယ္ …။

အျမဲတမ္း ကိုယ့္ကိုယ္ကို တန္ဖိုးျမင့္ေအာင္ ေနထိုင္တတ္ သလုိ တစ္ျခားသူေတြကိုလည္း အထင္မေသးတတ္ၾကပါဘူးေနာ္။ ကိုယ့္ကိုယ္ကို ခ်စ္ၿပီး သူတုိ႔ရဲ႕ ဘဝကို အေကာင္းဆံုးျဖစ္ေအာင္ တည္ေဆာက္တတ္ၾကပါတယ္ …။

မိန္းကေလးအခ်င္းခ်င္း စာနာတတ္တယ္”

ဒီလို မိန္းကေလးေတြက ေယာက်ာ္းေလးေတြကိုသာ ခပ္တင္းတင္း ဆက္ဆံတတ္ေပမယ့္ ကိုယ့္မိန္းကေလးအခ်င္းခ်င္းေတာ့ အျမဲတမ္း ကူညီေဖး မေပးတတ္တဲ႔ သူေတြပါ …။

အကူအညီ လုိေနတဲ ့မိန္းကေလးေတြကို ကူညီတတ္သလို၊ စိတ္ဓာတ္ခြန္အား လိုအပ္ေနတဲ့ မိန္းကေလးေတြကို စိတ္ဓာတ္ ခြန္အားေပးတတ္ၾကပါတယ္။ မိန္းကေလးတုိင္းကို တန္ဖိုးျမင့္ျမင့္နဲ႔ ေကာင္းမြန္တဲ့ ခရီးလမ္းကို ေလွ်ာက္လွမ္းေစခ်င္ၾကသူေတြပဲ ျဖစ္ပါတယ္ …။

ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏုိင္ေအာင္္ ႀကိဳးစားတယ္”

မာန႐ွိတဲ့ မိန္းကေလးေတြ ဆုိတာ တစ္ျခားသူ အေပၚ မွီခုိအားကိုးေန ရမွာကို လံုးဝ မႀကိဳက္ တတ္ၾကပါဘူး။ သူတုိ႔ရဲ႕ ဘဝကို သူတုိ႔ စိတ္ႀကိဳက္ ပံုေဖာ္တတ္ၾကၿပီး ဘဝကို ျမင့္ျမင့္မားမား ျဖတ္သန္းႏုိင္ေအာင္ ႀကိဳးစား တတ္ၾကပါဘူး။ လြယ္လြယ္နဲ႔ အ႐ံႈးမေပးတတ္သလုိ စိတ္ဓာတ္လည္း ခုိင္မာၾကပါေသးတယ္ …။ ။

Khin

Credit

Unicode Version ဖြင့်ဖတ်ရန်

မာနနဲ့သိက္ခာတရားကို တန်ဖိုးထားတတ်တဲ့မိန်းကလေးတွေဆိုတာဒီလိုပါ…

တစ်ချို့မိန်းကလေးတွေက မာနကြီးတယ်၊ တွေ့ရာလူနဲ့ သိပ်အရော မဝင်တတ် ဘူးလို့ ထင်ရတတ်ပြီး တကယ်တမ်းမှာတော့ သူတို့က သူတို့ရဲ့ မာနနဲ့ သိက္ခာတရားကို တန်ဖိုးထားတတ် ကြသူတွေ ဖြစ်လို့နေပါတယ်။ ယောက်ျားလေးတွေနဲ့လည်း ခပ်တင်းတင်းနေ တတ်ကြပြီး ကိုယ်နဲ့ မရင်းနှီးတဲ့ သူတွေဆို သိပ် ရင်းရင်းနှီးနှီးမဆက်ဆံ တတ်ကြပါဘူး …။

ဒါက မာနကြီးတာ မျိုးနဲ့ မတူပဲ ကိုယ့်ကိုယ်ကို တန်ဖိုးမြင့်မြင့် ထားတဲ့ အအတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလို မာနနဲ့သိက္ခာကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေမှာ ဒီလိုအချက်တွေ တွေ့ရတတ်ပါတယ်နော် …။

ယောက်ျားလေးတွေနဲ့ သိပ်အကျွမ်းတဝင်မနေတတ်ဘူး”

ဒီလို မိန်းကလေးတွေက အထူးသဖြင့် မိန်းကလေးတွေထက် ယောက်ျားလေးတွေနဲ့ ရောရောနှောနှော မနေတတ်ပါဘူး။ ကိုယ်ရင်းနှီးတဲ့ သူငယ်ချင်း အချင်းချင်းသာ ပေါပေါတောတော နေချင်နေ လိမ့်မယ် တစ်ခြား ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့ ယောက်ျားလေးတွေ ကိုတော့ ခပ်တင်းတင်းပဲ ဆက်ဆံတတ်ပါတယ်။ ဒါတွေကြောင့်ပဲ သူတို့တွေကို မာနကြီး တယ်လို့ အထင်ခံ ရတတ် ပါတယ်။

လွယ်လွယ် ခေါင်းမညိမ့်တတ်ဘူး”

ဒီလို မိန်းကလေးတွေက လွယ်လွယ် မချစ်တတ် သလို၊ လွယ်လွယ်လည်း ခေါင်းမညိမ့် တတ်ကြပါဘူး။ အဲဒီ့လူရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေကို လေ့လာဖို့ အချိန်ယူ တတ်ကြပါသေးတယ်။ နောက်ပြီး သူတို့အပေါ် အခွင့်အရေးယူ အပျော်ကြံတာမျိုး ကိုလည်း အရမ်း မုန်းတတ်ကြပါတယ် …။

သူတို့ရဲ့ အချစ်ကို ရချင်ရင်တော့ အချိန် တစ်ခုတော့ စိတ်ရှည်စွာနဲ့ စောင့်ဆိုင်း ရပါလိမ့်မယ်။ စောင့်ဆိုင်းရတဲ့ အချိန်နဲ့ တန်အောင်လည်း သူတို့ရဲ့ အချစ်က တန်ဖိုးကြီးလွန်းပါတယ် …။

ကိုယ့်ရဲ့တန်ဖိုးကို မြင့်အောင်နေတတ်တယ်”

သူတို့လေးတွေက ကိုယ့်အားကိုယ် ကိုးတတ်သလို တစ်ခြားသူတွေ ဆီက အကူအညီကိုလည်း အလွယ်တကူ မရယူ တတ်ကြပါဘူး။ သူတို့တွေက ငွေကြေး စည်းစိမ်တွေ ထက် ကိုယ့်ကျင့်တရားကိုပဲ အဓိက တန်ဖိုးထားတတ်ကြပါတယ် …။

အမြဲတမ်း ကိုယ့်ကိုယ်ကို တန်ဖိုးမြင့်အောင် နေထိုင်တတ် သလို တစ်ခြားသူတွေကိုလည်း အထင်မသေးတတ်ကြပါဘူးနော်။ ကိုယ့်ကိုယ်ကို ချစ်ပြီး သူတို့ရဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်တတ်ကြပါတယ် …။

မိန်းကလေးအချင်းချင်း စာနာတတ်တယ်”

ဒီလို မိန်းကလေးတွေက ယောက်ျားလေးတွေကိုသာ ခပ်တင်းတင်း ဆက်ဆံတတ်ပေမယ့် ကိုယ့်မိန်းကလေးအချင်းချင်းတော့ အမြဲတမ်း ကူညီဖေး မပေးတတ်တဲ့ သူတွေပါ …။

အကူအညီ လိုနေတဲ့မိန်းကလေးတွေကို ကူညီတတ်သလို၊ စိတ်ဓာတ်ခွန်အား လိုအပ်နေတဲ့ မိန်းကလေးတွေကို စိတ်ဓာတ် ခွန်အားပေးတတ်ကြပါတယ်။ မိန်းကလေးတိုင်းကို တန်ဖိုးမြင့်မြင့်နဲ့ ကောင်းမွန်တဲ့ ခရီးလမ်းကို လျှောက်လှမ်းစေချင်ကြသူတွေပဲ ဖြစ်ပါတယ် …။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားတယ်”

မာနရှိတဲ့ မိန်းကလေးတွေ ဆိုတာ တစ်ခြားသူ အပေါ် မှီခိုအားကိုးနေ ရမှာကို လုံးဝ မကြိုက် တတ်ကြပါဘူး။ သူတို့ရဲ့ ဘဝကို သူတို့ စိတ်ကြိုက် ပုံဖော်တတ်ကြပြီး ဘဝကို မြင့်မြင့်မားမား ဖြတ်သန်းနိုင်အောင် ကြိုးစား တတ်ကြပါဘူး။ လွယ်လွယ်နဲ့ အရှုံးမပေးတတ်သလို စိတ်ဓာတ်လည်း ခိုင်မာကြပါသေးတယ် …။ ။

Khin

Credit