ကိုယ္အရမ္းခ်စ္ရတဲ့ကိုယ့္ခ်စ္သူအေပၚ လုံးဝမလုပ္သင့္တဲ့ အမွားမ်ား…
တကယ္ခ်စ္ၾကတဲ့ ခ်စ္သူစုံတြဲေတြၾကားမွာ မေမွ်ာ္လင့္ဘဲ လမ္းခြဲဖို႔ထိ ျဖစ္သြားေစတဲ့ အမွားေတြကို လုပ္မိတတ္ၾကပါတယ္။ ဒါေၾကာင့္ ဒီအမွားေတြကို မလုပ္မိေအာင္ အထူး သတိထားသင့္ပါတယ္ …။
၁။ စိတ္ေကာက္လြန္းျခင္း”
စိတ္ေကာက္တာဟာ ခ်စ္သူဘဝရဲ႕ေပ်ာ္႐ႊင္စရာ Game ေလးတစ္ခုလိုပါပဲ။ ဒါေပမယ့္ Game Over မျဖစ္သြားဖို႔ေတာ့ လိုပါတယ္။ ေခ်ာ့တက္တယ့္သူေတြအတြက္ ျပႆနာ မရွိေပမယ့္ မေခ်ာ့တက္တဲ့ သူေတြအတြက္ အဆိုးဆုံး ျပႆနာပါပဲ …။
စိတ္ေကာက္ပါ။ ဒါေပမယ့္ ေခ်ာ့ရင္ စိတ္ေျပေပးပါ။ တန္ေဆးလြန္ေဘးတဲ့။ မိုး႐ြာလို႔ ပန္းေတြလန္းဆန္း ေပမယ့္ မိုးမ်ားရင္လည္း ပန္းခင္းပ်က္သြားတတ္ပါတယ္ …။
၂။ သဝန္တိုလြန္းအားျခင္း”
မိန္းကေလးျဖစ္ေစ၊ ေယာက်္ားေလးျဖစ္ေစ သဝန္ တိုတက္ၾကပါတယ္။ သဝန္တိုတာ ဟာ အခ်စ္တဲ့။ မွန္သင့္သေလာက္မွန္ေပမယ့္ သဝန္တိုလြန္းတာဟာ မာနကို ထိပါးလာတတ္တာကို သတိျပဳပါ …။
ကိုယ္က်င့္သိကၡာကို ေစာ္ကားသလိုျဖစ္လာ တက္ပါတယ္။ ဆိုးတာ ႏြဲ႕တာအျပစ္မဟုတ္ေပမယ့္ စြပ္စြဲတာဟာ မယုံၾကည္ျခင္းသက္ေသပါပဲ …။
၃။ မပြင့္လင္းျခင္း”
ခ်စ္သူေတြအျဖစ္က ဘဝလက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္မယ္ဆို ပြင့္လင္းဖို႔လိုပါလိမ့္မယ္။ မပြင့္လင္းတာဟာ မ႐ိုးသားတာပါပဲ။ မ႐ိုးသားတာဟာ လိမ္ညာတာပါပဲ …။
ဘဝခရီးက အရွည္ႀကီးပါ။ ကိုယ့္စိတ္ဓာတ္အမွန္၊ ဘဝအမွန္၊ စ႐ိုက္အမွန္ ကို သူလက္ခံမွ ကိုယ္ေကာလက္ခံမွ သက္ဆုံးတိုင္ဆိုတဲ့ စကားလုံး ျဖစ္လာမွာပါ …။
မစိုက္ခင္ကတည္းက ကိုယ္ပ်ိဳးတဲ့အပင္ဟာ ကိုယ္ႏွစ္သက္တဲ့ အပင္ျဖစ္မွ အပင္ေကာ ကိုယ္ေကာ ႏွစ္ဘက္လုံး ၾကည္ႏူးရမွာပါ။ ႏွင္းဆီစိုက္ၿပီး စံပယ္ရနံ႔ လိုခ်င္တဲ့အခါ ဆူးေတြဟာ ကိုယ့္အတြက္ ဒဏ္ရာ ျဖစ္ေစမွာပါပဲေနာ္ …။
၄။ မရွက္ပါနဲ႔”
အရွက္ကုန္ဖို႔ ေျပာတာမဟုတ္ပါဘူး။ ကိုယ္အစက တည္းက ေ႐ြးခ်ယ္တဲ့ ခ်စ္သူအေပၚ ကိုယ္က်င့္တရားကိုေတာ႔ ယံုေပးပါ …။
အနမ္းေလးေတြ ခိုးနမ္းလို႔ ေဒါသတအား မထြက္ျပပါနဲ႔။ ခ်စ္တယ္လို႔ မၾကာခဏေျပာဖို႔မရွက္ပါနဲ႔။ ႏွစ္ေယာက္တြဲသြားဖို႔ မရွက္ပါနဲ႔။ လူသိမွာ မရွက္ပါနဲ႔ …။
ဘယ္သူမဆို ကိုယ့္ခ်စ္သူကို မ႑ပ္တိုင္ တပ္ျပခ်င္တဲ့ သူေတြခ်ည္းပါပဲ။ ဟင္းခ်ိဳခ်က္သလိုေပါ့ ဆားခ်ည္းပဲလည္း မျဖစ္ဘူး အခ်ိဳမွႈန႔္ေလးလဲပါမွ အရသာျပည့္စုံမွာေပါ့ေလ …။
၅။ အခ်ိန္မေပးႏိုင္ျခင္း”
ခ်စ္သူေတြပါ ဂ႐ုစိုက္မူေတာ့လိုခ်င္ၾကတာေပါ့။ ကမာၻပ်က္ရင္ေတာင္ Miss Call ေလးတခုေတာ့ ကိုယ့္ အတြက္ ပို႔ေပးေစခ်င္ၾကပါတယ္ …။
မအားဘူးဆိုတဲ့ အေၾကာင္းျပခ်က္က အဓိပၸါယ္မရွိသလို။ အိမ္က ေပးမထြက္လို႔ ဆိုတဲ့စကားက မခိုင္လုံပါဘူး။ ဆက္သြယ္လို႔ မရလို႔ ဆိုတဲ့ စကားက ပိုဆိုးသြားပါၿပီ …။
အျပင္က ခ်စ္သူေတြဆို Sunday လို ေန႔မ်ိဳး Online က ခ်စ္သူေတြဆို ညဘက္သီးသန႔္ အခ်ိန္ ၁ နာရီေပးတာ မ်ိဳးေပါ့။ လြယ္လြန္းအားႀကီးတဲ့ အရာက ခက္ေနတာပါ …။
၆။ နားလည္မႈ မရွိျခင္း”
ျဖည့္မေတြးတက္ျခင္းပါ။ နားလည္မႈ မရွိတဲ့ ခ်စ္သူ ရထားတာဟာ ကိုယ္/စိတ္ဒုကၡခံေနရသလိုပါပဲ။ အျမင္မတူတာဟာ လက္တြဲျဖဳတ္ရျခင္းရဲ႕အမ်ားဆုံး အခ်က္လို႔ ေျပာလို႔ေတာင္ရပါတယ္ …။
ကိုယ္က သူ႔ဘက္ကေတြးေပးပါ။ သူက ကိုယ့္ဘက္က ျပန္ေတြးေပးပါလိမ့္မယ္။ ကိုယ့္ဘက္က ၾကည့္ေတာ့ ၉ သူ႔ဘက္က ၾကည့္ေတာ့ ၆ တကယ္ေတာ့ တစ္ဘက္တည္း မွာ ႏွစ္ေယာက္ ရပ္ဖို႔ ေမ့ေနၾကတာပါ …။
၇။ မာန ထားလြန္းျခင္း”
ခ်စ္သူပါ အေစခံတစ္ေယာက္မဟုတ္သလို ကိုယ္ရံေတာ္ သက္သက္လည္းမဟုတ္ပါဘူး။ အၿမဲတမ္း ကိုယ့္ လက္ေအာက္မွာ ေနဖို႔မေမွ်ာ္လင့္ပါနဲ႔ …။
ခ်စ္သူသဘာဝ အျပဳအမူတခ်ိဳ႕ကိုေတာင္ ခြင့္မေပး…တန္လို႔လား…ဆိုတဲ့ အၾကည့္မ်ိဳးနဲ႔ ၾကည့္လာတဲ့အခါ… ဘယ္ေလာက္ ေအာက္က်ေနာက္က်ခ်စ္ေနပါေစ စိတ္ပ်က္လက္ေလ်ာ့ သြားတတ္ပါတယ္ …။
နတ္သမီးပုံျပင္ကို လူတိုင္းမက္ခ်င္ ၾကပါတယ္။ ဘဝတစ္ေလွ်ာက္လုံး အိပ္ေနဖို႔ေတာ့ ဘယ္သူမွ စိတ္ကူးမရွိပါဘူးေနာ္ …။
၈။ အေပ်ာ္အပ်က္လုပ္ျခင္း”
ေလးေလးနက္နက္မရွိတဲ့ လူတစ္ေယာက္ကို ဘဝ လက္တြဲေဖာ္ဘယ္သူကေ႐ြးပါ့မလဲ ခ်စ္သူက ေနာင္ေရး တိုင္ပင္တဲ့အခါ တည္တည္တံ့တံ့ ေျပာပါ …။
ေဆြးေႏြးေပးပါ။ ေရထဲမွာ ေညာင္ပင္စိုက္လို႔မရပါဘူ….ေျမသားျဖစ္မွ အရိပ္ ေကာင္းေကာင္း အပင္ရမွာပါ …။
၉။ ကတိေဖာက္ဖ်က္ျခင္း”
ကတိဆိုတာ သစၥာနိဒါန္းပါ။ မျမင္ရတဲ့ စာခ်ဳပ္တစ္ခုပါပဲ။ ကတိမတည္တဲ့သူဟာ သစၥာမရွိတဲ့သူပါပဲ။ ေရထဲမွာ အ႐ုပ္ေရးျပရင္ေတာ့ အနာဂါတ္က ခဏေလးနဲ႔ ေပ်ာက္သြားမွာပါ …။
၁၀။ လမ္းခြဲဖို႔ မၾကာခဏေျပာခ်င္း”
ျဖစ္ႏိုင္ရင္ လုံးဝမေျပာပါနဲ႔။ ဘယ္လိုခ်စ္မယ္ ဘယ္လို ေရွ႕ဆက္မယ္ပဲေျပာပါ။ စိတ္ထဲကပါမွ စကားလုံးဆိုတာ ထြက္က်လာတာပါ …။
မေတာ္တဆပဲျဖစ္ျဖစ္ ရည္႐ြယ္ခ်က္နဲ႔ပဲျဖစ္ျဖစ္ ေႂကြပန္းကန္က လြတ္က်ရင္ ကြဲတာပဲ …။
၁၁။ တစ္ကိုယ္ေကာင္း ဆန္တက္ျခင္း”
ေတာင္တက္ ပုံျပင္လိုပါပဲ၊ ခ်စ္သူေတြေတာင္ေပၚတက္တဲ့ အခါ ခရီးကပမ္းလာၿပီး တစ္ကိုယ္ေကာင္းဆန္လာ ၾကပါတယ္ …။
ဒါေၾကာင့္ ေတာင္ေပၚကျပန္ဆင္းသြားတဲ့အခါ ခ်စ္သူႏွစ္ေယာက္ စိတ္ဓာတ္အမွန္သိၿပီး လမ္းခြဲသြားၾကပါတယ္ …။
သူငယ္ခ်င္းႏွစ္ေယာက္ ေတာင္တက္တဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ေဖးကူ ထူမ နားလည္မႈ ရသြားတဲ့အခါ ေတာင္ေပၚကျပန္ဆင္းလာတဲ့အခါ သူတို႔ဟာ အခ်စ္ဆုံးေတြ ျဖစ္သြားၾကပါတယ္ …။
ခ်စ္သူႏွစ္ေယာက္ ေတာင္တက္တယ္။ တစ္ဦးနဲ႔ တစ္ဦး ေဖးကူတယ္။ တစ္ဦးအေပၚတစ္ဦး ကူညီတယ္။ ေတာင္တက္လမ္းက ၾကမ္းေလ သစၥာတရားက ခိုင္ၿမဲေလပါပဲ …။
သူတို႔ခ်စ္သူႏွစ္ဦး ေတာင္ေပၚက ျပန္ဆင္း လာတဲ့အခါ… သိၾကားမင္းျဖတ္ေတာင္ မျပတ္တဲ့ ခ်စ္သူေတြ ျဖစ္သြားေကာ …။
ခ်စ္သူတိုင္း အဆင္ေျပၾကပါေစ……အခ်စ္စစ္မ်ား ပန္းဝင္ႏိုင္ၾကပါေစေနာ္ …။ ။
Credit
Unicode Version ဖြင့်ဖတ်ရန်
ကိုယ်အရမ်းချစ်ရတဲ့ကိုယ့်ချစ်သူအပေါ် လုံးဝမလုပ်သင့်တဲ့ အမှားများ…
တကယ်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေကြားမှာ မမျှော်လင့်ဘဲ လမ်းခွဲဖို့ထိ ဖြစ်သွားစေတဲ့ အမှားတွေကို လုပ်မိတတ်ကြပါတယ်။ ဒါကြောင့် ဒီအမှားတွေကို မလုပ်မိအောင် အထူး သတိထားသင့်ပါတယ် …။
၁။ စိတ်ကောက်လွန်းခြင်း”
စိတ်ကောက်တာဟာ ချစ်သူဘဝရဲ့ပျော်ရွှင်စရာ Game လေးတစ်ခုလိုပါပဲ။ ဒါပေမယ့် Game Over မဖြစ်သွားဖို့တော့ လိုပါတယ်။ ချော့တက်တယ့်သူတွေအတွက် ပြဿနာ မရှိပေမယ့် မချော့တက်တဲ့ သူတွေအတွက် အဆိုးဆုံး ပြဿနာပါပဲ …။
စိတ်ကောက်ပါ။ ဒါပေမယ့် ချော့ရင် စိတ်ပြေပေးပါ။ တန်ဆေးလွန်ဘေးတဲ့။ မိုးရွာလို့ ပန်းတွေလန်းဆန်း ပေမယ့် မိုးများရင်လည်း ပန်းခင်းပျက်သွားတတ်ပါတယ် …။
၂။ သဝန်တိုလွန်းအားခြင်း”
မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ သဝန် တိုတက်ကြပါတယ်။ သဝန်တိုတာ ဟာ အချစ်တဲ့။ မှန်သင့်သလောက်မှန်ပေမယ့် သဝန်တိုလွန်းတာဟာ မာနကို ထိပါးလာတတ်တာကို သတိပြုပါ …။
ကိုယ်ကျင့်သိက္ခာကို စော်ကားသလိုဖြစ်လာ တက်ပါတယ်။ ဆိုးတာ နွဲ့တာအပြစ်မဟုတ်ပေမယ့် စွပ်စွဲတာဟာ မယုံကြည်ခြင်းသက်သေပါပဲ …။
၃။ မပွင့်လင်းခြင်း”
ချစ်သူတွေအဖြစ်က ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆို ပွင့်လင်းဖို့လိုပါလိမ့်မယ်။ မပွင့်လင်းတာဟာ မရိုးသားတာပါပဲ။ မရိုးသားတာဟာ လိမ်ညာတာပါပဲ …။
ဘဝခရီးက အရှည်ကြီးပါ။ ကိုယ့်စိတ်ဓာတ်အမှန်၊ ဘဝအမှန်၊ စရိုက်အမှန် ကို သူလက်ခံမှ ကိုယ်ကောလက်ခံမှ သက်ဆုံးတိုင်ဆိုတဲ့ စကားလုံး ဖြစ်လာမှာပါ …။
မစိုက်ခင်ကတည်းက ကိုယ်ပျိုးတဲ့အပင်ဟာ ကိုယ်နှစ်သက်တဲ့ အပင်ဖြစ်မှ အပင်ကော ကိုယ်ကော နှစ်ဘက်လုံး ကြည်နူးရမှာပါ။ နှင်းဆီစိုက်ပြီး စံပယ်ရနံ့ လိုချင်တဲ့အခါ ဆူးတွေဟာ ကိုယ့်အတွက် ဒဏ်ရာ ဖြစ်စေမှာပါပဲနော် …။
၄။ မရှက်ပါနဲ့”
အရှက်ကုန်ဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ်အစက တည်းက ရွေးချယ်တဲ့ ချစ်သူအပေါ် ကိုယ်ကျင့်တရားကိုတော့ ယုံပေးပါ …။
အနမ်းလေးတွေ ခိုးနမ်းလို့ ဒေါသတအား မထွက်ပြပါနဲ့။ ချစ်တယ်လို့ မကြာခဏပြောဖို့မရှက်ပါနဲ့။ နှစ်ယောက်တွဲသွားဖို့ မရှက်ပါနဲ့။ လူသိမှာ မရှက်ပါနဲ့ …။
ဘယ်သူမဆို ကိုယ့်ချစ်သူကို မဏ္ဍပ်တိုင် တပ်ပြချင်တဲ့ သူတွေချည်းပါပဲ။ ဟင်းချိုချက်သလိုပေါ့ ဆားချည်းပဲလည်း မဖြစ်ဘူး အချိုမှှုန့်လေးလဲပါမှ အရသာပြည့်စုံမှာပေါ့လေ …။
၅။ အချိန်မပေးနိုင်ခြင်း”
ချစ်သူတွေပါ ဂရုစိုက်မူတော့လိုချင်ကြတာပေါ့။ ကမာ္ဘပျက်ရင်တောင် Miss Call လေးတခုတော့ ကိုယ့် အတွက် ပို့ပေးစေချင်ကြပါတယ် …။
မအားဘူးဆိုတဲ့ အကြောင်းပြချက်က အဓိပ္ပါယ်မရှိသလို။ အိမ်က ပေးမထွက်လို့ ဆိုတဲ့စကားက မခိုင်လုံပါဘူး။ ဆက်သွယ်လို့ မရလို့ ဆိုတဲ့ စကားက ပိုဆိုးသွားပါပြီ …။
အပြင်က ချစ်သူတွေဆို Sunday လို နေ့မျိုး Online က ချစ်သူတွေဆို ညဘက်သီးသန့် အချိန် ၁ နာရီပေးတာ မျိုးပေါ့။ လွယ်လွန်းအားကြီးတဲ့ အရာက ခက်နေတာပါ …။
၆။ နားလည်မှု မရှိခြင်း”
ဖြည့်မတွေးတက်ခြင်းပါ။ နားလည်မှု မရှိတဲ့ ချစ်သူ ရထားတာဟာ ကိုယ်/စိတ်ဒုက္ခခံနေရသလိုပါပဲ။ အမြင်မတူတာဟာ လက်တွဲဖြုတ်ရခြင်းရဲ့အများဆုံး အချက်လို့ ပြောလို့တောင်ရပါတယ် …။
ကိုယ်က သူ့ဘက်ကတွေးပေးပါ။ သူက ကိုယ့်ဘက်က ပြန်တွေးပေးပါလိမ့်မယ်။ ကိုယ့်ဘက်က ကြည့်တော့ ၉ သူ့ဘက်က ကြည့်တော့ ၆ တကယ်တော့ တစ်ဘက်တည်း မှာ နှစ်ယောက် ရပ်ဖို့ မေ့နေကြတာပါ …။
၇။ မာန ထားလွန်းခြင်း”
ချစ်သူပါ အစေခံတစ်ယောက်မဟုတ်သလို ကိုယ်ရံတော် သက်သက်လည်းမဟုတ်ပါဘူး။ အမြဲတမ်း ကိုယ့် လက်အောက်မှာ နေဖို့မမျှော်လင့်ပါနဲ့ …။
ချစ်သူသဘာဝ အပြုအမူတချို့ကိုတောင် ခွင့်မပေး…တန်လို့လား…ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လာတဲ့အခါ… ဘယ်လောက် အောက်ကျနောက်ကျချစ်နေပါစေ စိတ်ပျက်လက်လျော့ သွားတတ်ပါတယ် …။
နတ်သမီးပုံပြင်ကို လူတိုင်းမက်ချင် ကြပါတယ်။ ဘဝတစ်လျှောက်လုံး အိပ်နေဖို့တော့ ဘယ်သူမှ စိတ်ကူးမရှိပါဘူးနော် …။
၈။ အပျော်အပျက်လုပ်ခြင်း”
လေးလေးနက်နက်မရှိတဲ့ လူတစ်ယောက်ကို ဘဝ လက်တွဲဖော်ဘယ်သူကရွေးပါ့မလဲ ချစ်သူက နောင်ရေး တိုင်ပင်တဲ့အခါ တည်တည်တံ့တံ့ ပြောပါ …။
ဆွေးနွေးပေးပါ။ ရေထဲမှာ ညောင်ပင်စိုက်လို့မရပါဘူ….မြေသားဖြစ်မှ အရိပ် ကောင်းကောင်း အပင်ရမှာပါ …။
၉။ ကတိဖောက်ဖျက်ခြင်း”
ကတိဆိုတာ သစ္စာနိဒါန်းပါ။ မမြင်ရတဲ့ စာချုပ်တစ်ခုပါပဲ။ ကတိမတည်တဲ့သူဟာ သစ္စာမရှိတဲ့သူပါပဲ။ ရေထဲမှာ အရုပ်ရေးပြရင်တော့ အနာဂါတ်က ခဏလေးနဲ့ ပျောက်သွားမှာပါ …။
၁၀။ လမ်းခွဲဖို့ မကြာခဏပြောချင်း”
ဖြစ်နိုင်ရင် လုံးဝမပြောပါနဲ့။ ဘယ်လိုချစ်မယ် ဘယ်လို ရှေ့ဆက်မယ်ပဲပြောပါ။ စိတ်ထဲကပါမှ စကားလုံးဆိုတာ ထွက်ကျလာတာပါ …။
မတော်တဆပဲဖြစ်ဖြစ် ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် ကြွေပန်းကန်က လွတ်ကျရင် ကွဲတာပဲ …။
၁၁။ တစ်ကိုယ်ကောင်း ဆန်တက်ခြင်း”
တောင်တက် ပုံပြင်လိုပါပဲ၊ ချစ်သူတွေတောင်ပေါ်တက်တဲ့ အခါ ခရီးကပမ်းလာပြီး တစ်ကိုယ်ကောင်းဆန်လာ ကြပါတယ် …။
ဒါကြောင့် တောင်ပေါ်ကပြန်ဆင်းသွားတဲ့အခါ ချစ်သူနှစ်ယောက် စိတ်ဓာတ်အမှန်သိပြီး လမ်းခွဲသွားကြပါတယ် …။
သူငယ်ချင်းနှစ်ယောက် တောင်တက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ဖေးကူ ထူမ နားလည်မှု ရသွားတဲ့အခါ တောင်ပေါ်ကပြန်ဆင်းလာတဲ့အခါ သူတို့ဟာ အချစ်ဆုံးတွေ ဖြစ်သွားကြပါတယ် …။
ချစ်သူနှစ်ယောက် တောင်တက်တယ်။ တစ်ဦးနဲ့ တစ်ဦး ဖေးကူတယ်။ တစ်ဦးအပေါ်တစ်ဦး ကူညီတယ်။ တောင်တက်လမ်းက ကြမ်းလေ သစ္စာတရားက ခိုင်မြဲလေပါပဲ …။
သူတို့ချစ်သူနှစ်ဦး တောင်ပေါ်က ပြန်ဆင်း လာတဲ့အခါ… သိကြားမင်းဖြတ်တောင် မပြတ်တဲ့ ချစ်သူတွေ ဖြစ်သွားကော …။
ချစ်သူတိုင်း အဆင်ပြေကြပါစေ……အချစ်စစ်များ ပန်းဝင်နိုင်ကြပါစေနော် …။ ။
Credit