ျပဳျပင္ေျပာင္းလဲလို႔မရတဲ့ သူတစ္ေယာက္ကိုခ်စ္မိၿပီးေနာက္ ရလုိက္တဲ့သင္ခန္းစာ(၅)ခု

ျပဳျပင္ေျပာင္းလဲလို႔မရတဲ့ သူတစ္ေယာက္ကိုခ်စ္မိၿပီးေနာက္ ရလုိက္တဲ့သင္ခန္းစာ(၅)ခု

လူတစ္ေယာက္က သူ႕ရဲ႕ ပင္ကိုယ္ဗီဇကို ကိုယ့္ေၾကာင့္ ေျပာင္းလဲလိုက္တယ္၊ ကိုုယ္က သူ႕ရဲ႕ မေကာင္းတဲ့အက်င့္ေတြနဲ႕ ေမြးရာပါဗီဇကို ေျပာင္းလဲလို႕ ရလိုက္တယ္ဆိုတာက မျဖစ္နိုင္ဘူးလို႕ လူေတြက ေျပာေလ့ရွိပါတယ္။ ဒါကို မယံုလို႕ ကိုယ့္လက္ထဲေရာက္မွ သူ႕ရဲ႕အရာရာကို ေျပာင္းလဲပစ္လုိက္မယ္လို႕ေတြးျပီး လက္တြဲခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ကိုယ္က သူ႕ကို ဘယ္လိုမွ ျပဳျပင္ေျပာင္းလဲလို႕မရေတာ့တဲ့အခါမွာ ဒီလိုသင္ခန္းစာေတြ ရလိုက္ပါတယ္။

(၁) ဗီဇဆိုတာေဖ်ာက္လို႕မရမွန္း သိလိုက္ရတယ္”

လူတစ္ေယာက္ရဲ႕ ေမြးကတည္းက ပါလာတဲ့ ဗီဇက ေဖ်ာက္လို႕မရဘူး ဆိုတဲ့ စကားက ေရွ႕လူေတြ အလကားေလွ်ာက္ေျပာထားခဲ့တဲ့ စကားမဟုတ္ပါဘူး။ တကယ့္ အမွန္တရားပါ။ ကိုယ္က သူေျပာင္းလဲလာမလားလို႕ ဘယ္ေလာက္ပဲေမွ်ာ္လင့္ခဲ့ေပမယ့္ သူကေတာ့ အရင္ကလည္း ဒီအတိုင္း၊ အခုလည္း အရင္အတိုင္း၊ ေနာက္လည္း ဒီပံုစံဒီအခ်ိဳးအတိုင္း အျမဲျဖစ္ေနဦးမွာပဲ ဆိုတာကို သိလိုက္ရပါတယ္…။

(၂) ကိုယ့္အေတြးေတြ မွားေနတယ္ဆိုတာသိလိုက္ရတယ္”

လူတစ္ေယာက္ကို ျပဳျပင္ဖို႕ၾကိဳးစားျပီး မေအာင္ျမင္တာဟာ သူ႕အမွား မဟုတ္ပါဘူး၊ သူ႕ကို ျပဳျပင္လို႕ရမယ္လို႕ ေတြးခဲ့တဲ့ ကိုယ့္အမွားပဲ ဆိုတာကို သိလိုက္ရတာပါပဲ …။

(၃) သူ႕အစားကိုယ္က၀င္ဆံုးျဖတ္လို႕မရနိုင္ဘူးဆိုတာ သိလိုက္ရတယ္”

တျခားလူတစ္ေယာက္ဟာ ကိုယ္မဟုတ္တဲ့အတြက္ သူ႕ေနရာကို ၀င္ျပီး ကိုယ္က ဆံုးျဖတ္ခ်က္ ခ်ေပးလို႕မရပါဘူး။ ကိုယ္က ဘယ္ေလာက္ေစတနာရွိေပမယ့္ ကိုယ္ခ်စ္တဲ့သူကို ေျခာက္ျပစ္ကင္း သဲလဲစင္ျဖစ္ေစခ်င္ေပမယ့္ သူ႕ဘက္က ျပဳျပင္မယ္လို႕ မဆံုးျဖတ္မခ်င္း ဘာမွမတတ္နိုင္ပါဘူး။ သူကသူ၊ ကိုယ္ကကိုယ္ပဲဆိုတာကို ကြဲကြဲျပားျပား သိလိုက္ရတာမ်ိဳးပါ …။

(၄) အသြင္တူမ ွအိမ္သူျဖစ္တယ္ဆိုတာမွန္တယ္”

သူဘယ္ေလာက္ဆိုးဆိုး ကိုယ္ရေအာင္ျပဳျပင္မယ္လို႕ ဆံုးျဖတ္ခဲ့ေပမယ့္ သူ႕ဘက္က မေျပာင္းလဲလာတဲ့အခါမွာ ေရွ႕ဆက္ဖို႕အတြက္ ခက္ခဲလာပါတယ္။ လူၾကီးေတြေျပာတဲ့ ‘အသြင္မတူရင္ အိမ္သူမျဖစ္ဘူး’ ဆိုတဲ့ စကားက မွန္ေနတာပဲဆိုတာကိုလည္း သိလိုက္ရျပန္ပါတယ္ …။

(၅) တစ္သက္လံုးလက္ခံနိုင္မလား၊ ထြက္သြားမလား ေရြးခ်ယ္ရတဲ့ အခ်ိန္ေရာက္ကိုေရာက္လာမယ္”

သူနဲ႕ကိုယ္နဲ႕ ေရွ႕ဆက္ဖို႕ သူ႕ရဲ႕ ပင္ကိုယ္ဗီဇ၊ အက်င့္စရိုက္ကို တစ္သက္လံုး လက္ခံသြားနိုင္ျပီလား၊ ဒါမွမဟုတ္ သူနဲ႕လက္တြဲျဖဳတ္နိုင္ျပီလား စဥ္းစားရခက္တဲ့ အခ်ိန္ဆိုတာ ေရာက္ကိုေရာက္လာပါလိမ့္မယ္။ တစ္သက္လံုး လက္ခံသြားဖို႕က်ေတာ့လည္း သူနဲ႕ကိုယ္က စရိုက္မတူ၊ သူ႕အက်င့္စရိုက္ေတြကို သည္းခံသြားဖို႕က သိပ္မျဖစ္နိုင္သလိုျဖစ္ေနျပီး၊ လက္တြဲျဖဳတ္ဖို႕က်ေတာ့လည္း သူနဲ႕မခြဲနိုင္ဆိုတာမ်ိဳးေတြျဖစ္လာတတ္တာေၾကာင့္ လူတစ္ေယာက္ကို ငါ့လက္ထဲေရာက္မွ ျပဳျပင္လုိက္မယ္ဆိုျပီး တြဲတာမ်ိဳးေတြ မလုပ္သင့္ပါဘူးလို႕ ေျပာခ်င္ပါတယ္ေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

ပြုပြင်ပြောင်းလဲလို့မရတဲ့ သူတစ်ယောက်ကိုချစ်မိပြီးနောက် ရလိုက်တဲ့သင်ခန်းစာ(၅)ခု

လူတစ်ယောက်က သူ့ရဲ့ ပင်ကိုယ်ဗီဇကို ကိုယ့်ကြောင့် ပြောင်းလဲလိုက်တယ်၊ ကိုယ်က သူ့ရဲ့ မကောင်းတဲ့အကျင့်တွေနဲ့ မွေးရာပါဗီဇကို ပြောင်းလဲလို့ ရလိုက်တယ်ဆိုတာက မဖြစ်နိုင်ဘူးလို့ လူတွေက ပြောလေ့ရှိပါတယ်။ ဒါကို မယုံလို့ ကိုယ့်လက်ထဲရောက်မှ သူ့ရဲ့အရာရာကို ပြောင်းလဲပစ်လိုက်မယ်လို့တွေးပြီး လက်တွဲခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကိုယ်က သူ့ကို ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့မရတော့တဲ့အခါမှာ ဒီလိုသင်ခန်းစာတွေ ရလိုက်ပါတယ်။

(၁) ဗီဇဆိုတာဖျောက်လို့မရမှန်း သိလိုက်ရတယ်”

လူတစ်ယောက်ရဲ့ မွေးကတည်းက ပါလာတဲ့ ဗီဇက ဖျောက်လို့မရဘူး ဆိုတဲ့ စကားက ရှေ့လူတွေ အလကားလျှောက်ပြောထားခဲ့တဲ့ စကားမဟုတ်ပါဘူး။ တကယ့် အမှန်တရားပါ။ ကိုယ်က သူပြောင်းလဲလာမလားလို့ ဘယ်လောက်ပဲမျှော်လင့်ခဲ့ပေမယ့် သူကတော့ အရင်ကလည်း ဒီအတိုင်း၊ အခုလည်း အရင်အတိုင်း၊ နောက်လည်း ဒီပုံစံဒီအချိုးအတိုင်း အမြဲဖြစ်နေဦးမှာပဲ ဆိုတာကို သိလိုက်ရပါတယ်…။

(၂) ကိုယ့်အတွေးတွေ မှားနေတယ်ဆိုတာသိလိုက်ရတယ်”

လူတစ်ယောက်ကို ပြုပြင်ဖို့ကြိုးစားပြီး မအောင်မြင်တာဟာ သူ့အမှား မဟုတ်ပါဘူး၊ သူ့ကို ပြုပြင်လို့ရမယ်လို့ တွေးခဲ့တဲ့ ကိုယ့်အမှားပဲ ဆိုတာကို သိလိုက်ရတာပါပဲ …။

(၃) သူ့အစားကိုယ်ကဝင်ဆုံးဖြတ်လို့မရနိုင်ဘူးဆိုတာ သိလိုက်ရတယ်”

တခြားလူတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့အတွက် သူ့နေရာကို ဝင်ပြီး ကိုယ်က ဆုံးဖြတ်ချက် ချပေးလို့မရပါဘူး။ ကိုယ်က ဘယ်လောက်စေတနာရှိပေမယ့် ကိုယ်ချစ်တဲ့သူကို ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်စေချင်ပေမယ့် သူ့ဘက်က ပြုပြင်မယ်လို့ မဆုံးဖြတ်မချင်း ဘာမှမတတ်နိုင်ပါဘူး။ သူကသူ၊ ကိုယ်ကကိုယ်ပဲဆိုတာကို ကွဲကွဲပြားပြား သိလိုက်ရတာမျိုးပါ …။

(၄) အသွင်တူမှအိမ်သူဖြစ်တယ်ဆိုတာမှန်တယ်”

သူဘယ်လောက်ဆိုးဆိုး ကိုယ်ရအောင်ပြုပြင်မယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် သူ့ဘက်က မပြောင်းလဲလာတဲ့အခါမှာ ရှေ့ဆက်ဖို့အတွက် ခက်ခဲလာပါတယ်။ လူကြီးတွေပြောတဲ့ ‘အသွင်မတူရင် အိမ်သူမဖြစ်ဘူး’ ဆိုတဲ့ စကားက မှန်နေတာပဲဆိုတာကိုလည်း သိလိုက်ရပြန်ပါတယ် …။

(၅) တစ်သက်လုံးလက်ခံနိုင်မလား၊ ထွက်သွားမလား ရွေးချယ်ရတဲ့ အချိန်ရောက်ကိုရောက်လာမယ်”

သူနဲ့ကိုယ်နဲ့ ရှေ့ဆက်ဖို့ သူ့ရဲ့ ပင်ကိုယ်ဗီဇ၊ အကျင့်စရိုက်ကို တစ်သက်လုံး လက်ခံသွားနိုင်ပြီလား၊ ဒါမှမဟုတ် သူနဲ့လက်တွဲဖြုတ်နိုင်ပြီလား စဉ်းစားရခက်တဲ့ အချိန်ဆိုတာ ရောက်ကိုရောက်လာပါလိမ့်မယ်။ တစ်သက်လုံး လက်ခံသွားဖို့ကျတော့လည်း သူနဲ့ကိုယ်က စရိုက်မတူ၊ သူ့အကျင့်စရိုက်တွေကို သည်းခံသွားဖို့က သိပ်မဖြစ်နိုင်သလိုဖြစ်နေပြီး၊ လက်တွဲဖြုတ်ဖို့ကျတော့လည်း သူနဲ့မခွဲနိုင်ဆိုတာမျိုးတွေဖြစ်လာတတ်တာကြောင့် လူတစ်ယောက်ကို ငါ့လက်ထဲရောက်မှ ပြုပြင်လိုက်မယ်ဆိုပြီး တွဲတာမျိုးတွေ မလုပ်သင့်ပါဘူးလို့ ပြောချင်ပါတယ်နော် …။ ။

ခရက်ဒစ်