ေယာက်္ားေလးမ်ား အျမတ္တႏုိး ယူသင့္ေသာ မိန္းမ(၁၀)မ်ိဳး …

ေယာက်္ားေလးမ်ား အျမတ္တႏုိး ယူသင့္ေသာ မိန္းမ(၁၀)မ်ိဳး …

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

(၁) အနာေရာဂါ ကင္းရွင္းျပီး အေနအထိုင္ သိမ္ေမြ႕ သန္႕ရွင္းေသာ မိန္းမ …။

(၂) မိဘအား ျပဳစု လုပ္ေကၽြးလိုစိတ္ရွိျပီး ကိုယ့္ထက္အၾကီးေတြကို ေလးစားစြာ ဆက္ဆံတတ္ျပီး …၊

ကိုယ့္ထက္ အငယ္မ်ားအား အရာရာနားလည္ ထိန္းေက်ာင္းေပးတတ္ေသာ မိန္းမ …။

(၃) ပံုမွန္အားျဖင့္ ေယာက်ာ္းဆို စိတ္မ၀င္စားတတ္ ၊ကိုယ္နဲ႕ေတြ႕မွ အိမ္ေထာင္ျပဳ ျခင္း လက္ထပ္ျခင္းအမႈကို စဥ္းစားျဖစ္ေသာ မိန္းမ …။

(၄) အရာရာကို လြယ္လြယ္မယံု ဥာဏ္နဲ႕ယွဥ္ကာ ဆံုးျဖတ္ လုပ္ကိုင္တတ္ေသာ မိန္းမ …။

ထိုအသိဥာဏ္ အေတြ႕အၾကံဳ ေလာကအျမင္မ်ားကိုလည္း သားသမီး မ်ားအား သြန္သင္ လမ္းညႊန္ျပႏိုင္ေသာ မိန္းမ …။

(၅) ဟိုးေအာက္ဆံုးအဆင့္ကေန ဟိုးအျမင့္ဆံုးအထိ ေယာက်ာ္းျဖစ္သူရဲ႕ အလုပ္အကိုင္ အဆင့္အတန္း ရာထူး ဂုဏ္ရွိန္၀ါနဲ႕ အညီ လိုက္ေလ်ာညီစြာ ေနထိုင္ျပဳမူတတ္ျပီး …၊

ဘယ္ဘ၀ေရာက္ေရာက္ ေပါင္းသင္းမည္႔ မိန္းမ …။

(၆) မာန္မာန မတက္၊ ၾကြား၀ါးလိုျခင္း အလ်ဥ္းမရွိ ရိုးသားျဖဴစင္စြာ ေနတတ္ေသာ မိန္းမ …။

(၇) အခ်က္အျပဳတ္ အိမ္သန္႕ရွင္းေရး … မိသားစု ေငြေၾကးကို စီမံခန္႕ခြဲႏိုင္မႈ သားသမီး မ်ားအား ၾကင္နာယူစြာ အုပ္ထိန္းႏိုင္မႈ

စသျဖင့္ အေျခခံ မယား၀တ္ တရားမ်ားအား ေက်ပြန္စြာ ထမ္းေဆာင္ႏိုင္ေသာ မိန္းမ …။

(၈) ဘုရား၊တရား၊သံဃာ ဘာသာတရား ကိုင္းရိႈင္းေသာ မိန္းမ …။

(၉) အက်ိဳးမရွိေသာ စိတ္ေပ်ာ္ရႊင္မႈသက္သက္ အိမ္အလည္အပတ္မ်ားျခင္း၊ အင္တာနက္တြင္ အေလလိုက္ျခင္း၊

အခ်စ္၀တၳဳေတြ ဖတ္ျခင္း၊ ရုပ္ရွင္ကားေတြ ထုိင္ၾကည္႕ျခင္း၊ စသည္တို႕တြင္ လိုတာထက္ပို၍ စိတ္ပါ၀င္စားမႈ မရွိေသာ မိန္းမ …။

(၁၀) ကိုယ္တစ္ဦးတည္းသာ အရမ္းခ်စ္ေသာ မိန္းမ …။

Credit – ဓမၼေရခ်မ္းစင္

=========

Unicode Version ဖြင့်ဖတ်ရန်

ယောက်ျားလေးများ အမြတ်တနိုး ယူသင့်သော မိန်းမ(၁၀)မျိုး …

(၁) အနာရောဂါ ကင်းရှင်းပြီး အနေအထိုင် သိမ်မွေ့ သန့်ရှင်းသော မိန်းမ …။

(၂) မိဘအား ပြုစု လုပ်ကျွေးလိုစိတ်ရှိပြီး ကိုယ့်ထက်အကြီးတွေကို လေးစားစွာ ဆက်ဆံတတ်ပြီး …၊

ကိုယ့်ထက် အငယ်များအား အရာရာနားလည် ထိန်းကျောင်းပေးတတ်သော မိန်းမ …။

(၃) ပုံမှန်အားဖြင့် ယောက်ျားဆို စိတ်မဝင်စားတတ် ၊ကိုယ်နဲ့တွေ့မှ အိမ်ထောင်ပြု ခြင်း လက်ထပ်ခြင်းအမှုကို စဉ်းစားဖြစ်သော မိန်းမ …။

(၄) အရာရာကို လွယ်လွယ်မယုံ ဉာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ် လုပ်ကိုင်တတ်သော မိန်းမ …။

ထိုအသိဉာဏ် အတွေ့အကြုံ လောကအမြင်များကိုလည်း သားသမီး များအား သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ …။

(၅) ဟိုးအောက်ဆုံးအဆင့်ကနေ ဟိုးအမြင့်ဆုံးအထိ ယောက်ျားဖြစ်သူရဲ့ အလုပ်အကိုင် အဆင့်အတန်း ရာထူး ဂုဏ်ရှိန်ဝါနဲ့ အညီ လိုက်လျောညီစွာ နေထိုင်ပြုမူတတ်ပြီး …၊

ဘယ်ဘ၀ရောက်ရောက် ပေါင်းသင်းမည့် မိန်းမ …။

(၆) မာန်မာန မတက်၊ ကြွားဝါးလိုခြင်း အလျဉ်းမရှိ ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမ …။

(၇) အချက်အပြုတ် အိမ်သန့်ရှင်းရေး … မိသားစု ငွေကြေးကို စီမံခန့်ခွဲနိုင်မှု သားသမီး များအား ကြင်နာယူစွာ အုပ်ထိန်းနိုင်မှု

စသဖြင့် အခြေခံ မယားဝတ် တရားများအား ကျေပွန်စွာ ထမ်းဆောင်နိုင်သော မိန်းမ …။

(၈) ဘုရား၊တရား၊သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမ …။

(၉) အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် အိမ်အလည်အပတ်များခြင်း၊ အင်တာနက်တွင် အလေလိုက်ခြင်း၊

အချစ်ဝတ္ထုတွေ ဖတ်ခြင်း၊ ရုပ်ရှင်ကားတွေ ထိုင်ကြည့်ခြင်း၊ စသည်တို့တွင် လိုတာထက်ပို၍ စိတ်ပါဝင်စားမှု မရှိသော မိန်းမ …။

(၁၀) ကိုယ်တစ်ဦးတည်းသာ အရမ်းချစ်သော မိန်းမ …။

Credit – ဓမ္မရေချမ်းစင်

=========