FB သုံးတာ ဒီလိုပို႔စ္မ်ိဳးေတြေၾကာင့္ ေဘလ္ ကုန္ရက်ိဳး နပ္ေနတာပါ

FB သုံးတာ ဒီလိုပို႔စ္မ်ိဳးေတြေၾကာင့္ ေဘလ္ ကုန္ရက်ိဳး နပ္ေနတာပါ

ဖတ္ၾကည့္မွ သိမွာမို႔…..ဖတ္ၾကည့္လိုက္ပါေနာ္ …။

ဖတ္ေစခ်င္လြန္းလို႔ပါ …။

လင္မယား စုံတြဲတစ္တြဲပါလာတဲ့ သေဘၤာတစ္စင္း နစ္ျမႇဳပ္သြားတယ္ …။

အခ်ိန္ေတာ္ေတာ္ၾကာမွ အသက္ကယ္ေလွတစ္စင္း ေရာက္လာပါတယ္ …။

အသက္ကယ္ေလွေပၚမွာ ေနရာဆိုလို႔ တစ္ေနရာပဲ က်န္ေတာ့တယ္ …။

အဲဒီအခ်ိန္မွာ ေယာက်္ားျဖစ္သူက သူ႔မိန္းမကို သူ႔အေနာက္ဆြဲခ်လိုက္ၿပီး သူကိုယ္တိုင္ အသက္ကယ္ေလွေပၚခုံတက္လိုက္တယ္ …။

အဲဒီ အမ်ိဳးသမီး ကေတာ့တျဖည္းျဖည္းခ်င္း နစ္ျမႇဳပ္ေနတဲ့သေဘၤာေပၚမွာ ရပ္ၿပီးသူ႔ေယာက်္ားကို စကားတစ္ခြန္း ေအာ္ျပီး ေျပာလိုက္တယ္ …။

ဒီေနရာအထိေျပာၿပီးေတာ့ ဆရာမက ေက်ာင္းသားေတြကို ၾကားျဖတ္ ေမးလိုက္တယ္ …။

“မင္းတို႔ ခန႔္မွန္းၾကည့္…အမ်ိဳးသမီးက ဘာေအာ္ေျပာလိုက္သလဲ?”

ေက်ာင္းသားေတြကေတာ့ အလုအယက္ ေဒါနဲ႔ေမာနဲ႔ ေအာ္ေျပာၾကတာေပါ႔ …“ငါနင့္ကို မုန္းတယ္…ငါကို ထားပစ္ရစ္ခဲ့တယ္…”

အဲဒီအခ်ိန္မွာ ဆရာမက ေက်ာင္းသူေလးတစ္ေယာက္ကို ဘာမွမေျပာတာကို သတိထားမိေတာ့ ဆရာမက သူ႔ကိုေမးလိုက္တယ္ …။

အဲဒီေက်ာင္းသူေလးက ျပန္ေျဖလိုက္တယ္…“ဆရာမ…သမီး ထင္တယ္…

အဲဒီ အမ်ိဳးသမီးေအာ္ေျပာလိုက္မွာက.…ငါတို႔ကေလးကို ေကာင္းေကာင္းဂ႐ုစိုက္ေပးပါ လို႔”

ဆရာမက အံ့ၾသသြားျပီး…သူ႔ကို ျပန္ေမးလိုက္မိတယ္…“အဲဒီ ပုံျပင္ကို နားေထာင္ဖူးလို႔လာ?”

ေက်ာင္းသူေလးက ေခါင္းကို ခါၿပီး ေျပာလိုက္တယ္ …။

“ဟင့္အင္း…သမီး ေမေမ ေနမေကာင္းျဖစ္ၿပီးဆုံးခါနီးမွာ ဒီစကားဟာ သူ ေဖေဖ့ကို ေျပာခဲ့တဲ့စကားပါ…”

ဆရာမက ျပန္ေျပာလိုက္တယ္….“အေျဖမွန္ပါတယ္ကြယ္…”သေဘၤာက နစ္ျမႇဳပ္သြားပါတယ္ …။

ေယာက်္ားက သူ႔ၿမိဳ႕ကို ျပန္ေရာက္ၿပီးသမီးေလးကို ႀကီးျပင္းလာတဲ့အထိ ကိုယ္တိုင္ ျပဳစုေစာင့္ေရွာက္ေပးခဲ့တယ္ …။

ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးေနာက္ အဲဒီေယာက်္ားဟာလည္း ေရာဂါနဲ႔ ဆုံးပါးသြားေတာ့ …

သမီးျဖစ္သူက သူက်န္ရစ္ခဲ့တဲ့ ပစၥည္းေတြကို ရွင္းေတာ့မွ သူ႔ေဖေဖရဲ႕ ေန႔စဥ္မွတ္တမ္းစာအုပ္ကို ေတြ႕လိုက္တယ္ …။

အဲဒီအခ်ိန္ေရာက္မွ သူသိလိုက္တယ္၊ ေဖေဖနဲ႔ ေမေမ သေဘၤာအတူစီးတဲ့အခ်ိန္မွာ ေမေမ့ေရာဂါဟာ ေနာက္ဆုံးအဆင့္ကို ေရာက္ေနပါၿပီ …။

အေရးေပၚအခ်ိန္မွာ ေဖေဖဟာ အသက္ရွင္ဖို႔တစ္မွ်င္တာရွိတဲ့ ေနရာကို အေရာက္ေျပးခဲ့တယ္ …။

သူ႔ရဲ႕ မွတ္တမ္းစာအုပ္မွာေရးထားတာက“ငါ မင္းနဲ႔ ဒီပင္လယ္ေအာက္ကို အတူတူသာ နစ္ျမႇဳပ္သြားလိုက္ခ်င္ပါတယ္ …။

ဒါေပမဲ့ ဒါဟာ မျဖစ္ႏိုင္ပါဘူး …။

သမီးေလးအတြက္ေၾကာင့္…. ဒီပင္လယ္ေရနက္ေအာက္မွာ… နင္တစ္ေယာက္တည္းကိုပဲ ထားခဲ့လိုက္ရတာပါ…”

ပုံျပင္ေျပာလို႔ၿပီးသြားပါၿပီ… အခန္းထဲမွာလဲ ၿငိမ္သက္သြားပါတယ္… ဆရာမကသိတယ္ …။

သူ႔ေက်ာင္းသားေတြ ဒီပုံျပင္ရဲ႕ အႏွစ္သာရကို နားလည္လိမ့္မယ္လို႔ …၊

ဒီေလာကမွာရွိတဲ့ ေကာင္းျခင္းဆိုးျခင္း ဆိုတာေတြက တခါတေလမွာ ေပြလီရႈပ္ေထြးလွပါတယ္ …။

ပိုင္းျခားရမွာ ခက္ခဲလွပါတယ္။ ဒါေၾကာင့္ အရာရာတိုင္းကို အေပၚယံဘဲၾကည့္ၿပီး အလြယ္တကူ ေဝဖန္ပိုင္းျခားလို႔ မရႏိုင္ပါဘူး …။

ပိုက္ဆံရွင္းခ်ိန္မွာ ပိုက္ဆံအရင္ထုတ္ၿပီးရွင္းတဲ့သူဟာ…သူ ပိုက္ဆံ အရမ္းခ်မ္းသာေနလို႔မဟုတ္ပါဘူး …။

သူက ဒီသူငယ္ခ်င္း သံေယာဇဥ္ကိုေငြေၾကးထက္ပိုၿပီး အေလးထားလို႔ပါပဲ …။

အလုပ္လုပ္ခ်ိန္မွာ အသိစိတ္နဲ႔ပိုၿပီး ႀကိဳးစားလုပ္တဲ့သူဟာ သူ အ ေနလို႔မဟုတ္ဘူး…သူက တာဝန္သိတတ္လို႔ပါပဲ …။

ရန္ျဖစ္တဲ့အခ်ိန္မွာအရင္ဆုံး ေတာင္းပန္တဲ့သူဟာ သူမွားေနလို႔မဟုတ္ပါဘူး…ကိုယ့္ေဘးက လူကိုသူ တန္ဖိုးထားရမွန္း သိေနလို႔ ျဖစ္ပါတယ္ …။

မင္းကိုအၿမဲကူညီေနတဲ့သူဟာ မင္းဆီကေန တစ္ခုခုျပန္ရဖို႔ ေတာင့္တေနတာမဟုတ္ဘူး …။

မင္းကို သူငယ္ခ်င္းအစစ္တစ္ေယာက္အေနနဲ႔ တန္ဖိုးထားလို႔ပဲ ျဖစ္ပါတယ္ …။

မင္းကို အၿမဲ မက္ေဆ့ပို႔ ဆက္သြယ္ေနတဲ့သူဟာ သူအားယားေနလို႔မဟုတ္ပါဘူး… ဒါဟာ သူ႔ စိတ္ထဲမွာ မင္း ရွိေနလို႔ပါပဲေနာ္ …။ ။

Credit – ( Dr Shwe Tun )

=============

UNICODE VERSION ျဖင္႔ဖတ္ရန္

FB သုံးတာ ဒီလိုပို့စ်မျိုးတွေကြောင့် ဘေလ် ကုန်ရကျိုး နပ်နေတာပါ

ဖတ်ကြည့်မှ သိမှာမို့…..ဖတ်ကြည့်လိုက်ပါနော် …။

ဖတ်စေချင်လွန်းလို့ပါ …။

လင်မယား စုံတွဲတစ်တွဲပါလာတဲ့ သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ် …။

အချိန်တော်တော်ကြာမှ အသက်ကယ်လှေတစ်စင်း ရောက်လာပါတယ် …။

အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့ တစ်နေရာပဲ ကျန်တော့တယ် …။

အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို သူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင် အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ် …။

အဲဒီ အမျိုးသမီး ကတော့တဖြည်းဖြည်းချင်း နစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာ ရပ်ပြီးသူ့ယောက်ျားကို စကားတစ်ခွန်း အော်ပြီး ပြောလိုက်တယ် …။

ဒီနေရာအထိပြောပြီးတော့ ဆရာမက ကျောင်းသားတွေကို ကြားဖြတ် မေးလိုက်တယ် …။

“မင်းတို့ ခန့်မှန်းကြည့်…အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”

ကျောင်းသားတွေကတော့ အလုအယက် ဒေါနဲ့မောနဲ့ အော်ပြောကြတာပေါ့ …“ငါနင့်ကို မုန်းတယ်…ငါကို ထားပစ်ရစ်ခဲ့တယ်…”

အဲဒီအချိန်မှာ ဆရာမက ကျောင်းသူလေးတစ်ယောက်ကို ဘာမှမပြောတာကို သတိထားမိတော့ ဆရာမက သူ့ကိုမေးလိုက်တယ် …။

အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…“ဆရာမ…သမီး ထင်တယ်…

အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက.…ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”

ဆရာမက အံ့သြသွားပြီး…သူ့ကို ပြန်မေးလိုက်မိတယ်…“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”

ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ် …။

“ဟင့်အင်း…သမီး မေမေ နေမကောင်းဖြစ်ပြီးဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ…”

ဆရာမက ပြန်ပြောလိုက်တယ်….“အဖြေမှန်ပါတယ်ကွယ်…”သင်္ဘောက နစ်မြှုပ်သွားပါတယ် …။

ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီးသမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးခဲ့တယ် …။

နှစ်ပေါင်းများစွာ ကြာပြီးနောက် အဲဒီယောက်ျားဟာလည်း ရောဂါနဲ့ ဆုံးပါးသွားတော့ …

သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကို တွေ့လိုက်တယ် …။

အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်၊ ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ …။

အရေးပေါ်အချိန်မှာ ဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့ နေရာကို အရောက်ပြေးခဲ့တယ် …။

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာ နစ်မြှုပ်သွားလိုက်ချင်ပါတယ် …။

ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး …။

သမီးလေးအတွက်ကြောင့်…. ဒီပင်လယ်ရေနက်အောက်မှာ… နင်တစ်ယောက်တည်းကိုပဲ ထားခဲ့လိုက်ရတာပါ…”

ပုံပြင်ပြောလို့ပြီးသွားပါပြီ… အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်… ဆရာမကသိတယ် …။

သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို နားလည်လိမ့်မယ်လို့ …၊

ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေက တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ် …။

ပိုင်းခြားရမှာ ခက်ခဲလှပါတယ်။ ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး အလွယ်တကူ ဝေဖန်ပိုင်းခြားလို့ မရနိုင်ပါဘူး …။

ပိုက်ဆံရှင်းချိန်မှာ ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ပါဘူး …။

သူက ဒီသူငယ်ချင်း သံယောဇဉ်ကိုငွေကြေးထက်ပိုပြီး အလေးထားလို့ပါပဲ …။

အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့ပိုပြီး ကြိုးစားလုပ်တဲ့သူဟာ သူ အ နေလို့မဟုတ်ဘူး…သူက တာဝန်သိတတ်လို့ပါပဲ …။

ရန်ဖြစ်တဲ့အချိန်မှာအရင်ဆုံး တောင်းပန်တဲ့သူဟာ သူမှားနေလို့မဟုတ်ပါဘူး…ကိုယ့်ဘေးက လူကိုသူ တန်ဖိုးထားရမှန်း သိနေလို့ ဖြစ်ပါတယ် …။

မင်းကိုအမြဲကူညီနေတဲ့သူဟာ မင်းဆီကနေ တစ်ခုခုပြန်ရဖို့ တောင့်တနေတာမဟုတ်ဘူး …။

မင်းကို သူငယ်ချင်းအစစ်တစ်ယောက်အနေနဲ့ တန်ဖိုးထားလို့ပဲ ဖြစ်ပါတယ် …။

မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာ သူအားယားနေလို့မဟုတ်ပါဘူး… ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါပဲနော် …။ ။

Credit – ( Dr Shwe Tun )

=============

UNICODE VERSION ဖြင့်ဖတ်ရန်