ဆံပင္အရွည္ ထားခ်င္ေပမယ့္ ဆံပင္အရွည္ေႏွးေနလို႔စိတ္ညစ္ေနရရင္…

ဆံပင္အရွည္ ထားခ်င္ေပမယ့္ ဆံပင္အရွည္ေႏွးေနလို႔စိတ္ညစ္ေနရရင္…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

ဆံေကသာဆိုတာ ကြၽန္မတို႔ မိန္းမသားေတြအတြက္ေတာ့ ဒုတိယ မ်က္ႏွာပါပဲ။ အမ်ိဳးသားပဲျဖစ္ျဖစ္ အမ်ိဳးသမီးေတြပဲျဖစ္ျဖစ္ က်န္းမာတဲ့ ဆံေကသာကို ပိုင္ဆိုင္ခ်င္တတ္ၾကပါတယ္။ အမ်ိဳးသမီးေတြအေနနဲ႔ ဆံပင္အရွည္ထားခ်င္ေပမယ့္ ဆံပင္အရွည္ ေႏွးေနလို႔ စိတ္ညစ္ေနရ တတ္ပါတယ္ …။

ကြၽန္မတို႔ ေန႔စဥ္ထိေတြ႕အသုံးျပဳေနတဲ့ ဓါတုပစၥည္းေတြ၊ စားသုံးေနတဲ့အစားအေသာက္ေတြဟာ ဆံေကသာေကာင္းျခင္း မေကာင္းျခင္းနဲ႔ သက္ဆိုင္ေနပါတယ္။ ဆံပင္အရွည္ေႏွးေနလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမတို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ …။

၁။ ဆံပင္ တိဖို႔ မေမ့ပါနဲ႔”

ဆံပင္အရွည္ျမန္ ခ်င္ရင္ေတာ့ ဆံပင္တိဖို႔မေမ့ပါနဲ႔။ ၃ လ ၄ လကိုတစ္ခါ ပဲျဖစ္ျဖစ္ ဆံပင္ကို မျဖစ္မေနတိေပး သင့္ပါတယ္။ ဒါမွ ဆံဖ်ားႏွစ္ ခြျဖစ္တာကို သက္သာေစၿပီး ဆံပင္အ ရွည္ျမန္ေစမွာပဲ ျဖစ္ပါတယ္ …။

၂။ ေရေႏြးပူပူနဲ႔ ေခါင္းမေလွ်ာ္ပါနဲ႔”

ေခါင္းကို ေရေအးနဲ႔ပဲ ေလွ်ာ္ေပးပါ။ ေရေႏြးနဲ႔ ေခါင္းေလွ်ာ္တာဟာ ဆံပင္ေတြကို ကြၽတ္ေစပါတယ္ …။

၃။ ေရမ်ားမ်ားေသာက္ပါ”

မနက္မိုးလင္းတိုင္း ေရေသာက္ၿပီး တစ္ေန႔တာလုံးကို အစျပဳသင့္ပါတယ္။ ေရဓါတ္ျဖည့္တင္းေနမွ ဆံပင္ေရာ အသားအေရေရာ သန္စြမ္းေကာင္း မြန္မွာပါ။ မဟုတ္ရင္ေတာ့ ဆံသားေျခာက္ေသြ႕ေနမွာပဲ ျဖစ္ပါတယ္ …။

၄။ ေခါင္းဘီးကို ေသခ်ာေ႐ြးဝယ္ပါ”

ကိုယ့္ဆံပင္နဲ႔ အဆင္ေျပတဲ့ ေခါင္းဘီးကို ေ႐ြးခ်ယ္ဝယ္ ယူသင့္ပါတယ္။ ၿပီးေတာ့ ေခါင္းကိုလည္း ဆံပင္ေရစိုေနတဲ့အခ်ိန္မွာ မၿဖီးပါနဲ႔။ ဆံပင္ေျခာက္ေနတဲ့ အခ်ိန္မွသာ ၿဖီးဖို႔ အၾကံေပးလိုပါတယ္ …။

၅။ ဓါတုပစၥည္းမပါတဲ့ ေခါင္ေးလွ်ာ္ရည္သုံးပါ”

Parabens, Sulphates, Silicone နဲ႔ SLS မပါတဲ့ ေခါင္းေလွ်ာ္ ရည္ေတြကိုသာ သုံးေပးပါ။ သစ္ဥသစ္ဖုေတြနဲ႔ လုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္က အေကာင္းဆုံးပါပဲ …။

၆။ အစားအေသာက္ကိုလည္း ဂ႐ုစိုက္ပါ”

က်န္းမာသန္စြမ္းတဲ့ ဆံေကသာရရွိပိုင္ ဆိုင္ေစဖို႔အတြက္ အစားအေသာက္ ကိုလည္း အဟာရညီၫႊတ္မွ်တစြာ စားေပးပါ။ လတ္ဆတ္တဲ့ အသီးအ႐ြက္၊ ငါး ႏြားႏို႔ အခြံမာသီးေတြ စားေပးသင့္ပါတယ္။ သေရစာ အျမန္စား အစားအစာမ်ိဳးေတြ ေရွာင္ပါ …။

၇။ ေခါင္းေန႔တိုင္းမေလွ်ာ္ပါနဲ႔”

ေခါင္းေန႔တိုင္းေလွ်ာ္တာ ေခါင္းပုံမွန္ေလွ်ာ္တာဟာလည္း ဆံေကသာကို ပ်က္ဆီးေစပါတယ္။ ဥပမာ – ၂ ရက္ျခားတစ္ခါေလွ်ာ္ တာမ်ိဳးမဟုတ္ဘဲ ၂ ရက္ေန ၁ ခါ ၃ ရက္ေန ၁ ခါ ေလွ်ာ္ေပးပါေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

ဆံပင်အရှည် ထားချင်ပေမယ့် ဆံပင်အရှည်နှေးနေလို့စိတ်ညစ်နေရရင်…

ဆံကေသာဆိုတာ ကျွန်မတို့ မိန်းမသားတွေအတွက်တော့ ဒုတိယ မျက်နှာပါပဲ။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးတွေပဲဖြစ်ဖြစ် ကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်တတ်ကြပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်အရှည် နှေးနေလို့ စိတ်ညစ်နေရ တတ်ပါတယ် …။

ကျွန်မတို့ နေ့စဉ်ထိတွေ့အသုံးပြုနေတဲ့ ဓါတုပစ္စည်းတွေ၊ စားသုံးနေတဲ့အစားအသောက်တွေဟာ ဆံကေသာကောင်းခြင်း မကောင်းခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ် …။

၁။ ဆံပင် တိဖို့ မမေ့ပါနဲ့”

ဆံပင်အရှည်မြန် ချင်ရင်တော့ ဆံပင်တိဖို့မမေ့ပါနဲ့။ ၃ လ ၄ လကိုတစ်ခါ ပဲဖြစ်ဖြစ် ဆံပင်ကို မဖြစ်မနေတိပေး သင့်ပါတယ်။ ဒါမှ ဆံဖျားနှစ် ခွဖြစ်တာကို သက်သာစေပြီး ဆံပင်အ ရှည်မြန်စေမှာပဲ ဖြစ်ပါတယ် …။

၂။ ရေနွေးပူပူနဲ့ ခေါင်းမလျှော်ပါနဲ့”

ခေါင်းကို ရေအေးနဲ့ပဲ လျှော်ပေးပါ။ ရေနွေးနဲ့ ခေါင်းလျှော်တာဟာ ဆံပင်တွေကို ကျွတ်စေပါတယ် …။

၃။ ရေများများသောက်ပါ”

မနက်မိုးလင်းတိုင်း ရေသောက်ပြီး တစ်နေ့တာလုံးကို အစပြုသင့်ပါတယ်။ ရေဓါတ်ဖြည့်တင်းနေမှ ဆံပင်ရော အသားအရေရော သန်စွမ်းကောင်း မွန်မှာပါ။ မဟုတ်ရင်တော့ ဆံသားခြောက်သွေ့နေမှာပဲ ဖြစ်ပါတယ် …။

၄။ ခေါင်းဘီးကို သေချာရွေးဝယ်ပါ”

ကိုယ့်ဆံပင်နဲ့ အဆင်ပြေတဲ့ ခေါင်းဘီးကို ရွေးချယ်ဝယ် ယူသင့်ပါတယ်။ ပြီးတော့ ခေါင်းကိုလည်း ဆံပင်ရေစိုနေတဲ့အချိန်မှာ မဖြီးပါနဲ့။ ဆံပင်ခြောက်နေတဲ့ အချိန်မှသာ ဖြီးဖို့ အကြံပေးလိုပါတယ် …။

၅။ ဓါတုပစ္စည်းမပါတဲ့ ခေါင်ေးလျှာ်ရည်သုံးပါ”

Parabens, Sulphates, Silicone နဲ့ SLS မပါတဲ့ ခေါင်းလျှော် ရည်တွေကိုသာ သုံးပေးပါ။ သစ်ဥသစ်ဖုတွေနဲ့ လုပ်ထားတဲ့ ခေါင်းလျှော်ရည်က အကောင်းဆုံးပါပဲ …။

၆။ အစားအသောက်ကိုလည်း ဂရုစိုက်ပါ”

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာရရှိပိုင် ဆိုင်စေဖို့အတွက် အစားအသောက် ကိုလည်း အဟာရညီညွှတ်မျှတစွာ စားပေးပါ။ လတ်ဆတ်တဲ့ အသီးအရွက်၊ ငါး နွားနို့ အခွံမာသီးတွေ စားပေးသင့်ပါတယ်။ သရေစာ အမြန်စား အစားအစာမျိုးတွေ ရှောင်ပါ …။

၇။ ခေါင်းနေ့တိုင်းမလျှော်ပါနဲ့”

ခေါင်းနေ့တိုင်းလျှော်တာ ခေါင်းပုံမှန်လျှော်တာဟာလည်း ဆံကေသာကို ပျက်ဆီးစေပါတယ်။ ဥပမာ – ၂ ရက်ခြားတစ်ခါလျှော် တာမျိုးမဟုတ်ဘဲ ၂ ရက်နေ ၁ ခါ ၃ ရက်နေ ၁ ခါ လျှော်ပေးပါနော် …။ ။

Credit