စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
Credit
======
Unicode Version ဖြင့်ဖတ်ရန်
ဂျပန်နဲ့ ကိုရီးယားက နာမည်ကြီး နတ်ဝင်သယ်(၂)ယောက်ကို မြန်မာပြည်အရေးဗေဒင် မေးကြည့်တဲ့အခါ…
ဂျပန်နိုင်ငံ နဲ့ ကိုရီးယားနိုင်ငံ နိုင်ငံ ၂ ခုမှာ နာမည်ကြီး နတ်ဝင်သယ် ၂ ယောက်ကို မြန်မာပြည်အရေး ဗေဒင်မေးကြည့်တဲ့အခါ အခုလို သိခဲ့ရပါတယ် …။
(၁) မြန်မာနိုင်ငံဟာ လက်ရှိမှာ တိမ်မဲဖုံးနေပေမယ့် မကြာခင်မှာ တိမ်မဲတွေဖယ်သွားတဲ့ လပြည့်ဝန်းလို ထွန်းတောက်ပါ လိမ့်မယ် …။
(၂) သံပုံးတီးကြတဲ့ အသံကို မြင်အပ် မမြင်အပ် လောကသားတွေ မခံနိုင်ကြတော့ဘူး။ သူတို့ ခိုကိုးစရာ နေရာပျောက်မှာစိုးလို့ သံပုံးတီးတဲ့ လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးကြပါလိမ့်မယ် …။
(၃) ဆံဖြူခေါင်းပြောင် တစ်ယောက်က ကူညီလိမ့်မယ် …။(ကိုယ်ထင်တာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လို့ထင်တယ်…ဖြစ်ပါစေပေါ့လေ)
(၄) မခြောက်သေးသော သွေးများ ပြန်စိုလိမ့်မယ်တဲ့ အဓိပ္ပါယ်က ၁၉၈၈ နဲ့ ၂၀၀၇ တုန်းက မကျွတ်မလွတ်ခဲ့သေးသော နိုင်ငံရေးဝိညာဉ်များ ပြန်ပူးကပ်ပြီး ကူညီပေးလိမ့်မယ်တဲ့ …။
(၅) ထိုင်လေနိုင်လေတဲ့ (အဲ့တာကတော့ CDM ကိုပြောတာပါ…အလုပ်မသွားပဲ အိမ်မှာထိုင်နေတဲ့ သူတွေများလေ နိုင်လေပဲတဲ့)
ကဲ ဘာပဲ ဖြစ်ဖြစ် ပါးနပ်စွာညဏ်သုံးပြီး ဆက်တိုက်ကြဖို့တော့ လိုအပ်တယ်နော်။ အားလုံး ဖိုက်တင်းပါ …။ ။
မူရင်းပို့အား လေးစားစွာဖြင့်
Credit
======