အသက္(၂၃)ႏွစ္ ေက်ာ္လာရင္ မျဖစ္မေန သတိထားရမယ့္ အရာမ်ား

အသက္(၂၃)ႏွစ္ ေက်ာ္လာရင္ မျဖစ္မေန သတိထားရမယ့္ အရာမ်ား

အသက္အရြယ္အလုိက္ လူက ျပဳမူမွ ၾကည့္ေကာင္းၿပီး စမတ္က်တာပါ။ ဒီလို မဟုတ္ရင္ ခံရတဲ့သူ အဟားခံရတဲ့သူ ျဖစ္သြားႏိုင္ပါတယ္။ ေလာကႀကီးမွာ လူေတြနဲ႔ ေပါင္းသင္းရတာ မလြယ္ကူပါဘူး။

ဒါေၾကာင့္ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုၿပီး ရင့္က်က္ဖို႔ လိုပါတယ္။ ပိုၿပီး တည္ၿငိမ္စြာ ျပဳမူတတ္ဖို႔ လိုလာပါတယ္။ အသက္ ၂၃ ႏွစ္သာ ေက်ာ္သြားရင္ေတာ့ သင္က ဒီအခ်က္ေတြကို သတိထားကို ထားၿပီး မျပဳလုပ္ရမယ့္ အရြယ္ ေရာက္ေနၿပီလို႔ သတိရပါေနာ္။

(1) လူေတြကို လြယ္လြယ္ မယံုနဲ႔ေတာ့

သင့္ဘဝမွာ လူေတြ အမ်ားႀကီး ၾကံဳခဲ့ၿပီးပါၿပီ။ သင့္ကြယ္ရာမွာ သင့္ကို အတင္းေျပာတဲ့သူေတြ၊ ပ်က္စီးေစခ်င္တဲ့သူေတြ၊ သင့္အခ်စ္ကို လိမ္ညာသြားသူေတြ၊ သင့္ကို ဒုကၡေပးတဲ့သူေတြ၊ မိတ္ေဆြတုေတြ စသျဖင့္ ၾကံဳဖူးေနမွာပါ။
ဒါေၾကာင့္မို႔ အနာေတြ ထပ္မရဖို႔အတြက္ဆို လူေတြနဲ႔ ေရလိုက္ငါးလိုက္ ေပါင္းၿပီး လြယ္လြယ္ မယံုဖို႔က အေရးႀကီးေနပါတယ္။

(2) ကံစမ္းတာေတြ ေလွ်ာ့ပါ

ကံစမ္းမဲေတြ ကံစမ္းၿပီး လုပ္ရတဲ့ အလုပ္ေတြက ဆယ္ေက်ာ္သက္မွာေလာက္ပဲ ေပ်ာ္ဖို႔ ေကာင္းတာပါ။ ဒီအရြယ္မွာေတာ့ ကိုယ့္အားကိုယ္ကိုးတာ အေကာင္းဆံုးပါပဲ။ ကံစမ္းတာေတြအျပင္ ေမွ်ာ္လင့့္တာေတြ ပါ ေလွ်ာ့ဖို႔ လိုပါတယ္။ ေမွ်ာ္လင့္မႈေတြ အတိုင္း ျဖစ္မလာရင္ နာက်င္ရတာ ကိုယ္ပဲမို႔ ဘာကိုမွ ေမွ်ာ္လင့္ခ်က္ မထားေလ ေကာင္းေလပါပဲ။

(3) လိုခ်င္တာေတြ ဝယ္တာကို ေလွ်ာ့ပါ

လိုခ်င္တာေတြ ဝယ္ရင္း လိုအပ္တာေတြ ေမ့ေနတာမ်ိဳးကလည္း ဆယ္ေက်ာ္သက္ဘဝမွာပဲ အဆင္ေျပမွာပါ။ အသက္ ၂၃ ႏွစ္ အရြယ္မွာေတာ့ ကိုယ့္ေဘးက လူေတြက ဘယ္ေလာက္ ရင့္က်က္သလဲဆိုတဲ့ စံႏႈန္းေတြကိုပဲ ၾကည့္တတ္ၾကသလို ရင့္က်က္တာကပဲ ကိုယ့္ကို အက်ိဳးျပဳတတ္တာပါ။

ကိုယ္လိုအပ္တာကို ကိုယ္ ဝယ္ႏိုင္တယ္ ကိုယ္ လိုအပ္တာေတြကို တျခားသူေတြက ျဖည့္ဆည္းေပးစရာ မလုိဘူးဆိုရင္ေတာ့ အသက္ ၂၃ ႏွစ္ရဲ႕ ေအာင္ျမင္မႈ တစ္ခုပါပဲေနာ္။

(4) အခ်ိန္ျဖဳန္းတာကို ေလွ်ာ့ပါ

အသက္ ၂၃ ႏွစ္ဆိုတာ မငယ္ေတာ့တဲ့ အရြယ္ ျဖစ္သလို မႀကီးေသးတဲ့ အရြယ္လည္း ျဖစ္ပါတယ္။ အသက္ႀကီးလာတဲ့အခါမွာ ေအာင္ျမင္ခ်င္ရင္ အဆင္ေျပေနခ်င္ရင္ေတာ့ အခ်ိန္ေတြ ျဖဳန္းမိတာကို ေလွ်ာ့ပစ္ရမွာပါ။ သင့္အခ်ိန္ေတြကို သင့္အတြက္ အက်ိဳးရွိေစတာမ်ိဳးကို အသံုးခ်တာက သင့္ကို အမ်ားႀကီး အက်ိဳးျဖစ္ေစမွာပါ။

(5) တစ္ခုခု ထပ္ေလ့လာပါ

အသက္ ၂၃ ႏွစ္ဆိုတာ ပညာသင္ဖုိ႔ လုိအပ္ေသးတဲ့ အရြယ္ပါပဲ။ ပညာေတြ သင္ႏိုင္သမွ် ဆက္သင္တာက သင့္ဘဝကို ပိုၿပီး ေကာင္းမြန္ေစမယ့္ အခ်က္ပါပဲ။ အသက္ ၂၃ ႏွစ္မွာ သင္ မတတ္ေသးတဲ့ အရာေတြကို အခု လုပ္တာ အေကာင္းဆံုးပါပဲ။

ဘာသာစကား အသစ္ေတြကလည္း သင့္အတြက္ အလုပ္အကိုင္ အခြင့္အလမ္းနဲ႔ စီးပြားေရး အခြင့္အလမ္းေတြကို ရေစႏိုင္တဲ့ အေထာက္အကူေတြပါပဲ။ ဘာသာစကားနဲ႔ ပညာရပ္ေတြကို ဆက္ေလ့လာဖို႔က အသက္ ၂၃ ႏွစ္ေက်ာ္တဲ့သူေတြအတြက္ အသင့္ေတာ္ဆံုးပါပဲ။

Kham

Unicode

အသက်(၂၃)နှစ် ကျော်လာရင် မဖြစ်မနေ သတိထားရမယ့် အရာများ

အသက်အရွယ်အလိုက် လူက ပြုမူမှ ကြည့်ကောင်းပြီး စမတ်ကျတာပါ။ ဒီလို မဟုတ်ရင် ခံရတဲ့သူ အဟားခံရတဲ့သူ ဖြစ်သွားနိုင်ပါတယ်။ လောကကြီးမှာ လူတွေနဲ့ ပေါင်းသင်းရတာ မလွယ်ကူပါဘူး။

ဒါကြောင့် တစ်နှစ်ထက် တစ်နှစ် ပိုပြီး ရင့်ကျက်ဖို့ လိုပါတယ်။ ပိုပြီး တည်ငြိမ်စွာ ပြုမူတတ်ဖို့ လိုလာပါတယ်။ အသက် ၂၃ နှစ်သာ ကျော်သွားရင်တော့ သင်က ဒီအချက်တွေကို သတိထားကို ထားပြီး မပြုလုပ်ရမယ့် အရွယ် ရောက်နေပြီလို့ သတိရပါနော်။

(1) လူတွေကို လွယ်လွယ် မယုံနဲ့တော့

သင့်ဘဝမှာ လူတွေ အများကြီး ကြုံခဲ့ပြီးပါပြီ။ သင့်ကွယ်ရာမှာ သင့်ကို အတင်းပြောတဲ့သူတွေ၊ ပျက်စီးစေချင်တဲ့သူတွေ၊ သင့်အချစ်ကို လိမ်ညာသွားသူတွေ၊ သင့်ကို ဒုက္ခပေးတဲ့သူတွေ၊ မိတ်ဆွေတုတွေ စသဖြင့် ကြုံဖူးနေမှာပါ။
ဒါကြောင့်မို့ အနာတွေ ထပ်မရဖို့အတွက်ဆို လူတွေနဲ့ ရေလိုက်ငါးလိုက် ပေါင်းပြီး လွယ်လွယ် မယုံဖို့က အရေးကြီးနေပါတယ်။

(2) ကံစမ်းတာတွေ လျှော့ပါ

ကံစမ်းမဲတွေ ကံစမ်းပြီး လုပ်ရတဲ့ အလုပ်တွေက ဆယ်ကျော်သက်မှာလောက်ပဲ ပျော်ဖို့ ကောင်းတာပါ။ ဒီအရွယ်မှာတော့ ကိုယ့်အားကိုယ်ကိုးတာ အကောင်းဆုံးပါပဲ။ ကံစမ်းတာတွေအပြင် မျှော်လင့်တာတွေ ပါ လျှော့ဖို့ လိုပါတယ်။ မျှော်လင့်မှုတွေ အတိုင်း ဖြစ်မလာရင် နာကျင်ရတာ ကိုယ်ပဲမို့ ဘာကိုမှ မျှော်လင့်ချက် မထားလေ ကောင်းလေပါပဲ။

(3) လိုချင်တာတွေ ဝယ်တာကို လျှော့ပါ

လိုချင်တာတွေ ဝယ်ရင်း လိုအပ်တာတွေ မေ့နေတာမျိုးကလည်း ဆယ်ကျော်သက်ဘဝမှာပဲ အဆင်ပြေမှာပါ။ အသက် ၂၃ နှစ် အရွယ်မှာတော့ ကိုယ့်ဘေးက လူတွေက ဘယ်လောက် ရင့်ကျက်သလဲဆိုတဲ့ စံနှုန်းတွေကိုပဲ ကြည့်တတ်ကြသလို ရင့်ကျက်တာကပဲ ကိုယ့်ကို အကျိုးပြုတတ်တာပါ။

ကိုယ်လိုအပ်တာကို ကိုယ် ဝယ်နိုင်တယ် ကိုယ် လိုအပ်တာတွေကို တခြားသူတွေက ဖြည့်ဆည်းပေးစရာ မလိုဘူးဆိုရင်တော့ အသက် ၂၃ နှစ်ရဲ့ အောင်မြင်မှု တစ်ခုပါပဲနော်။

(4) အချိန်ဖြုန်းတာကို လျှော့ပါ

အသက် ၂၃ နှစ်ဆိုတာ မငယ်တော့တဲ့ အရွယ် ဖြစ်သလို မကြီးသေးတဲ့ အရွယ်လည်း ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ အောင်မြင်ချင်ရင် အဆင်ပြေနေချင်ရင်တော့ အချိန်တွေ ဖြုန်းမိတာကို လျှော့ပစ်ရမှာပါ။ သင့်အချိန်တွေကို သင့်အတွက် အကျိုးရှိစေတာမျိုးကို အသုံးချတာက သင့်ကို အများကြီး အကျိုးဖြစ်စေမှာပါ။

(5) တစ်ခုခု ထပ်လေ့လာပါ

အသက် ၂၃ နှစ်ဆိုတာ ပညာသင်ဖို့ လိုအပ်သေးတဲ့ အရွယ်ပါပဲ။ ပညာတွေ သင်နိုင်သမျှ ဆက်သင်တာက သင့်ဘဝကို ပိုပြီး ကောင်းမွန်စေမယ့် အချက်ပါပဲ။ အသက် ၂၃ နှစ်မှာ သင် မတတ်သေးတဲ့ အရာတွေကို အခု လုပ်တာ အကောင်းဆုံးပါပဲ။

ဘာသာစကား အသစ်တွေကလည်း သင့်အတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ရစေနိုင်တဲ့ အထောက်အကူတွေပါပဲ။ ဘာသာစကားနဲ့ ပညာရပ်တွေကို ဆက်လေ့လာဖို့က အသက် ၂၃ နှစ်ကျော်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။

Kham