နေတောင် ညိုရောပေါ့ …။
ဒါမှမဟုတ် …..
Credit
Unicode Version ဖြင့်ဖတ်ရန်
အိမ်ကမထွက်ခင်မှာ အမေဟာ မှာတမ်းခြွေတယ်(ဖတ်နေရင်းကို မျက်ရည်မထိန်းနိုင်ဘူး)
” သမီးပြန်အလာ မမျှော်နဲ့တော့ အမေ ”
အိမ်ကမထွက်ခင်မှာ အမေဟာ မှာတမ်းခြွေတယ် …။
“ငါ့သမီးဂရုစိုက်နော် မေမေ စိတ်ပူတယ်” တဲ့ …။
ဆိုင်ကယ်ဦးထုတ်လေးက မေမေ့ အကာအကွယ်ပါပေါ့ …။
ဘယ်သူက ထင်ထားမှာလဲ မေမေရယ် …
ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို….
ရေပိုက်တွေ လက်နက်တွေနဲ့ ဖြိုခွဲကြမယ်လို့ …။
သမီးတို့က စည်းကျော်လာကြတာလည်း မဟုတ်ဘူးလေ …။
အကာအကွယ် ယူလိုက်တာတောင် …၊
သမီးကို ထိအောင် ပစ်ကြတယ် မေမေ …။
နေတောင် ညိုရောပေါ့ …။
သမီးပြန်အလာ မျှော်နေတဲ့ မေမေ …။
အရိပ်လေးတောင် မတွေ့ရတဲ့ အခါ …
ရင်ထဲလှိုက်ဖို ငိုကြွေးနေမလား …?
ဒါမှမဟုတ် …..
ပြန်လာသမျှ လမ်းသွား လမ်းလာတွေကို …၊
ငါ့သမီးလေးရော….မြသက်သက်ခိုင်လေးရောလို့ …
တွေ့သမျှအကုန် လိုက် မေးနေမလား …?
မေ့မေ့ကျေးဇူးကြွေး မဆပ်ရသေးပါဘူး …။
ဒါပေမယ့် တိုင်းပြည်တာဝန် ကျေပွန်ခဲ့ပါတယ် …။
တစ်ချိန်မှာလူတွေက နင့်သမီးရောလို့ မေးကြတဲ့အခါ …
“ကျွန်မသမီးလေးဟာ သူရဲကောင်းမလေးပါ”လို့ …
မေမေ ဂုဏ်ယူစွာ ထုတ်ပြောနိုင်ပါတယ် မေမေ …
ဖတ်နေရင်းကို မျက်ရည်မထိန်းနိုင်ဘူး ….။
စစ်အာဏာရှင်စနစ် အမြန်ကျဆုံးပါစေ …။ ။👇👇👇
Credit