အိပ္ေရးမ၀တဲ့ ေန႔ေတြမွာ လန္းဆန္းေနခ်င္ရင္ ဒါေတြလုပ္ပါ…

အိပ္ေရးမ၀တဲ့ ေန႔ေတြမွာ လန္းဆန္းေနခ်င္ရင္ ဒါေတြလုပ္ပါ…

တစ္ေန႕တာ ပင္ပန္းသမွ်ကို ေျဖေဖ်ာက္ေပးနိုင္တဲ့ တစ္ခုတည္းေသာအရာက အိပ္စက္ျခင္းျဖစ္ပါတယ္။ မေနမနား လႈပ္ရွားေနရတဲ့ ခႏၶာကိုယ္က လံုေလာက္တဲ့ အနားယူမႈ မရွိတဲ့အခါ ေနာက္တစ္ေန႕အတြက္ အားအင္အျပည့္အ၀မရွိဘဲ ေလးလံထိုင္းမိႈင္း ေနတတ္ပါတယ္။ မေန႔ညက အိပ္ရာ၀င္ေနာက္က်ခဲ့လို႕ မလန္းမဆန္းျဖစ္ေနတယ္ ဆိုရင္ ဒီေန႕ဒါေတြလုပ္လိုက္ပါေတာ႔ေနာ္ …။

(၁) ေရဓာတ္္ျဖည့္ပါ

အိပ္ေရးမ၀ရင္ မနက္ႏိုးလာတာနဲ႕ ေမာပန္းႏြမ္းနယ္ ေနသလိုျဖစ္ေနတာေၾကာင့္ ေရဓာတ္ျဖည့္ဖို႕လိုအပ္ပါတယ္။ ေရၾကက္သီးေႏြးထဲကို သံပုရာရည္ အနည္းငယ္ ထည့္ျပီးေသာက္မယ္ဆိုရင္ ရိုးရိုးေရေအး ေသာက္တာထက္ ခႏၶာကိုယ္ကို ေရဓာတ္အျမန္ဆံုး ျဖည့္ေပးႏိုင္စြမ္း ရိွပါတယ္တဲ႔ …။

(၂) ေရေအးနဲ႕ေရခ်ိဳးပါ

မနက္အိပ္ရာက နိုးနိုးခ်င္းမွာ ေရေအးနဲ႔ ေရခ်ိဳးေပးမယ္ဆို ခ်က္ခ်င္းလန္းဆန္း သြားေစနိုင္ပါတယ္။ ေန႔ခင္းဘက္ေတြမွာ အိပ္ငိုက္လာရင္ေတာ့ မ်က္ႏွာသစ္ေပးတာမ်ိဳး၊ ေအးျမတဲ့ အ၀တ္တစ္ခုခုကို လည္ပင္းမွာ ခနပတ္ထားေပးတာမ်ိဳး ျပဳလုပ္ႏိုင္ပါတယ္ …။

(၃) လႈပ္ရွားမႈမ်ားမ်ား လုပ္ေပးပါ

ညဘက္မွာ အခ်ိန္အနည္းငယ္ပဲ အိပ္ခဲ့ရလို႕ လူက ႏြမ္းနယ္ေနေတာ့ ခႏၶာကိုယ္ကလည္း ေႏွးေကြးေလးလံ ေနပါလိမ့္မယ္။ အလုပ္ကို စက္ဘီးနဲ႕သြားတာမ်ိဳး၊ Bus နဲ႕သြားရင္လည္း တစ္မွတ္တိုင္အလိုမွာ ဆင္းျပီးလမ္းေလွ်ာက္တာမ်ိဳး၊ ေန႕လည္စာကို အျပင္ထြက္စားတာမ်ိဳး လုပ္ေပးမယ္ဆိုရင္ ေသြးလွည့္ပတ္မႈေကာင္းျပီး လန္းဆန္းလာတာကို ခံစားရပါလိမ္႔မယ္ …။

(၄) မွန္မွန္ကန္ကန္ စားေသာက္ပါ

အိပ္ေရးမ၀တဲ့သူေတြဟာ ေကာ္ဖီေတြ အမ်ားၾကီး ေသာက္တတ္ၾကပါတယ္။ တကယ္ေတာ့ ကဖင္းဓာတ္ေတြမ်ားတာက လူကို ပိုပင္ပန္းေစျပီး စိတ္ဆတ္ေစနိုင္တာေၾကာင့္ အိပ္ေရးမ၀တဲ့ ရက္ေတြမွာ ေကာ္ဖီတစ္ခြက္ထက္ ပိုမေသာက္သင့္ပါဘူး။ fast food ေတြကို ေရွာင္နိုင္သမွ်ေရွာင္ျပီး ေရ၊ သံပုရာရည္၊ အသီးအႏွံနဲ႕ ပရိုတိန္းဓာတ္ ၾကြယ္၀တာေတြကိုသာ စားေသာက္ေပးသင့္ပါတယ္ …။

(၅) ေန႕လည္တြင္ တစ္ေမွးေလာက္ အိပ္ပါ

ေန႔လည္စာ စားခ်ိန္မွာ တစ္ေမွးေလာက္ အိပ္လိုက္မယ္ဆိုရင္လည္း လူကို လန္းဆန္းသြားေစပါတယ္ …။

(၆) ေပါ့ေပါ့ပါးပါး ျဖတ္သန္းပါ

မတက္ၾကြတဲ့ ေန႔တစ္ေန႔မွာ အလြန္ေတြးေတာရမယ့္ အရာေတြ၊ ခက္ခက္ခဲခဲ အေျဖရွာရမယ့္ အရာေတြကို တတ္ႏိုင္သမွ်ေရွာင္ျပီး ရိုးရွင္းတဲ့ လုပ္ငန္းေဆာင္တာေတြကိုသာ ျပဳလုပ္ေပးပါေနာ္ …။ ။

May Thazinhtoo

Unicode Version ဖြင့်ဖတ်ရန်

အိပ်ရေးမဝတဲ့ နေ့တွေမှာ လန်းဆန်းနေချင်ရင် ဒါတွေလုပ်ပါ…

တစ်နေ့တာ ပင်ပန်းသမျှကို ဖြေဖျောက်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာက အိပ်စက်ခြင်းဖြစ်ပါတယ်။ မနေမနား လှုပ်ရှားနေရတဲ့ ခန္ဓာကိုယ်က လုံလောက်တဲ့ အနားယူမှု မရှိတဲ့အခါ နောက်တစ်နေ့အတွက် အားအင်အပြည့်အဝမရှိဘဲ လေးလံထိုင်းမှိုင်း နေတတ်ပါတယ်။ မနေ့ညက အိပ်ရာဝင်နောက်ကျခဲ့လို့ မလန်းမဆန်းဖြစ်နေတယ် ဆိုရင် ဒီနေ့ဒါတွေလုပ်လိုက်ပါတော့နော် …။

(၁) ရေဓာတ်ဖြည့်ပါ

အိပ်ရေးမဝရင် မနက်နိုးလာတာနဲ့ မောပန်းနွမ်းနယ် နေသလိုဖြစ်နေတာကြောင့် ရေဓာတ်ဖြည့်ဖို့လိုအပ်ပါတယ်။ ရေကြက်သီးနွေးထဲကို သံပုရာရည် အနည်းငယ် ထည့်ပြီးသောက်မယ်ဆိုရင် ရိုးရိုးရေအေး သောက်တာထက် ခန္ဓာကိုယ်ကို ရေဓာတ်အမြန်ဆုံး ဖြည့်ပေးနိုင်စွမ်း ရှိပါတယ်တဲ့ …။

(၂) ရေအေးနဲ့ရေချိုးပါ

မနက်အိပ်ရာက နိုးနိုးချင်းမှာ ရေအေးနဲ့ ရေချိုးပေးမယ်ဆို ချက်ချင်းလန်းဆန်း သွားစေနိုင်ပါတယ်။ နေ့ခင်းဘက်တွေမှာ အိပ်ငိုက်လာရင်တော့ မျက်နှာသစ်ပေးတာမျိုး၊ အေးမြတဲ့ အဝတ်တစ်ခုခုကို လည်ပင်းမှာ ခနပတ်ထားပေးတာမျိုး ပြုလုပ်နိုင်ပါတယ် …။

(၃) လှုပ်ရှားမှုများများ လုပ်ပေးပါ

ညဘက်မှာ အချိန်အနည်းငယ်ပဲ အိပ်ခဲ့ရလို့ လူက နွမ်းနယ်နေတော့ ခန္ဓာကိုယ်ကလည်း နှေးကွေးလေးလံ နေပါလိမ့်မယ်။ အလုပ်ကို စက်ဘီးနဲ့သွားတာမျိုး၊ Bus နဲ့သွားရင်လည်း တစ်မှတ်တိုင်အလိုမှာ ဆင်းပြီးလမ်းလျှောက်တာမျိုး၊ နေ့လည်စာကို အပြင်ထွက်စားတာမျိုး လုပ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကောင်းပြီး လန်းဆန်းလာတာကို ခံစားရပါလိမ့်မယ် …။

(၄) မှန်မှန်ကန်ကန် စားသောက်ပါ

အိပ်ရေးမဝတဲ့သူတွေဟာ ကော်ဖီတွေ အများကြီး သောက်တတ်ကြပါတယ်။ တကယ်တော့ ကဖင်းဓာတ်တွေများတာက လူကို ပိုပင်ပန်းစေပြီး စိတ်ဆတ်စေနိုင်တာကြောင့် အိပ်ရေးမဝတဲ့ ရက်တွေမှာ ကော်ဖီတစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။ fast food တွေကို ရှောင်နိုင်သမျှရှောင်ပြီး ရေ၊ သံပုရာရည်၊ အသီးအနှံနဲ့ ပရိုတိန်းဓာတ် ကြွယ်ဝတာတွေကိုသာ စားသောက်ပေးသင့်ပါတယ် …။

(၅) နေ့လည်တွင် တစ်မှေးလောက် အိပ်ပါ

နေ့လည်စာ စားချိန်မှာ တစ်မှေးလောက် အိပ်လိုက်မယ်ဆိုရင်လည်း လူကို လန်းဆန်းသွားစေပါတယ် …။

(၆) ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါ

မတက်ကြွတဲ့ နေ့တစ်နေ့မှာ အလွန်တွေးတောရမယ့် အရာတွေ၊ ခက်ခက်ခဲခဲ အဖြေရှာရမယ့် အရာတွေကို တတ်နိုင်သမျှရှောင်ပြီး ရိုးရှင်းတဲ့ လုပ်ငန်းဆောင်တာတွေကိုသာ ပြုလုပ်ပေးပါနော် …။ ။

May Thazinhtoo