သင္မသိေသးတဲ့ ငွက္ေပ်ာသီးခြံရဲ႕ အံ့မခန္းအသံုးဝင္ပံု (၉) မ်ိဳး…

သင္မသိေသးတဲ့ ငွက္ေပ်ာသီးခြံရဲ႕ အံ့မခန္းအသံုးဝင္ပံု (၉) မ်ိဳး…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

ငွက္ေပ်ာသီးက အရသာရွိျပီး က်န္းမာေရးအတြက္လည္း အက်ိဳးေက်းဇူးေတြ အမ်ားၾကီးရွိတဲ့ အသီးပါ။ ငွက္ေပ်ာသီးတင္မကပါဘူး၊ ငွက္ေပ်ာခြံကလည္း အသံုး၀င္တဲ့ ေနရာေတြ အမ်ားၾကီးရွိတာေၾကာင့္ အခုကစလို႕ ငွက္ေပ်ာသီးစားျပီး အခြံကို လႊင့္မပစ္ၾကနဲ႕ေတာ့ေနာ္ …။

(၁) သြားျဖဴခ်င္ရင္”

၀ါေနတဲ့သြားေတြကို ငွက္ေပ်ာသီးအခြံနဲ႕ ပြတ္တိုက္ေပးလိုက္ရံုနဲ႕ သြားေလးေတြ ခ်က္ခ်င္းျဖဴ၀င္းသြားေစမွာပဲ ျဖစ္ပါတယ္ …။

(၂) ၀က္ျခံေပ်ာက္ခ်င္ရင္”

၀က္ျခံေနရာကို ငွက္ေပ်ာခြံအတြင္းသားေလးေတြနဲ႕ ျဖည္းျဖည္းေလး ပြတ္တိုက္ေပးျပီး မ်က္နွာမသစ္ဘဲ တစ္ညထားထားလိုက္ပါ။ မနက္က်ရင္ ၀က္ျခံေတြ သက္သာသြားတာကို ေတြ႕ရပါလိမ္႔မယ္ …။

(၃) အေရးအေၾကာင္းေတြ ေလ်ာ့နည္းေအာင္”

အသက္ ၂၀ ေက်ာ္လာတာနဲ႕ မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ေပၚလာမွာ စိုးရိမ္ေနလား။ အဲ့ဒါဆိုရင္ေတာ့ အေရးအေၾကာင္းျဖစ္လြယ္တဲ့ ေနရာေတြကို ငွက္ေပ်ာသီးအခြံနဲ႕ ေန႕တိုင္းပြတ္ေပးမယ္ဆိုရင္ အေရးအေၾကာင္းေတြ မျဖစ္လာေအာင္ တားဆီးထားနုိင္မွာပဲ ျဖစ္ပါတယ္ …။

(၄) ေသြးေျခဥတာ သက္သာေအာင္”

ေသြးေျခဥတာလို၊ အတြင္းေၾကဒဏ္ရာမ်ိဳးျဖစ္ရင္လည္း ညဘက္မွာ ငွက္ေပ်ာခြံနဲ႕ကပ္ထားေပးျပီး မနက္ေရာက္မွ ခြာလိုက္မယ္ဆိုရင္ သက္သာသြားတာကို ေတြ႕ရပါလိမ္႔မယ္ …။

(၅) အဆူးစူးရင္”

ဆူးစူးတဲ့ေနရာမွ ာငွက္ေပ်ာခြံကို ကပ္ထားေပးလိုက္ရင္ ဆူးက အျပင္ကို သူ႕အလုိလို ထြက္လာပါလိမ့္မယ္ …။

(၆) နွင္းဆီပန္းပင္အတြက္ အေကာင္းဆံုးေျမၾသဇာ

အိမ္မွာ နွင္းဆီပန္းေလးေတြ စိုက္ထားတယ္ဆိုရင္ ငွက္ေပ်ာခြံေလးေတြက အေကာင္းဆံုးေျမၾသဇာပါ။ ငွက္ေပ်ာခြံေတြကို ႏွင္းဆီပင္ေအာက္ေျခမွာ အုပ္ထားေပးရံုနဲ႕ ႏွင္းဆီပင္ကို အေကာင္းဆံုး အားျဖည့္ေပးနိုင္ပါတယ္တဲ႔ …။

(၇) ျခင္ကိုက္ဖုေတြသက္သာေအာင္

ျခင္ကိုက္ဖုေတြနဲ႕ ျခင္ကိုက္လို႕ ယားေနတဲ့ေနရာေတြကို ငွက္ေပ်ာခြံအတြင္းသားနဲ႕ ပြတ္ေပးရံုနဲ႕ သက္သာေစပါတယ္ …။

(၈) ေငြထည္ပစၥည္းေတြကို အေရာင္တင္မယ္

ေငြထည္ပစၥည္းေတြ အေရာင္မွိန္ေနတယ္ဆိုရင္လည္း ငွက္ေပ်ာခြံနဲ႕ တိုက္ေပးလိုက္ရင္ အေရာင္ျပန္ျပီး ေတာက္သြားပါလိမ့္မယ္ …။

(၉) အပင္ေတြပိုးက်တာကို သက္သာေစတယ္

အိမ္မွာအပင္ေလးေတြ စိုက္ထားလို႕ ပိုးက်ေနတယ္ဆိုရင္ အဲ့အပင္ေလးေတြနားမွာ ငွက္ေပ်ာခြံကို ထားလိုက္ပါ။ ငွက္ေပ်ာခြံမွာပါတဲ့ ဓာတ္ေတြက အပင္မွာက်တဲ့ ပိုးေတြကို အျမန္ဆံုး ေပ်ာက္ကင္းေစႏိုင္ပါတယ္ေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

သင်မသိသေးတဲ့ ငှက်ပျောသီးခွံရဲ့ အံ့မခန်းအသုံးဝင်ပုံ (၉) မျိုး…

ငှက်ပျောသီးက အရသာရှိပြီး ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ အသီးပါ။ ငှက်ပျောသီးတင်မကပါဘူး၊ ငှက်ပျောခွံကလည်း အသုံးဝင်တဲ့ နေရာတွေ အများကြီးရှိတာကြောင့် အခုကစလို့ ငှက်ပျောသီးစားပြီး အခွံကို လွှင့်မပစ်ကြနဲ့တော့နော် …။

(၁) သွားဖြူချင်ရင်”

ဝါနေတဲ့သွားတွေကို ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ပေးလိုက်ရုံနဲ့ သွားလေးတွေ ချက်ချင်းဖြူဝင်းသွားစေမှာပဲ ဖြစ်ပါတယ် …။

(၂) ဝက်ခြံပျောက်ချင်ရင်”

ဝက်ခြံနေရာကို ငှက်ပျောခွံအတွင်းသားလေးတွေနဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပြီး မျက်နှာမသစ်ဘဲ တစ်ညထားထားလိုက်ပါ။ မနက်ကျရင် ဝက်ခြံတွေ သက်သာသွားတာကို တွေ့ရပါလိမ့်မယ် …။

(၃) အရေးအကြောင်းတွေ လျော့နည်းအောင်”

အသက် ၂၀ ကျော်လာတာနဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာမှာ စိုးရိမ်နေလား။ အဲ့ဒါဆိုရင်တော့ အရေးအကြောင်းဖြစ်လွယ်တဲ့ နေရာတွေကို ငှက်ပျောသီးအခွံနဲ့ နေ့တိုင်းပွတ်ပေးမယ်ဆိုရင် အရေးအကြောင်းတွေ မဖြစ်လာအောင် တားဆီးထားနိုင်မှာပဲ ဖြစ်ပါတယ် …။

(၄) သွေးခြေဥတာ သက်သာအောင်”

သွေးခြေဥတာလို၊ အတွင်းကြေဒဏ်ရာမျိုးဖြစ်ရင်လည်း ညဘက်မှာ ငှက်ပျောခွံနဲ့ကပ်ထားပေးပြီး မနက်ရောက်မှ ခွာလိုက်မယ်ဆိုရင် သက်သာသွားတာကို တွေ့ရပါလိမ့်မယ် …။

(၅) အဆူးစူးရင်”

ဆူးစူးတဲ့နေရာမှာငှက်ပျောခွံကို ကပ်ထားပေးလိုက်ရင် ဆူးက အပြင်ကို သူ့အလိုလို ထွက်လာပါလိမ့်မယ် …။

(၆) နှင်းဆီပန်းပင်အတွက် အကောင်းဆုံးမြေသြဇာ

အိမ်မှာ နှင်းဆီပန်းလေးတွေ စိုက်ထားတယ်ဆိုရင် ငှက်ပျောခွံလေးတွေက အကောင်းဆုံးမြေသြဇာပါ။ ငှက်ပျောခွံတွေကို နှင်းဆီပင်အောက်ခြေမှာ အုပ်ထားပေးရုံနဲ့ နှင်းဆီပင်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်တဲ့ …။

(၇) ခြင်ကိုက်ဖုတွေသက်သာအောင်

ခြင်ကိုက်ဖုတွေနဲ့ ခြင်ကိုက်လို့ ယားနေတဲ့နေရာတွေကို ငှက်ပျောခွံအတွင်းသားနဲ့ ပွတ်ပေးရုံနဲ့ သက်သာစေပါတယ် …။

(၈) ငွေထည်ပစ္စည်းတွေကို အရောင်တင်မယ်

ငွေထည်ပစ္စည်းတွေ အရောင်မှိန်နေတယ်ဆိုရင်လည်း ငှက်ပျောခွံနဲ့ တိုက်ပေးလိုက်ရင် အရောင်ပြန်ပြီး တောက်သွားပါလိမ့်မယ် …။

(၉) အပင်တွေပိုးကျတာကို သက်သာစေတယ်

အိမ်မှာအပင်လေးတွေ စိုက်ထားလို့ ပိုးကျနေတယ်ဆိုရင် အဲ့အပင်လေးတွေနားမှာ ငှက်ပျောခွံကို ထားလိုက်ပါ။ ငှက်ပျောခွံမှာပါတဲ့ ဓာတ်တွေက အပင်မှာကျတဲ့ ပိုးတွေကို အမြန်ဆုံး ပျောက်ကင်းစေနိုင်ပါတယ်နော် …။ ။

ခရက်ဒစ်