လည္ေခ်ာင္းနာ၊ ေခ်ာင္းဆိုး၊ သလိပ္ပြ၊ ႏွာေစး၊ ႏွာပိတ္ျခင္းတို႔အတြက္

လည်ချောင်းနာခြင်း၊နှာစေးနှာပိတ်၊ ချောင်းဆိုးခြင်း

လည်ချောင်းနာခြင်း

ရာသီဥတု အကူးအပြောင်းကာလမှာ အဖြစ်များတဲ့ လည်ချောင်းနာခြင်း…..အအေးမိလို့ပဲဖြစ်ဖြစ်၊ အပူကြောင့်ပဲဖြစ်ဖြစ်

ဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်ဖြစ်၊အော်ဟစ်ကားပြောရလို့ပဲဖြစ်ဖြစ်၊တံတွေး တောင်မျိုမရအောင်နာတာမျိုးဖြစ်နေပြီဆို လျှင်…..။

ရေနွေးတစ်ခွက်ထဲ နနွင်းလဖက်စားဇွန်းရဲ့လေးပုံတစ်ပုံ ၊ဆား အနည်းငယ်ထည့်ပြီး အာခေါင်ထိအောင်အာလုတ်ကျင်းပေးပါ။နွားနို့ပူပူတစ်ခွက်ထဲ နနွင်းဇွန်းဝက်ထည့်ပြီးသောက်ပေးပါ။

ချင်း၊ ပျားရည်၊ နနွင်း သုံးမျိုးရောပြီးရေနွေးနဲ့ကျိုသောက်ပါ/လျက်စားပါ။တစ်နေ့ လေးကြိမ်သောက်/လျက်စားပါ။လဖက်ရည်ကြမ်းနွေးနွေးမှာ ပျားရည်ထည့်ပြီးသောက်ပေးပါ။

ကြက်သွန်ဥနီ သတ္တုရည်နဲ့ပျာရည် ဆတူရောပြီးမကြာခဏ လျှက်ပေးပါ လည်ချောင်နာတာရောချောင်းဆိုးတာပါ သက်သာပါတယ်။

ပင်စိမ်း လက်တစ်ဆုပ်စာကိုရေနဲ့ရောကျိုပြီးအာလုတ်မော့ကျင်းပေးပါ။သရက်ခေါက် ရေနဲ့ပြုတ်ပြီးအာလုတ်ကျင်းပေးပါ

သစ်ကြံပိုးခေါက်အမှုန့် တစ်ဇွန်းနဲ့ငရုတ်ကောင်းအနက်မှုန့်အနည်းငယ်ကို ပျားရည်နဲ့ရောပြီးရေတစ်ဖန်ခွက်နဲ့ကျိုပြီးသောက်ပေးပါ။ဆားရေနွေးနဲ့ မကြာ ခဏအာလုတ်မော့ကျင်းပေးပါ။

ရေခဲရေရှောင်ပါ အပူအစပ်ရှောင်ပါဆီကြော်စာမစားပါနဲ့ ဝမ်းမချုပ်ပါစေနဲ့ရေများများသောက်ပါ။

နှာစေးလျှင်

ခြေဖဝါး ဆားပွတ်ရေလောင်းပေးပါ။ကွမ်းရွက်အရည်ညစ် အုန်းဆီနဲ့ဖျော် ငယ်ထိပ်လိမ်းပေးပါ။ပရုတ်ဆီ၊ ပရုတ်မြစ်၊ ရှောက်ရွက်၊လေးညှင်းပွင့်၊(ရရာ)ပြုတ်ပြီးအငွေ့ရှူ ပါ။

ကျားမနိုင်မြစ်သွေးပြီးနှာတံတလျှောက်လိမ်းပေးပါ။ရေနွေးပူပူတွင်ရှောက်ရွက် အနည်းငယ်ကြက်သွန်နီဥကြီး၊ကြက်သွန်ဖြူဥမြွာ ငရုတ်ကောင်းအနည်းငယ်ထည့်၍ပူပူမှုတ်သောက်။

ငရုတ်ကောင်းစေ့ကို အပ်ဖျားထိပ်ထိုး မီးရှိူ့ပြီးအငွေ့ရှူပေးပါက နှာစေး နှာပိတ်ထိပ်ကပ်နာကိုသက်သာစေသည်။

နှာပိတ်လျှင်

သံပုရာသီးမီးကင် အရည်ကိုခပ်နွေးနွေးညစ်ထည့်၊ကွမ်းရွက် လျှက်ဆား ထုံး ၃မျိုးကိုရောပွတ်ခြေပြီး နှာဝတွင်တေ့ရှူပေးပါ။မိုးမျှော်ငရုတ်သီးခြောက်ကို အညှာမှကိုင်ထိပ်ကိုမီးရှို့ပြီးရှူပေးပါ။

နှမ်းဆီဖြင့် နှာခေါင်း နှာတံအရင်းမှအဖျားထိပွတ်ဆွဲချပါ အကြိမ်များစွာပြုလုပ်ပါက နှာပွင့်စေသည်။ခြေဖဝါးတွင် ရေနံဆီ၊ ပရုတ်ဆီ လိမ်းပြီးနှိပ်နယ်ပေးလျှင် ခြေဖဝါးအေး၍ဖြစ်သော နှာပိတ်ခြင်းကိုပွင့်စေနိုင်သည်။

ကလေးငယ်များနှာစေး/ပိတ်လျှင်ရေနံဆီ နှာခေါင်းတွင်လိမ်း၊ခြေဖဝါးတွင်လိမ်းပေးပါ။

ချောင်းဆိုးခြင်း(COUCH)

ချောင်းဆိုးတာက အအေးမိခြင်းနဲ့တွဲပြီးအဖြစ်များတဲ့ရောဂါပါ။သလိပ်မထွက်တဲ့ ချောင်းခြောက်ဆိုးခြင်းနဲ့သလိပ်ထွက်ပြီးဆိုးတဲ့ချောင်း ဆိုပြီးကွဲပါသေးတယ်။

ချောင်းခြောက်ဆိုးခြင်းအတွက်

ပျားရည်နဲ့သံပရာရည် ရောစပ်ထားတဲ့ဆေးရည်ကို မကြာခဏလျက်ပေးပြီး ရေနွေးပူပူလေးသောက်ပေးပါ။ရေနွေးပူပူထဲ ပျားရည် နှစ်ဇွန်းသံပရာရည်တစ်လုံးညစ်ထည့်ပြီးပူပူလေးမှုတ်သောက်ပေးပါ။

နွားနို့ပူပူတစ်ခွက်ထဲ နနွင်းဇွန်းတစ်ဝက် ချင်းမှုန့်တစ်ဇွန်းထည့်ပြီး အိပ်ရာမဝင်ခင်သောက်ပါ။သံပုရိုသီး ထက်ခြမ်းခြမ်းပြီးအရည်နှင့်အစေ့များဖယ်ပါ၊ဆားအပြည့်အခွံထဲသိပ်ပြီး အပေါ်ယံကျွမ်းအောင် မီးဖုတ်ပါ။ ပြန်ထုတ်ပြီးသံပုရိုခွံဆားပြာကိုခွက်တစ်ခွက်ထဲချေထည့်ပါ၊

စောစောကဖယ်ထားတဲ့ သံပုရိုအရည်ပြန်လောင်းထည့်ပြီးမကြာခဏလျက်ပေးပါ၊ရေနွေးပူပူလေးသောက်ပေးပါ။

သလိပ်ပွပြီး ဆိုးတဲ့ချောင်း

ပျားရည် တစ်ဇွန်း လေးညှင်းမှုန့်နည်းနည်းရာထားတာကို တစ်နေ့ သုံးကြိမ် အစာစားပြီး ချိန်မှာသောက်ပါ။ပျားရည်တစ်ဇွန်း ချင်းမှုန့်ဇွန်းတစ်ဝက်ရောထားတာကို တစ်နေ့(၃)ကြိမ် အစာစားပြီးချန်မှာသောက်ပါ။

ပျားရည်တစ်ဇွန်း ငရုတ်ကောင်းအနက်မှုန့်လဖက်ရည်ဇွန်း လေးပုံတစ်ပုံ နဲ့ရောပြီး တစ်နေ့ သုံးကြိမ်အစာစားပြီးချိန် ငါးရက် ခန့်စွဲသောက်ပေးပါ။

ချွဲထွက်တဲ့ချောင်းအတွက်

လဖက်ရည်ကြမ်းတစ်ခွက်ထဲ ချင်းမှုန့်တစ်ဇွန်းသစ်ကြံ ပိုးမှုန့် နည်းနည်းထည့်ပြီး တစ်ရက်နှစ်ရက်သောက်ပေးပါ။

အိမ်တွင်းဆေးနည်းတိုကုထုံးများMyMc

Zawgyi

လည္ေခ်ာင္းနာျခင္း၊ႏွာေစးႏွာပိတ္၊ ေခ်ာင္းဆိုးျခင္း

လည္ေခ်ာင္းနာျခင္း

ရာသီဥတု အကူးအေျပာင္းကာလမွာ အျဖစ္မ်ားတဲ့ လည္ေခ်ာင္းနာျခင္း…..အေအးမိလို႔ပဲျဖစ္ျဖစ္၊ အပူေၾကာင့္ပဲျဖစ္ျဖစ္

ဗိုင္းရပ္စ္ေၾကာင့္ပဲ ျဖစ္ျဖစ္၊ေအာ္ဟစ္ကားေျပာရလို႔ပဲျဖစ္ျဖစ္၊တံေတြး ေတာင္မ်ိဳမရေအာင္နာတာမ်ိဳးျဖစ္ေနျပီဆို လွ်င္…..။

ေရေႏြးတစ္ခြက္ထဲ နႏြင္းလဖက္စားဇြန္းရဲ့ေလးပုံတစ္ပုံ ၊ဆား အနည္းငယ္ထည့္ၿပီး အာေခါင္ထိေအာင္အာလုတ္က်င္းေပးပါ။ႏြားနို႔ပူပူတစ္ခြက္ထဲ နႏြင္းဇြန္းဝက္ထည့္ၿပီးေသာက္ေပးပါ။

ခ်င္း၊ ပ်ားရည္၊ နႏြင္း သုံးမ်ိဳးေရာၿပီးေရေႏြးနဲ႔က်ိဳေသာက္ပါ/လ်က္စားပါ။တစ္ေန႔ ေလးႀကိမ္ေသာက္/လ်က္စားပါ။လဖက္ရည္ၾကမ္းေႏြးေႏြးမွာ ပ်ားရည္ထည့္ၿပီးေသာက္ေပးပါ။

ၾကက္သြန္ဥနီ သတၱဳရည္နဲ႔ပ်ာရည္ ဆတူေရာၿပီးမၾကာခဏ လၽွက္ေပးပါ လည္ေခ်ာင္နာတာေရာေခ်ာင္းဆိုးတာပါ သက္သာပါတယ္။

ပင္စိမ္း လက္တစ္ဆုပ္စာကိုေရနဲ႔ေရာက်ိဳၿပီးအာလုတ္ေမာ့က်င္းေပးပါ။သရက္ေခါက္ ေရနဲ႔ျပဳတ္ၿပီးအာလုတ္က်င္းေပးပါ

သစ္ႀကံပိုးေခါက္အမွုန္႔ တစ္ဇြန္းနဲ႔င႐ုတ္ေကာင္းအနက္မွုန္႔အနည္းငယ္ကို ပ်ားရည္နဲ႔ေရာၿပီးေရတစ္ဖန္ခြက္နဲ႔က်ိဳၿပီးေသာက္ေပးပါ။ဆားေရေႏြးနဲ႔ မၾကာ ခဏအာလုတ္ေမာ့က်င္းေပးပါ။

ေရခဲေရေရွာင္ပါ အပူအစပ္ေရွာင္ပါဆီေၾကာ္စာမစားပါနဲ႔ ဝမ္းမခ်ဳပ္ပါေစနဲ႔ေရမ်ားမ်ားေသာက္ပါ။

ႏွာေစးလၽွင္

ေျခဖဝါး ဆားပြတ္ေရေလာင္းေပးပါ။ကြမ္းရြက္အရည္ညစ္ အုန္းဆီနဲ႔ေဖ်ာ္ ငယ္ထိပ္လိမ္းေပးပါ။ပ႐ုတ္ဆီ၊ ပ႐ုတ္ျမစ္၊ ေရွာက္ရြက္၊ေလးညႇင္းပြင့္၊(ရရာ)ျပဳတ္ၿပီးအေငြ႕ရွူ ပါ။

က်ားမနိုင္ျမစ္ေသြးၿပီးႏွာတံတေလၽွာက္လိမ္းေပးပါ။ေရေႏြးပူပူတြင္ေရွာက္ရြက္ အနည္းငယ္ၾကက္သြန္နီဥႀကီး၊ၾကက္သြန္ျဖဴဥႁမြာ င႐ုတ္ေကာင္းအနည္းငယ္ထည့္၍ပူပူမွုတ္ေသာက္။

င႐ုတ္ေကာင္းေစ့ကို အပ္ဖ်ားထိပ္ထိုး မီးရွိူ႔ၿပီးအေငြ႕ရွူေပးပါက ႏွာေစး ႏွာပိတ္ထိပ္ကပ္နာကိုသက္သာေစသည္။

ႏွာပိတ္လၽွင္

သံပုရာသီးမီးကင္ အရည္ကိုခပ္ေႏြးေႏြးညစ္ထည့္၊ကြမ္းရြက္ လၽွက္ဆား ထုံး ၃မ်ိဳးကိုေရာပြတ္ေျခၿပီး ႏွာဝတြင္ေတ့ရွူေပးပါ။မိုးေမၽွာ္င႐ုတ္သီးေျခာက္ကို အညႇာမွကိုင္ထိပ္ကိုမီးရိႈ႔ၿပီးရွဴေပးပါ။

ႏွမ္းဆီျဖင့္ ႏွာေခါင္း ႏွာတံအရင္းမွအဖ်ားထိပြတ္ဆြဲခ်ပါ အႀကိမ္မ်ားစြာျပဳလုပ္ပါက ႏွာပြင့္ေစသည္။ေျခဖဝါးတြင္ ေရနံဆီ၊ ပ႐ုတ္ဆီ လိမ္းၿပီးႏွိပ္နယ္ေပးလၽွင္ ေျခဖဝါးေအး၍ျဖစ္ေသာ ႏွာပိတ္ျခင္းကိုပြင့္ေစနိုင္သည္။

ကေလးငယ္မ်ားႏွာေစး/ပိတ္လၽွင္ေရနံဆီ ႏွာေခါင္းတြင္လိမ္း၊ေျခဖဝါးတြင္လိမ္းေပးပါ။

ေခ်ာင္းဆိုးျခင္း(COUCH)

ေခ်ာင္းဆိုးတာက အေအးမိျခင္းနဲ႔တြဲၿပီးအျဖစ္မ်ားတဲ့ေရာဂါပါ။သလိပ္မထြက္တဲ့ ေခ်ာင္းေျခာက္ဆိုးျခင္းနဲ႔သလိပ္ထြက္ၿပီးဆိုးတဲ့ေခ်ာင္း ဆိုၿပီးကြဲပါေသးတယ္။

ေခ်ာင္းေျခာက္ဆိုးျခင္းအတြက္

ပ်ားရည္နဲ႔သံပရာရည္ ေရာစပ္ထားတဲ့ေဆးရည္ကို မၾကာခဏလ်က္ေပးၿပီး ေရေႏြးပူပူေလးေသာက္ေပးပါ။ေရေႏြးပူပူထဲ ပ်ားရည္ ႏွစ္ဇြန္းသံပရာရည္တစ္လုံးညစ္ထည့္ၿပီးပူပူေလးမွုတ္ေသာက္ေပးပါ။

ႏြားနို႔ပူပူတစ္ခြက္ထဲ နႏြင္းဇြန္းတစ္ဝက္ ခ်င္းမွုန္႔တစ္ဇြန္းထည့္ၿပီး အိပ္ရာမဝင္ခင္ေသာက္ပါ။သံပုရိုသီး ထက္ျခမ္းျခမ္းၿပီးအရည္ႏွင့္အေစ့မ်ားဖယ္ပါ၊ဆားအျပည့္အခြံထဲသိပ္ၿပီး အေပၚယံကၽြမ္းေအာင္ မီးဖုတ္ပါ။ ျပန္ထုတ္ၿပီးသံပုရိုခြံဆားျပာကိုခြက္တစ္ခြက္ထဲေခ်ထည့္ပါ၊

ေစာေစာကဖယ္ထားတဲ့ သံပုရိုအရည္ျပန္ေလာင္းထည့္ၿပီးမၾကာခဏလ်က္ေပးပါ၊ေရေႏြးပူပူေလးေသာက္ေပးပါ။

သလိပ္ပြၿပီး ဆိုးတဲ့ေခ်ာင္း

ပ်ားရည္ တစ္ဇြန္း ေလးညႇင္းမွုန္႔နည္းနည္းရာထားတာကို တစ္ေန႔ သုံးႀကိမ္ အစာစားၿပီး ခ်ိန္မွာေသာက္ပါ။ပ်ားရည္တစ္ဇြန္း ခ်င္းမွုန္႔ဇြန္းတစ္ဝက္ေရာထားတာကို တစ္ေန႔(၃)ႀကိမ္ အစာစားၿပီးခ်န္မွာေသာက္ပါ။

ပ်ားရည္တစ္ဇြန္း င႐ုတ္ေကာင္းအနက္မွုန္႔လဖက္ရည္ဇြန္း ေလးပုံတစ္ပုံ နဲ႔ေရာၿပီး တစ္ေန႔ သုံးႀကိမ္အစာစားၿပီးခ်ိန္ ငါးရက္ ခန္႔စြဲေသာက္ေပးပါ။

ခၽြဲထြက္တဲ့ေခ်ာင္းအတြက္

လဖက္ရည္ၾကမ္းတစ္ခြက္ထဲ ခ်င္းမွုန္႔တစ္ဇြန္းသစ္ႀကံ ပိုးမွုန္႔ နည္းနည္းထည့္ၿပီး တစ္ရက္ႏွစ္ရက္ေသာက္ေပးပါ။

အိမ္တြင္းေဆးနည္းတိုကုထုံးမ်ားMyMc