ေဖေဖာ္ဝါရီလ ၆ ၊ ၇ ရက္ေန႔ ႏိုင္ငံတကာမွ ေရးတဲ့ ျမန္မာ့သတင္း…

ေဖေဖာ္ဝါရီလ ၆ ၊ ၇ ရက္ေန႔ ႏိုင္ငံတကာမွ ေရးတဲ့ ျမန္မာ့သတင္း…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

ဒီေန႔ တနဂၤေႏြေန႔ဆႏၵျပပြဲမွာ လူငယ္ေတြအမ်ားအျပား ဦးေဆာင္ေနတယ္။ စေနေန႔ဆႏၵျပပြဲထက္ ပိုႀကီးၿပီး အေတာ္စနစ္က်တယ္လို႔ ျမန္မာျပည္ၿမိဳ႕ေတာ္ေဟာင္း ရန္ကုန္ CNN ကို သတင္းေပး။ ႐ိုက္တာသတင္းဌာနက ေထာင္၊ေသာင္းေပါင္းမ်ားစြာ ႐ွိတဲ့လူေတြ လမ္းေပၚေရာက္ကုန္ၿပီလို႔ဆိုပါတယ္ …။

တနဂၤေႏြေန႔ ၊ ေဖေဖာ္ဝါရီလ ၇ ရက္။

ညေန ၅ နာရီ ၅၇ မိနစ္။

ျမဝတီဆႏၵျပပြဲမွာ ရဲေတြက ရာဘာက်ည္ဆန္ေတြနဲ႔ ပစ္ခတ္ၿပီး လူ ၆ ဦးကိုဖမ္းဆီးခဲ့ပါတယ္ …။ ( ဧရာဝတီသတင္း ဝက္ဘ္ဆိုက္)

တနဂၤေႏြေန႔ ၊ ေဖေဖာ္ဝါရီလ ၇ ရက္။

ေန႔လယ္ ၂ နာရီ ၄၈ မိနစ္။

NetBlocks ဆိုတဲ့ လန္ဒန္အေျခစိုက္ အင္တာနက္၀န္ေဆာင္မႈ ေစာင့္ၾကည့္ေရးအဖြဲ႕ (London-based independent internet service)က ျမန္မာႏိုင္ငံမွာ အြန္လိုင္းေတြ တစိတ္တစ္ပိုင္း ျပန္ပြင့္သြားျပီ ျဖစ္ေၾကာင္းတယ္ ေျပာၾကားခဲ့ပါတယ္ ..။

ဘယ္ေလာက္ၾကာၾကာအသုံးျပဳႏိုင္မလဲဆိုတာေတာ့ မသိပါဘူးတဲ့ …။

တနဂၤေႏြေန႔ ၊ ေဖေဖာ္ဝါရီလ ၇ ရက္။

ေန႔လယ္ ၂ နာရီ ၃၅ မိနစ္။

ျမန္မာႏိုင္ငံရဲ႕အဓိကၿမိဳ႕ေတာ္ျဖစ္တဲ့ရန္ကုန္မွာ အင္တာနက္ျပန္ေပးမယ့္ လူမႈကြန္ရက္ေတြျဖစ္တဲ့Facebook၊ Twitter ႏွင့္ Insta gram တို႔ကေတာ႔ ဆက္ပိတ္ဆဲပါ …။

တနဂၤေႏြေန႔ ၊ ေဖေဖာ္ဝါရီလ ၇ ရက္။

ေန႔လယ္ ၂ နာရီ ၃၂ မိနစ္။

ထိုင္းႏိုင္ငံ၊ မဲေဆာက္နဲ႔ နယ္စပ္တစ္ေလွ်ာက္ ျမ၀တီအေ႐ွ႕ေတာင္ပိုင္း၊ ျမ၀တီၿမိဳ႕ဆႏၵျပပြဲကို ရဲေတြက ၿဖိဳခြဲလိုက္ၾကပါတယ္။ ေသနတ္သံေတြလည္း ၾကားရတယ္လို႔ ဆိုပါတယ္ …။

ေသနတ္ပစ္ခတ္မႈကို ႐ွင္း႐ွင္းလင္းလင္းၾကားရေပမဲ့ ဘယ္အမ်ိဳးအစား လက္နက္ခဲယမ္းေတြကိုအသုံးျပဳလိုက္သလဲ …၊ ထိခိုက္ေသဆုံးမႈ ႐ွိ မ႐ ကိုေတာ႔ မသိရေသးပါ …။

တနဂၤေႏြေန႔ ၊ ေဖေဖာ္ဝါရီလ ၇ ရက္။

ေန႔လယ္ ၂ နာရီ၊ ၃၂ မိနစ္။

ျမန္မာျပည္ကို ျပင္ပကမ႓ာနဲ႔ အဆက္အသြယ္ျဖတ္ထားဆဲ ျဖစ္ပါတယ္ …။

တနဂၤေႏြေန႔ ၊ ေဖေဖာ္ဝါရီလ ၇ ရက္။

မနက္ ၁၀ နာရီ၊ နာရီ ၂ မိနစ္။

ေထာင္ႏွင့္ခ်ီေသာ ဆႏၵျပသူေတြရဲ႕ ဒုတိယေန႔ခ်ီတက္ပြဲကို ရန္ကုန္မွာ ျမင္ေတြ႔ခဲ႔ရပါတယ္ …။

“ ငါတို႔ဟာ စစ္အာဏာ႐ွင္စနစ္ကို မလိုလားပါ။ ငါတို႔ ဒီမိုကေရစီလိုခ်င္တယ္” လို႔ ေႂကြးေၾကာ္ေနခဲ့ၾက။ေမာ္လၿမိဳင္မွာ လူ ၁၀၀ ခန္႔နဲ႔ အေ႐ွ႕ေတာင္ဘက္ကမ္း႐ိုးတန္းဘက္က စတယ္။ မႏၲေလးၿမိဳ႕မွာေတာ့ ေက်ာင္းသား၊ ဆရာဝန္ေတြနဲ႔စပါတယ္ …။

စေနေန႔ ၊ ေဖေဖာ္ဝါရီလ ၆ ရက္။

ည ၁၀ နာရီ။

အင္တာနက္ပိတ္ဆို႔ထားၿပီးေဒၚေအာင္ဆန္းစုၾကည္ေနအိမ္ အက်ယ္ ခ်ဳပ္က လြတ္ေျမာက္ၿပီ” ဆိုတဲ့သတင္းမွားေတြက ပ်ံ႕ႏွံ႔ေနခဲ့။ေ႐ွ႕ ေနဦးခင္ေမာင္ေဇာ္က သတင္းမွားေၾကာင္း အတည္ျပဳခဲ႔ပါတယ္ …။

စေနေန႔ ၊ ေဖေဖာ္ဝါရီလ ၆ ရက္။

ည ၇ နာရီ ၂၄ မိနစ္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ စစ္တပ္ကျမန္မာႏိုင္ငံမွာ ဩစေၾတးလ်ႏိုင္ငံသားတစ္ဦးကို ထိန္းသိမ္းထားတဲ့အတြက္ ၾသစေၾတးလ်ႏိုင္ငံျခားေရး၀န္ႀကီး ကင္ဘာရာ (Canberra)က အလြန္အမင္းစိုးရိမ္ေၾကာင္း ေျပာလိုက္ပါတယ္ …။

အထိမ္းသိမ္းခံထားရသူက ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအၾကံေပးပုဂၢိဳလ္ Sean Turnell ျဖစ္ပါတယ္ …။

စေနေန႔ ၊ ေဖေဖာ္ဝါရီလ ၆ ရက္။

ေန႔လယ္ ၃ နာရီ၊ ၀၀ မိနစ္။

ျမန္မာႏိုင္ငံ၊ ၿဗိတိသွ်သံ႐ုံးကျမန္မာျပည္ရဲ႕ အေရးေပၚအေျခအေနဟာ လူ႕အခြင့္အေရးနဲ႔ လြတ္လပ္ခြင့္ကိုႏွိမ္နင္းဖို႔အတြက္ “ အမွန္တရားကို ဖုံးကြယ္ထားရန္ဗန္းျပထားသည့္ကိစၥတစ္ရပ္(smokesc reen)”ဆိုတာ ႐ွင္းေနပါတယ္တဲ့ …။

စေနေန႔ ၊ ေဖေဖာ္ဝါရီလ ၆ ရက္။

မနက္ ၂ နာရီ ၀၀ မိနစ္။

ေဖေဖာ္ဝါရီ ၆ ရက္နံနက္ ၉ နာရီေလာက္က ျမန္မာျပည္အင္တာ နက္ေတြပိတ္တဲ့အေၾကာင္း ဂ်ပန္သံ႐ုံးက ျမန္မာႏိုင္ငံ႐ွိေဒသခံေတြကို အေၾကာင္းၾကားခဲ့ပါတယ္ …။

လန္ဒန္အေျခစိုက္ အင္တာနက္၀န္ေဆာင္မႈ ေစာင့္ၾကည့္ေရးအဖြဲ႕ NetBlocks ကျမန္မာျပည္ဟာ အင္တာနက္လုံးဝ အပိတ္ခံရပါတယ္လို႔ Twitter မွာေရးခဲ့ပါတယ္ …။

Credit

Unicode Version ဖြင့်ဖတ်ရန်

ဖေဖော်ဝါရီလ ၆ ၊ ၇ ရက်နေ့ နိုင်ငံတကာ မှ ရေးတဲ့ မြန်မာ့သတင်း…

ဒီနေ့ တနင်္ဂနွေနေ့ဆန္ဒပြပွဲမှာ လူငယ်တွေအများအပြား ဦးဆောင်နေတယ်။ စနေနေ့ဆန္ဒပြပွဲထက် ပိုကြီးပြီး အတော်စနစ်ကျတယ်လို့ မြန်မာပြည်မြို့တော်ဟောင်း ရန်ကုန် CNN ကို သတင်းပေး။ ရိုက်တာသတင်းဌာနက ထောင်၊သောင်းပေါင်းများစွာ ရှိတဲ့လူတွေ လမ်းပေါ်ရောက်ကုန်ပြီလို့ဆိုပါတယ် …။

တနင်္ဂနွေနေ့ ၊ ဖေဖော်ဝါရီလ ၇ ရက်။

ညနေ ၅ နာရီ ၅၇ မိနစ်။

မြဝတီဆန္ဒပြပွဲမှာ ရဲတွေက ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ပြီး လူ ၆ ဦးကိုဖမ်းဆီးခဲ့ပါတယ် …။ ( ဧရာဝတီသတင်း ဝက်ဘ်ဆိုက်)

တနင်္ဂနွေနေ့ ၊ ဖေဖော်ဝါရီလ ၇ ရက်။

နေ့လယ် ၂ နာရီ ၄၈ မိနစ်။

NetBlocks ဆိုတဲ့ လန်ဒန်အခြေစိုက် အင်တာနက်ဝန်ဆောင်မှု စောင့်ကြည့်ရေးအဖွဲ့ (London-based independent internet service)က မြန်မာနိုင်ငံမှာ အွန်လိုင်းတွေ တစိတ်တစ်ပိုင်း ပြန်ပွင့်သွားပြီ ဖြစ်ကြောင်းတယ် ပြောကြားခဲ့ပါတယ် ..။

ဘယ်လောက်ကြာကြာအသုံးပြုနိုင်မလဲဆိုတာတော့ မသိပါဘူးတဲ့ …။

တနင်္ဂနွေနေ့ ၊ ဖေဖော်ဝါရီလ ၇ ရက်။

နေ့လယ် ၂ နာရီ ၃၅ မိနစ်။

မြန်မာနိုင်ငံရဲ့အဓိကမြို့တော်ဖြစ်တဲ့ရန်ကုန်မှာ အင်တာနက်ပြန်ပေးမယ့် လူမှုကွန်ရက်တွေဖြစ်တဲ့Facebook၊ Twitter နှင့် Insta gram တို့ကတော့ ဆက်ပိတ်ဆဲပါ …။

တနင်္ဂနွေနေ့ ၊ ဖေဖော်ဝါရီလ ၇ ရက်။

နေ့လယ် ၂ နာရီ ၃၂ မိနစ်။

ထိုင်းနိုင်ငံ၊ မဲဆောက်နဲ့ နယ်စပ်တစ်လျှောက် မြဝတီအရှေ့တောင်ပိုင်း၊ မြဝတီမြို့ဆန္ဒပြပွဲကို ရဲတွေက ဖြိုခွဲလိုက်ကြပါတယ်။ သေနတ်သံတွေလည်း ကြားရတယ်လို့ ဆိုပါတယ် …။

သေနတ်ပစ်ခတ်မှုကို ရှင်းရှင်းလင်းလင်းကြားရပေမဲ့ ဘယ်အမျိုးအစား လက်နက်ခဲယမ်းတွေကိုအသုံးပြုလိုက်သလဲ …၊ ထိခိုက်သေဆုံးမှု ရှိ မရ ကိုတော့ မသိရသေးပါ …။

တနင်္ဂနွေနေ့ ၊ ဖေဖော်ဝါရီလ ၇ ရက်။

နေ့လယ် ၂ နာရီ၊ ၃၂ မိနစ်။

မြန်မာပြည်ကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားဆဲ ဖြစ်ပါတယ် …။

တနင်္ဂနွေနေ့ ၊ ဖေဖော်ဝါရီလ ၇ ရက်။

မနက် ၁၀ နာရီ၊ နာရီ ၂ မိနစ်။

ထောင်နှင့်ချီသော ဆန္ဒပြသူတွေရဲ့ ဒုတိယနေ့ချီတက်ပွဲကို ရန်ကုန်မှာ မြင်တွေ့ခဲ့ရပါတယ် …။

“ ငါတို့ဟာ စစ်အာဏာရှင်စနစ်ကို မလိုလားပါ။ ငါတို့ ဒီမိုကရေစီလိုချင်တယ်” လို့ ကြွေးကြော်နေခဲ့ကြ။မော်လမြိုင်မှာ လူ ၁၀၀ ခန့်နဲ့ အရှေ့တောင်ဘက်ကမ်းရိုးတန်းဘက်က စတယ်။ မန္တလေးမြို့မှာတော့ ကျောင်းသား၊ ဆရာဝန်တွေနဲ့စပါတယ် …။

စနေနေ့ ၊ ဖေဖော်ဝါရီလ ၆ ရက်။

ည ၁၀ နာရီ။

အင်တာနက်ပိတ်ဆို့ထားပြီးဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ် ချုပ်က လွတ်မြောက်ပြီ” ဆိုတဲ့သတင်းမှားတွေက ပျံ့နှံ့နေခဲ့။ရှေ့ နေဦးခင်မောင်ဇော်က သတင်းမှားကြောင်း အတည်ပြုခဲ့ပါတယ် …။

စနေနေ့ ၊ ဖေဖော်ဝါရီလ ၆ ရက်။

ည ၇ နာရီ ၂၄ မိနစ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ကမြန်မာနိုင်ငံမှာ ဩစတြေးလျနိုင်ငံသားတစ်ဦးကို ထိန်းသိမ်းထားတဲ့အတွက် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကင်ဘာရာ (Canberra)က အလွန်အမင်းစိုးရိမ်ကြောင်း ပြောလိုက်ပါတယ် …။

အထိမ်းသိမ်းခံထားရသူက ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် Sean Turnell ဖြစ်ပါတယ် …။

စနေနေ့ ၊ ဖေဖော်ဝါရီလ ၆ ရက်။

နေ့လယ် ၃ နာရီ၊ ၀၀ မိနစ်။

မြန်မာနိုင်ငံ၊ ဗြိတိသျှသံရုံးကမြန်မာပြည်ရဲ့ အရေးပေါ်အခြေအနေဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကိုနှိမ်နင်းဖို့အတွက် “ အမှန်တရားကို ဖုံးကွယ်ထားရန်ဗန်းပြထားသည့်ကိစ္စတစ်ရပ်(smokesc reen)”ဆိုတာ ရှင်းနေပါတယ်တဲ့ …။

စနေနေ့ ၊ ဖေဖော်ဝါရီလ ၆ ရက်။

မနက် ၂ နာရီ ၀၀ မိနစ်။

ဖေဖော်ဝါရီ ၆ ရက်နံနက် ၉ နာရီလောက်က မြန်မာပြည်အင်တာ နက်တွေပိတ်တဲ့အကြောင်း ဂျပန်သံရုံးက မြန်မာနိုင်ငံရှိဒေသခံတွေကို အကြောင်းကြားခဲ့ပါတယ် …။

လန်ဒန်အခြေစိုက် အင်တာနက်ဝန်ဆောင်မှု စောင့်ကြည့်ရေးအဖွဲ့ NetBlocks ကမြန်မာပြည်ဟာ အင်တာနက်လုံးဝ အပိတ်ခံရပါတယ်လို့ Twitter မှာရေးခဲ့ပါတယ် …။

Credit