









Unicode Version ဖြင့်ဖတ်ရန်

ဒါကို သတိတရနဲ့စနေနေ့တိုင်းလုပ်ဆောင်ပေးလျှင် အကြွေးမြန်မြန်ကြေ၍ငွေဝင်လာဘ်ပွင့်စေသည်…

စနေနေ့တိုင်းလုပ်လျှင် အကြွေးကြေ ငွေဝင်လာဘ်ပွင့်စေပါတယ်။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) ရက်တစ်ပတ်လျှင် တစ်ကြိမ် စနေနေ့ ကျရောက်သည့် နေ့တွင် ခြေသည်းလက်သည်းညှပ်ခြင်း၊ ဆံပင်ညှပ်ခြင်း (သို့မဟုတ်) ခေါင်းလျှော် ခေါင်းဆေးမင်္ဂလာပြုလုပ်၍ ရေချိုးကာသန့်စင်ခြင်း …၊

အိမ်အတွင်းရှိအမှိုက်သရိုက်များ သန့်ရှင်းစွန့်ပစ်လိုက်ခြင်း၊ အိမ်ထမင်းစားခန်း သီးသန့်ရှိလျှင် ထိုအခန်းအတွင်းကို သန့်ရှင်းရေးပြုလုပ်ပါ။ မိသားစုပျော်ရွှင်ရယ်မောစေသည့် ဓါတ်ပုံများ၊ ကျက်သရေရှိပြီး လှပသောပန်းပုံများကို တပ်ဆင်ထားလျှင် အင်မတန် စီးပွားတက် လာဘ်ရွှင်စေပါတယ် …။

ပိုက်ဆံ 1000ဖြစ်စေ 10000ဖြစ်စေ ပံသကူပစ်လှူခြင်း၊ သံဃာတော်ဘုန်းကြီး သူတော်စင်များ၊ သက်ကြီးရွယ်အိုများကို မိမိတတ်စွမ်းနိုင်သရွေ့ ပုတီးများ လှူဒါန်းပေးရခြင်း၊ တာလီစက်များလှူပေးရခြင်း၊ တိုင်ကပ်နာရီ လုပ်ဆောင်သွားမည်ဆိုပါက ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေပြီး …၊

ငွေအကြွေးတင်နေလို့ ေ.သာကရောက်နေသူများကို အကြွေးမြန်မြန် ကြေစေရန်၊ ငွေကြေးကံနှိမ့်နေသူ၊ လာဘ်ပိတ်နေသူများငွေကံမြင့်ပြီး လာဘ်ပွင့်စေမယ့်နည်းကောင်းများပါ …။

ငွေကြေးအရှုပ်အရှင်းကိစ္စနဲ့ ပက်သက်ပြီး ကြံကြံဖန်ဖန် အဆင်ပြေသွားနေခြင်းကို မုချတွေ့နေရပါလိမ့်မယ်။ ဖော်ပြထားသည့်လုပ်ဆောင်ချက်များ အားလုံးမလုပ်နိုင်ခဲ့သည် ဆိုရင်တောင်မှ နည်းတစ်ခုခုတော့ လုပ်ဖြစ်အောင် လုပ်ပေးသွားကြပါခင်ဗျ။ တစ်ခြားနေ့ရက်များတွင်လည်း အထက်ပါလုပ်ဆောင်ချက်များ လုပ်လို့ရပါတယ် …။

အတိုက်အခိုက် အနှောင့်အယှက် ကင်းဝေးစေပြီး စိတ်ချမ်းသာစေပါတယ် ခင်ဗျ။ ဆရာဦးမင်းနိုင် သင်ပြပြောပြခဲ့ပြီး ဆရာကိုယ်တိုင်လုပ်ဆောင်နေတာ ကြာလာခဲ့ပါပြီ။ အကျိုးခံစားချက်အာနိသင်များကို ဆရာ့မိတ်ဆွေများ တမြုံမြုံအားရပါးရရရှိစေရန် စေတနာနှင့် မျှဝေပေးလိုက်ရပါတယ်ခင်ဗျ …။

၇ရက်သားသမီးများ ငွေကြေးပြသနာအခက်အခဲများ ကင်းဝေးစေပြီး စီးပွားတက် အကြွေးဆပ်နိုင်ကြပါစေ။ ယုံကြည်အားကိုးဆန္ဒရှိသူများအတွက် ဗေဒင်နှင့် အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း 09776478912

လေးစားစွာဖြင့် ခရက်ဒစ်