၃။ အလျှော့ပေးရမယ်”
၎။ သွေးမပူပါနဲ့”
၆။ နားလည်မှု”
Credit
Unicode Version ဖြင့်ဖတ်ရန်
တစ်သက်လုံးလက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားရင် ဒီ(၆)ချက်ကို သိထားဖို့လိုပါတယ်…
လက်ရှိ ချစ်သူနဲ့ အချစ်ရေးမှာပဲ ဖြစ်ဖြစ် လက်ရှိ အိမ်ထောင်ရေးမှာပဲ ဖြစ်ဖြစ် တစ်သက်လုံး လက်တွဲ သွားမယ်လို့ ဆုံးဖြတ်ထားရင်ဒီ ( ၆ )ချက်ကို သိထားဖို့လိုပါမယ်နော် …။
၁။ ခေါင်းအေးအေးထား စဉ်းစား”
ဟုတ်တယ်။ ငါတို့ ခေါင်းအေးအေး ထားရမယ်။ တကယ်တော့ ငါတို့ ရန်ဖြစ်ကြတာ ခဏတာလေးပါ။ ဒီခဏလေးပြီးရင် အကြာကြီးဝေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ …။
ငါတို့ရန်ဖြစ် တာရော၊ ဘာကြောင့်လဲ။ လမ်းခွဲဖို့လောက် ထိရော၊ ဖြစ်သင့်ရဲ့လား။ ဘာတွေကြောင့် ဒီအခြေအနေတွေ အထိ ဖြစ်လာခဲ့လဲ။ ငါတို့ ခေါင်းအေးအေး ထားပြီး စဉ်းစားကြမယ် …။
၂။ မှားတဲ့သူ တောင်းပန်ကြေး”
ချစ်သူရေ…ဘယ်သူမဆို ကိုယ်မှား တာကို တာဝန် ယူမှ၊ ဝန်ခံမှ။ အထူးသဖြင့် ကိုယ်တို့ ချစ်သူတွေကြားမှာပေါ့။ အမှားကိုသိရင် အမှန်ပြင်ရမယ့် သတ္တိ ငါတို့မှာ ရှိရမယ်လေ။ မှားတဲ့သူက အရင်တောင်းပန်ကြေး။ နောက်ပြီး တောင်းပန်တာ ကိုလည်း လက်ခံကြေး။ ခွင့်လွှတ်ကြေးနော် …။
၃။ အလျှော့ပေးရမယ်”
တကယ်တော့လေ ဘယ်သူ မှားမှား ဘယ်သူ မှန်မှန်၊ တကယ်ချစ်ရင် အလျော့ကို ပေးရမယ်။ ဒီကမာ္ဘကြီးမှာ တကယ်ချစ် တဲ့သူတိုင်း တစ်မျိုးစီ ရူးသွပ်တာကို နင်လည်း သိသားပဲ။ ကဲ…ငါကတော့ နင့်ကိုသိပ် ချစ်လို့ နင်မှားလည်း ငါကပဲ တောင်းပန် အလျော့ပေးပါ့မယ် …။
၄။ သွေးမပူပါနဲ့”
ငါတို့ကြား ရန်ပွဲတွေကို ဦးတည် လာတာနဲ့ အော်မပြောပါနဲ့ ။ တစ်ယောက်ကို တစ်ယောက် မစော်ကား မိပါစေနဲ့။ ခံစားမှုတွေကို အရမ်းကြီး ရှေ့တန်းမတင်လိုက်ပါနဲ့ …။
၅။ တစ်ယောက်အပေါ်တစ်ယောက် လေးစားမှု”
တစ်ယောက်နဲ့ တစ်ယောက်ကြား လေးစားမှု ဆိုတာသာ ရှိနေရင် အတ္တတွေ မရှိဘူး၊ အထင်အမြင်လွဲမှားတာတွေ မရှိဘူး။ ရန်ပွဲတွေဆိုတာလည်း နည်းလိမ့်မယ် ။ နင်နဲ့ငါအကြား အပြန်အလှန် လေးစားမှု ဆိုတာသာ ရှိခဲ့ရင် တို့ရဲ့အချစ် ခရီးကလည်း ဖြောင့်ဖြူးနေမှာပါ …။
၆။ နားလည်မှု”
အချစ် တစ်ခုမှာ ချစ်ခြင်းပြီးရင် အရေး အကြီးဆုံးက နားလည် မှုပဲတဲ့။ နားလည်မှုက ရန်ပွဲတွေကို ကျော်လွှားစေတယ်။ စစ်ပွဲတွေကို ရပ်တန့်စေ တယ်။ ပဋိပက္ခတွေကို အပြီးသတ်စေ တယ် ။ ငါတှို့အကြား နားလည်မှုတွေရှိနေ သ၍တော့ ကျောခိုင်း သွားကြရမှာ မဟုတ်ပါဘူးနော် …။ ။
လေးစားစွာဖြင့် Khant Kyaw
Credit