(၁) ရိုးသားတယ်”
(၃) အားနာတတ်တယ်”
(၅) နားလည်ပေးတတ်တယ်”
Credit
Unicode Version ဖြင့်ဖတ်ရန်
စိတ်ထားကောင်းတဲ့ လူတွေမှာသာ တွေ့ရတဲ့ အချက်(၅)ချက်…
လူတစ်ယောက် အသက်ရှင်သန်ရပ်တည်ဖို့ရာ ပညာတတ်ဖို့၊ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့၊ ထက်မြက်ဖို့ စတဲ့ အချက်တွေ လိုအပ်တယ်ဆိုပေမယ့် တကယ်တမ်း အလိုအပ်ဆုံးအချက်ကတော့ စိတ်ကောင်းရှိဖို့ပါပဲ …။
စိတ်ကောင်းရှိ ဖို့ဆိုတာ လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ကောင်း ရှိတယ်ဆိုတာ ကြာကြာ ဟန်ဆောင်လို့ မရလို့ပါပဲ။ စိတ်ကောင်းရှိသူတွေ မှာတွေရတဲ့ အချက်ကလေးတွေကို ဖော်ပြပေးလိုက် မယ်နော် …။
(၁) ရိုးသားတယ်”
စိတ်ကောင်းရှိ တဲ့သူတွေဟာ သူတို့နဲ့ပတ်သက်တဲ့ သူတိုင်းအပေါ်မှာ ရိုးသားပါတယ်။ ကိုယ့်စိတ်ရင်းအတိုင်း ဆက်ဆံတတ်တယ်။ ဟန်မဆောင် တတ်ဘူး။ လူတစ်ယောက်ရဲ့ အရှေ့မှာပဲဖြစ်ဖြစ်၊ ကွယ်ရာမှာ ပဲဖြစ်ဖြစ် ရိုးသားစွာ ပေါင်းသင်း ဆက်ဆံ တတကြပါတယ် …။
(၂) သူများအတွက် တွေးပေးတတ်တယ်”
စိတ်ကောင်းရှိ တဲ့သူတွေဟာ ကိုယ့်ကိုယ်ကို အရမ်းဦးစားပေးတဲ့ အတ္တသမားတွေ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး သူများအတွက် တွေးပေးတတ်တဲ့ သူတွေပဲ ဖြစ်ပါတယ် …။
(၃) အားနာတတ်တယ်”
သူများက အကူအညီ တစ်ခုတောင်းလာရင် ငြင်းလိုက် ရမှာစိုးပြီး တတ်နိုင်သလောက် ကူညီတတ်ပါတယ်။ ဒီလို ကူညီတတ်တယ် ဆိုတာကလည်း အားနာလို့ဖြစ်ပြီး အဲ့လို အားနာတယ် ဆိုတာကလည်း “အ” လို့ မဟုတ်ဘဲ စိတ်ကောင်းရှိလို့သာ ဖြစ်ပါတယ် …။
(၄) ကြင်နာတတ်တယ်၊ ကူညီတတ်တယ်”
စိတ်ကောင်းရှိတဲ့ သူတွေဟာ ကြင်နာ တတ်တဲ့ စိတ်နှလုံးသားရှိပြီး တစ်ဖက်သားကို ကူညီတတ်ကြပါတယ်။ ကိုယ့်ထက်သာ တဲ့သူတွေကိုလည်း မနာလိုတာတွေ မရှိသလို၊ ကိုယ့်ထက် အားနည်းတဲ့ သူတွေကိုလည်း ဖေးမတတ်တဲ့ သူလေးတွေ ဖြစ်ပါတယ် …။
(၅) နားလည်ပေးတတ်တယ်”
ကိုယ်ချစ်ရတဲ့ သူတွေအပေါ် နားလည်ပေးတတ်တဲ့ သူတွေ ဖြစ်တယ်။ သူတို့တွေ ကိုယ့်အပေါ်အမှားလုပ် တာတွေ၊ ကတိမ တည်တာတွေ ရှိရင်တောင် ဒါတွေကို အငြိုးအတေးမထားဘဲ နားလည်ခွင့်လွှတ်ပေး တတ်ပါတယ်။ ဒါကလည်း “အ”လို့၊ နားမလည်လို့ မဟုတ်ဘဲ တစ်ဖက်သားအပေါ် အပြစ်မ တင်ချင်လို့၊ စိတ်ကောင်းရှိလို့ပဲ ဖြစ်ပါတယ်နော် …။ ။
Credit