သင္႔ကို မေန႔ကထက္ ဒီေန႔ပိုခ်စ္ေစမယ္႔ နည္းလမ္း (၄) သြယ္…

သင္႔ကို မေန႔ကထက္ ဒီေန႔ပိုခ်စ္ေစမယ္႔ နည္းလမ္း (၄) သြယ္…

အခ်စ္ေၾကာင့္စိတ္ညစ္ေနလား …၊ ဘယ္လို နားလည္မႈေတြ ထပ္ေပးရဦးမလဲ …၊

ျပႆနာေတြဆိုတာ အၿမဲကိုယ့္ဆီဘဲ ေရာက္လာ ေနတယ္လို႔ ထင္ေနရသလား …၊

ဒီခ်စ္မိခဲ့တဲ့ ရင္ခုန္သံေလးေတြေၾကာင့္ ေခါင္းစားေနရတယ္ ဆိုပါေတာ့ …။

ဒီေတာ့ ေအာက္ပါနည္းလမ္းေတြနဲ႔ မေပ်ာ္႐ႊင္တဲ့ေနရာမွာ ေပ်ာ္႐ႊင္မႈေလးေတြ ခံစားႏိုင္ေစဖို႔

လက္ရွိျပည့္စုံေနတဲ့ ခ်စ္သူေတြကေတာ့ ပိုပီးေတာ့ ခ်စ္သက္ရွည္ႏိုင္ဖို႔ ေဝမွ်ေပးလိုက္ပါတယ္ေနာ္ …။

၁။ အေပးအယူမွ်…..ဂ႐ုစိုက္တတ္မွ

တင္းက်ပ္စြာခ်ည္ေႏွာင္ထားတဲ့ ခ်စ္နည္းထက္ လြတ္လြတ္လပ္လပ္နဲ႔ နားလည္မႈေပးၾကည့္လိုက္ပါ …။

အၿမဲတစ္ေယာက္နဲ႔တစ္ေယာက္ ညႇိႏႈိင္း ေဆြးေႏြးၾကပါ …။

အခ်ိန္ေတြမအားလပ္ရင္ေတာင္ တစ္ပတ္တစ္ခါ စကားလက္ဆုံက်ေဆြးေႏြးပါ …။

ေႏြးေထြးတဲ့ လက္တစ္စုံနဲ႔အတူ ကမာၻပတ္သလို လမ္းေလွ်ာက္ထြက္လိုက္ပါ …။

ေဝးကြာေနတဲ့ခ်စ္သူေတြကေတာ့ ညအခ်ိန္မွာ ဖုန္းေျပာရင္း SMS ပို႔ရင္း ကုန္ဆုံးၾကည့္ပါ …။

ဘယ္ေတာ့မွ အလုပ္ကိစၥေတြနဲ႔ အခ်စ္ကို အေရာင္ျပယ္ေအာင္ မလုပ္လိုက္ပါနဲ႔ …။

ခ်စ္သူအတြက္ အခ်ိန္ဆိုတာ မျဖစ္မေန ေပးကိုေပးသင့္တဲ့ လုပ္ရပ္တစ္ခုျဖစ္ပါတယ္ …။

၂။ ရန္ျဖစ္ေစမဲ့စကား…..အျမန္ေရွာင္ရွား

အခ်စ္မွာ ျပႆနာျဖစ္မယ္႔ အေနမထားမေရာက္ေအာင္ ခင္ကတည္းက စကားလမ္းေၾကာင္းလႊဲတတ္ရပါမယ္ …။

ျပႆနာတစ္ခု ျဖစ္ေတာ့မယ္ဆိုရင္ စကားေတြ မကြၽံမိပါေစနဲ႔ …။

ဆိုးဝါးမယ္႔ အေျခအေနေရာက္လာရင္ေတာ့ စကားစျဖတ္လို႔ ရေအာင္ျဖတ္ပစ္ပါ …။

ေျပာခ်ိန္မတန္ဘဲနဲ႔ သြားမစပါနဲ႔။ ေနာက္ဆုံး စကားလမ္းေၾကာင္းလႊဲပါ …။

နားလည္မႈေပးႏိုင္ေအာင္ အတတ္ႏိုင္ဆုံးႀကိဳးစားဖို႔ အၾကံျပဳခ်င္ပါတယ္ …။

မုန္းဖို႔ ခ်စ္ခဲ့ၾကတာမွ မဟုတ္တာေနာ္ …။

၃။ ေမ့သင့္တာေတြ…ေမ့လိုက္ပါ

အတိတ္ဆိုတာကို လက္ရွိဘဝထဲ ဆြဲေခၚမလာပါနဲ႔ …။

လက္ရွိမွာအေကာင္းဆုံးျဖစ္ေအာင္သာ ႀကိဳးစားခ်စ္ျပပါ …။

အနာဂတ္အတြက္ အခ်စ္အိမ္ေလး ႀကိဳေဆာက္ၾကည္႔ပါ …။

ဒါေၾကာင့္ အတိတ္က အမွားေတြကို ေမ့ပစ္ေပးပါ …။

ဘာေၾကာင့္ ေမ့မျပစ္ႏိုင္ရမွာလဲ …၊ ခ်စ္တယ္ဆိုရင္ ရေအာင္ ေမ့ထားၾကည့္ပါ …။

ခုခ်ိန္ထိ မေမ့ႏိုင္ေသးဘူးဆိုရင္ေတာ့ သင့္ရဲ႕ အခ်စ္က စစ္ေရာစစ္ရဲ႕လားလို႔ ေမးခ်င္ပါရဲ႕ …။

အတိတ္ကအျပစ္ေတြ ျပန္ေျပာေနမဲ့အစား လက္ရွိဘယ္ေလာက္ တန္ဖိုးထားခ်စ္ေနတဲ့အေၾကာင္းကိုပဲ ေျပာျပလိုက္ပါ …။

၄။ ကူညီျဖည့္ဆည္းမႈေတြနဲ႔…ခ်စ္သက္တမ္းေလးရွည္ပါေစ

ခ်စ္သူရဲ႕လိုအပ္မႈေတြကို ၿငီးတြားစိတ္ပ်က္ေနမဲ့အစား ကူညီျဖည့္ဆည္းေပးပါ …။

အျခားသူေတြနဲ႔မႏႈိင္းဘဲ သင့္အခ်စ္အိမ္ေလးအတြက္ အၿမဲ Hero ျဖစ္ေအာင္ ႀကိဳးစားၾကည့္ပါ …။

စစ္မွန္တဲ့အခ်စ္ေတြေၾကာင့္ ခိုင္ၿမဲသာယာတဲ့ တုန႔္ျပန္မႈေတြ မၾကာခင္ ေရာက္လာပါလိမ့္မယ္ …။

ဘဝခရီးရွည္ႀကီးကို အေမာေတြေဒါသေတြနဲ႔ ျဖတ္ေက်ာ္မဲ့အစား အၾကင္နာေရစင္ေအးတစ္ခြက္ကို မက္မေျပ ေသာက္သုံးၾကည့္လိုက္ပါ …။

ကိုယ္ခ်စ္တဲ့သူနဲ႔ တစ္ဘဝလုံး ေအးခ်မ္းေပ်ာ္႐ႊင္စြာနဲ႔ ႏွစ္ပတ္လည္မ်ားစြာ ျဖတ္ေက်ာ္ႏိုင္ၾကပါေစ …။ ။

မူရင္းအားေလးစားစြာျဖင္႔….

Unicode Version ဖြင့်ဖတ်ရန်

သင့်ကို မနေ့ကထက် ဒီနေ့ပိုချစ်စေမယ့် နည်းလမ်း (၄) သွယ်…

အချစ်ကြောင့်စိတ်ညစ်နေလား …၊ ဘယ်လို နားလည်မှုတွေ ထပ်ပေးရဦးမလဲ …၊

ပြဿနာတွေဆိုတာ အမြဲကိုယ့်ဆီဘဲ ရောက်လာ နေတယ်လို့ ထင်နေရသလား …၊

ဒီချစ်မိခဲ့တဲ့ ရင်ခုန်သံလေးတွေကြောင့် ခေါင်းစားနေရတယ် ဆိုပါတော့ …။

ဒီတော့ အောက်ပါနည်းလမ်းတွေနဲ့ မပျော်ရွှင်တဲ့နေရာမှာ ပျော်ရွှင်မှုလေးတွေ ခံစားနိုင်စေဖို့

လက်ရှိပြည့်စုံနေတဲ့ ချစ်သူတွေကတော့ ပိုပီးတော့ ချစ်သက်ရှည်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်နော် …။

၁။ အပေးအယူမျှ…..ဂရုစိုက်တတ်မှ

တင်းကျပ်စွာချည်နှောင်ထားတဲ့ ချစ်နည်းထက် လွတ်လွတ်လပ်လပ်နဲ့ နားလည်မှုပေးကြည့်လိုက်ပါ …။

အမြဲတစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ဆွေးနွေးကြပါ …။

အချိန်တွေမအားလပ်ရင်တောင် တစ်ပတ်တစ်ခါ စကားလက်ဆုံကျဆွေးနွေးပါ …။

နွေးထွေးတဲ့ လက်တစ်စုံနဲ့အတူ ကမာ္ဘပတ်သလို လမ်းလျှောက်ထွက်လိုက်ပါ …။

ဝေးကွာနေတဲ့ချစ်သူတွေကတော့ ညအချိန်မှာ ဖုန်းပြောရင်း SMS ပို့ရင်း ကုန်ဆုံးကြည့်ပါ …။

ဘယ်တော့မှ အလုပ်ကိစ္စတွေနဲ့ အချစ်ကို အရောင်ပြယ်အောင် မလုပ်လိုက်ပါနဲ့ …။

ချစ်သူအတွက် အချိန်ဆိုတာ မဖြစ်မနေ ပေးကိုပေးသင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ် …။

၂။ ရန်ဖြစ်စေမဲ့စကား…..အမြန်ရှောင်ရှား

အချစ်မှာ ပြဿနာဖြစ်မယ့် အနေမထားမရောက်အောင် ခင်ကတည်းက စကားလမ်းကြောင်းလွှဲတတ်ရပါမယ် …။

ပြဿနာတစ်ခု ဖြစ်တော့မယ်ဆိုရင် စကားတွေ မကျွံမိပါစေနဲ့ …။

ဆိုးဝါးမယ့် အခြေအနေရောက်လာရင်တော့ စကားစဖြတ်လို့ ရအောင်ဖြတ်ပစ်ပါ …။

ပြောချိန်မတန်ဘဲနဲ့ သွားမစပါနဲ့။ နောက်ဆုံး စကားလမ်းကြောင်းလွှဲပါ …။

နားလည်မှုပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားဖို့ အကြံပြုချင်ပါတယ် …။

မုန်းဖို့ ချစ်ခဲ့ကြတာမှ မဟုတ်တာနော် …။

၃။ မေ့သင့်တာတွေ…မေ့လိုက်ပါ

အတိတ်ဆိုတာကို လက်ရှိဘဝထဲ ဆွဲခေါ်မလာပါနဲ့ …။

လက်ရှိမှာအကောင်းဆုံးဖြစ်အောင်သာ ကြိုးစားချစ်ပြပါ …။

အနာဂတ်အတွက် အချစ်အိမ်လေး ကြိုဆောက်ကြည့်ပါ …။

ဒါကြောင့် အတိတ်က အမှားတွေကို မေ့ပစ်ပေးပါ …။

ဘာကြောင့် မေ့မပြစ်နိုင်ရမှာလဲ …၊ ချစ်တယ်ဆိုရင် ရအောင် မေ့ထားကြည့်ပါ …။

ခုချိန်ထိ မမေ့နိုင်သေးဘူးဆိုရင်တော့ သင့်ရဲ့ အချစ်က စစ်ရောစစ်ရဲ့လားလို့ မေးချင်ပါရဲ့ …။

အတိတ်ကအပြစ်တွေ ပြန်ပြောနေမဲ့အစား လက်ရှိဘယ်လောက် တန်ဖိုးထားချစ်နေတဲ့အကြောင်းကိုပဲ ပြောပြလိုက်ပါ …။

၄။ ကူညီဖြည့်ဆည်းမှုတွေနဲ့…ချစ်သက်တမ်းလေးရှည်ပါစေ

ချစ်သူရဲ့လိုအပ်မှုတွေကို ငြီးတွားစိတ်ပျက်နေမဲ့အစား ကူညီဖြည့်ဆည်းပေးပါ …။

အခြားသူတွေနဲ့မနှိုင်းဘဲ သင့်အချစ်အိမ်လေးအတွက် အမြဲ Hero ဖြစ်အောင် ကြိုးစားကြည့်ပါ …။

စစ်မှန်တဲ့အချစ်တွေကြောင့် ခိုင်မြဲသာယာတဲ့ တုန့်ပြန်မှုတွေ မကြာခင် ရောက်လာပါလိမ့်မယ် …။

ဘဝခရီးရှည်ကြီးကို အမောတွေဒေါသတွေနဲ့ ဖြတ်ကျော်မဲ့အစား အကြင်နာရေစင်အေးတစ်ခွက်ကို မက်မပြေ သောက်သုံးကြည့်လိုက်ပါ …။

ကိုယ်ချစ်တဲ့သူနဲ့ တစ်ဘဝလုံး အေးချမ်းပျော်ရွှင်စွာနဲ့ နှစ်ပတ်လည်များစွာ ဖြတ်ကျော်နိုင်ကြပါစေ …။ ။

မူရင်းအားလေးစားစွာဖြင့်….