ပိုက္ဆံေခ်းၿပီး ဆုံးမလိုျဖစ္ေနလွ်င္၊ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ စိတ္ေသာကေရာက္ေနလွ်င္…

ပိုက္ဆံေခ်းၿပီး ဆုံးမလိုျဖစ္ေနလွ်င္၊ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ စိတ္ေသာကေရာက္ေနလွ်င္…

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

ပိုက္ဆံေခ်းၿပီး ဆုံးမလိုျဖစ္ေနတာ၊ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ စိတ္ေသာက ေရာက္ေနရတာမ်ိဳး ၾကံဳေနသူမ်ားအတြက္ မွ်ေ၀ေပးလိုက္ပါတယ္ …။

ရစရာရွိသူ ေငြေခ်းထားသည့္ ေငြရွင္သည္ တနဂၤေႏြသားသမီး ျဖစ္ပါက

ေမြးေန႔ ေန႔လည္ (၁၂)နာရီ မွ (၁)ခြဲအတြင္း အိမ္ဘုရား၌ ကံေကာ္ ၂ ၫြန္႔

အေမြးတိုင္ (၃) တိုင္ ဖေယာင္းတိုင္ (၃) တိုင္ ကပ္ လွဴ ပါ …။

ထိုေနာက္ လက္ဝါးတြင္ ေငြေခ်းသူ၏ အမည္ကိုေရးပါ …။

ႏွမ္းဆီ တစ္စက္ လက္ဖဝါးတြင္ပြတ္ပါ …။

ေငြ တစ္ေထာင္တန္ တစ္႐ြက္ လက္ဝါးထဲထည့္ လက္ႏွစ္ဖက္ႏွင့္ ႐ိုက္ၿပီး

“(…..ေန႔သမီး…..မ …….) ငါ့ေငြ ငါ့ထံလာေပးေစ” ေျပာရမည္ …။

ၿပီးလွ်င္ လက္ဝါးႏွစ္ဘက္ကို မီးပူေဇာ္ထားသည့္ ဖေယာင္းတိုင္မီးႏွင့္ ေႏြးေႏြးကင္ၿပီး လက္ခုပ္ (၆)ခ်ပ္တီး လိုရာဆႏၵမ်ား အေသအခ်ာေတာင္းလိုက္ပါ …။

ထြန္းထားသည့္ အေမြးတိုင္တိုင္ ဒုတ္ေခ်ာင္းတစ္ေခ်ာင္းကို ဘယ္လက္ညိဳးႏွင့္တိုင္း တစ္ဆစ္ခ်ိဳး ဘယ္ဘက္မွကိုင္ အေႂကြးသြားေတာင္းခါနီးတြင္ ညာလက္ညိဳးႏွင့္တိုင္း တစ္ဆစ္ခ်ိဳး ညာဘက္မွ ကိုင္ၿပီး သြားေတာင္းပါ …။

တစ္ပတ္အတြင္း သိသာ လာပါမည္။

ေငြရစရာ ရွိသူသည္ တနလၤာသားသမီး ျဖစ္လွ်င္

ေမြးေန႔ ညေန (၃)နာရီ မွ (၄)ခြဲ အတြင္း အိမ္ဘုရား၌ ႐ြက္လွ (၄) ၫြန္႔ လွဴရမည္ …။

အဂၤါသားသမီး ျဖစ္လွ်င္…

ေမြးေန႔မနက္ (၉) နာရီ မွ (၁၀) ခြဲ အတြင္း အိမ္ဘုရား၌ ႐ြက္လွ (၄)ၫြန္႔ လွဴရမည္ …။

ဗုဒၶဟူးသားသမီး ျဖစ္လွ်င္…

ေမြးေန႔မနက္ (၇)မွ (၉)ခြဲ အတြင္း အိမ္ဘုရား၌ ေမၿမိဳ႕ (၅) ၫြန္႔ လွဴရမည္ …။

ၾကာသပေတးသားသမီး ျဖစ္လွ်င္…

ေမြးေန႔ မနက္ (၉)နာရီ မွ (၁၀)ခြဲ အတြင္း အိမ္ဘုရား၌ သီဟိုဋ္ (၆) ၫြန္႔ လွဴရမည္ …။

ေသာၾကာသားသမီး ျဖစ္လွ်င္…

ေမြးေန႔ေန႔လည္ (၁)နာရီ မွ (၃)နာရီခြဲ အတြင္း အိမ္ဘုရား၌ အုန္း(၆)ၫြန္ လွဴရမည္ …။

စေနသားသမီး ျဖစ္လွ်င္…

ေမြးေန႔ ေန႔လည္ (၁)နာရီ ခြဲမွ (၃)နာရီ အတြင္း အိမ္ဘုရား၌ အုန္း (၆)ၫြန္႔ လွဴရမည္ …။

တစ္ခါ လွဴၿပီး သိန္းရာခ်ီ ျပန္ရခ်င္လို႔ေတာ့ မျဖစ္ပါ မၾကာခဏ လွဴေပးပါ …။ ။

Credit

Nyein Chan Zu

Unicode Version ဖြင့်ဖတ်ရန်

ပိုက်ဆံချေးပြီး ဆုံးမလိုဖြစ်နေလျှင်၊ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်သောကရောက်နေလျှင်…

ပိုက်ဆံချေးပြီး ဆုံးမလိုဖြစ်နေတာ၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်သောက ရောက်နေရတာမျိုး ကြုံနေသူများအတွက် မျှဝေပေးလိုက်ပါတယ် …။

ရစရာရှိသူ ငွေချေးထားသည့် ငွေရှင်သည် တနင်္ဂနွေသားသမီး ဖြစ်ပါက

မွေးနေ့ နေ့လည် (၁၂)နာရီ မှ (၁)ခွဲအတွင်း အိမ်ဘုရား၌ ကံကော် ၂ ညွန့်

အမွေးတိုင် (၃) တိုင် ဖယောင်းတိုင် (၃) တိုင် ကပ် လှူ ပါ …။

ထိုနောက် လက်ဝါးတွင် ငွေချေးသူ၏ အမည်ကိုရေးပါ …။

နှမ်းဆီ တစ်စက် လက်ဖဝါးတွင်ပွတ်ပါ …။

ငွေ တစ်ထောင်တန် တစ်ရွက် လက်ဝါးထဲထည့် လက်နှစ်ဖက်နှင့် ရိုက်ပြီး

“(…..နေ့သမီး…..မ …….) ငါ့ငွေ ငါ့ထံလာပေးစေ” ပြောရမည် …။

ပြီးလျှင် လက်ဝါးနှစ်ဘက်ကို မီးပူဇော်ထားသည့် ဖယောင်းတိုင်မီးနှင့် နွေးနွေးကင်ပြီး လက်ခုပ် (၆)ချပ်တီး လိုရာဆန္ဒများ အသေအချာတောင်းလိုက်ပါ …။

ထွန်းထားသည့် အမွေးတိုင်တိုင် ဒုတ်ချောင်းတစ်ချောင်းကို ဘယ်လက်ညိုးနှင့်တိုင်း တစ်ဆစ်ချိုး ဘယ်ဘက်မှကိုင် အကြွေးသွားတောင်းခါနီးတွင် ညာလက်ညိုးနှင့်တိုင်း တစ်ဆစ်ချိုး ညာဘက်မှ ကိုင်ပြီး သွားတောင်းပါ …။

တစ်ပတ်အတွင်း သိသာ လာပါမည်။

ငွေရစရာ ရှိသူသည် တနင်္လာသားသမီး ဖြစ်လျှင်

မွေးနေ့ ညနေ (၃)နာရီ မှ (၄)ခွဲ အတွင်း အိမ်ဘုရား၌ ရွက်လှ (၄) ညွန့် လှူရမည် …။

အင်္ဂါသားသမီး ဖြစ်လျှင်…

မွေးနေ့မနက် (၉) နာရီ မှ (၁၀) ခွဲ အတွင်း အိမ်ဘုရား၌ ရွက်လှ (၄)ညွန့် လှူရမည် …။

ဗုဒ္ဓဟူးသားသမီး ဖြစ်လျှင်…

မွေးနေ့မနက် (၇)မှ (၉)ခွဲ အတွင်း အိမ်ဘုရား၌ မေမြို့ (၅) ညွန့် လှူရမည် …။

ကြာသပတေးသားသမီး ဖြစ်လျှင်…

မွေးနေ့ မနက် (၉)နာရီ မှ (၁၀)ခွဲ အတွင်း အိမ်ဘုရား၌ သီဟိုဋ် (၆) ညွန့် လှူရမည် …။

သောကြာသားသမီး ဖြစ်လျှင်…

မွေးနေ့နေ့လည် (၁)နာရီ မှ (၃)နာရီခွဲ အတွင်း အိမ်ဘုရား၌ အုန်း(၆)ညွန် လှူရမည် …။

စနေသားသမီး ဖြစ်လျှင်…

မွေးနေ့ နေ့လည် (၁)နာရီ ခွဲမှ (၃)နာရီ အတွင်း အိမ်ဘုရား၌ အုန်း (၆)ညွန့် လှူရမည် …။

တစ်ခါ လှူပြီး သိန်းရာချီ ပြန်ရချင်လို့တော့ မဖြစ်ပါ မကြာခဏ လှူပေးပါ …။ ။

Credit

Nyein Chan Zu