“က်ေနာ္တို႔ မျပဳလုပ္ပါဘူး လို႔” တြင္တြင္ ျငင္းေနတဲ့ မင္းရာဇာ အိမ္ က ငရဲခန္းအေၾကာင္း

“က်ေနာ္တို႔ မျပဳလုပ္ပါဘူး လို႔” တြင္တြင္ ျငင္းေနတဲ့ မင္းရာဇာ အိမ္ က ငရဲခန္းအေၾကာင္း

“က်ေနာ္တို႔ မျပဳလုပ္ပါဘူး လို႔” တြင္တြင္ ျငင္းေနတဲ့ မင္းရာဇာ အိမ္ က ငရဲခန္း…

“ အက္ ဆစ္ နဲ႔ပက္တယ္ ။ မုဒိမ္းက်င့္တယ္ ဆိုတာ မဟုတ္ ပါဘူး ” လို႔ ဇြန္လ ၄ ရက္ေန႔ က တတိေၾယ မာက္ ႐ုံးခ်ိန္း မွာ သ႐ုပ္ေဆာင္ မင္းရာဇာက သတင္း မီဒီယာေ တြ ကို ေျပာဆို ခဲ့ ပါတယ္ ။

ဒီေျပာ ဆိုခ်က္ ဟာ အမႈ ကို ေစာင့္ၾကည့္ေ နသူေတြ အတြက္ အံအား သင့္ေစ ခဲ့ ပါ တယ္ ။ သ႐ုပ္ေဆာ င္ မင္းရာဇာ က ႐ုံးခ်ိန္းတိုင္း သတင္းမီ ဒီယာေတြ ရဲ႕ ေရွ႕ေမွာက္မွာ အမႈႏွင့္ ပတ္သက္ၿပီး

လူထုအၾကား ကနဦးသိရွိ ထားခ်က္ေ တြနဲ႔ ကြဲလြဲၿပီး တစတစ ေျပာဆိုေန မႈေတြဟာ လက္ပူး လက္ၾကပ္ မိထားတဲ့ အမႈလို႔ ယုံၾကည္ထာ သူေတြ အတြက္ စိတ္ပ်က္ ေဒါသထြက္ စရာ ျဖစ္ေစခဲ့ ပါ တယ္ ။

ဒီအမႈ မတိုင္ခင္ တိုင္းသိ ျပည္သိ ျဖစ္ပြားခဲ့တဲ့ ဗစ္တိုရီးယား အမႈလို ျဖစ္သြား မွာကို စိုးရိမ္ သူေတြ က အမ်ားပါ ။ သ႐ုပ္ေဆာင္ မင္းရာဇာ ရဲ႕ အခုလို ေျပာဆိုခ်က္ေ တြဟာ

ဒီသတင္း ကို စိတ္ဝင္တစား ေစာင့္ၾကည့္ေန သူေတြတင္မက ဘဲ သူ႔အိမ္ မွာ ညႇင္းပ န္းႏွိပ္စက္မႈ၊ အဓမၼျပဳက်င့္ မႈေတြ ခံခဲ့ရတယ္ ဆိုတဲ့ အိမ္အကူ မိန္းကေလး ဂေရစ့္ ဆီကိုလည္း ေရာက္ရွိ ခဲ့ပါတယ္။

တိုင္းသိ ျပည္သိ ျဖစ္သြား တဲ့ ဒီအမႈျဖစ္စဥ္ေၾကာင့္ ဂုဏ္သိကၡာ အရေရာ၊ အနာဂတ္ ျဖတ္သန္းဖို႔ အတြက္ပါ အခက္အခဲေတြ နဲ႔ ရင္ဆိုင္ေနရတဲ့ ဂေရစ့္ အတြက္ လည္း မင္းရာဇာ ရဲ႕ ေျပာဆိုခ်က္ေတြ ဟာ

စိတ္ဆိုး ေဒါသထြက္စရာ ျဖစ္ေစခဲ့ ပါ တယ္ ။ဂေရ႕စ္က “သူေျပာတာ မဟုတ္ ပါဘူး ။ အက္ဆစ္ နဲ႔ မပက္ခင္ က လင္မယား ၂ ေယာက္လုံးက ေရခ်ိဳးခန္းထဲ ေခၚၿပီး နဖူးေတြေရာ၊ ေခါင္းေတြေရာ၊ မ်က္ႏွာေတြ ေရာ

ေရာင္ကိုင္းေန ေအာင္႐ိုက္ၿပီး ျပန္သြား တယ္။ ဖုန္းနဲ႔လည္း လွမ္းဆက္ၿပီး ေတာ့လည္း သမီးကို ေျဖခိုင္း တာေတြ လုပ္တယ္ ” လို႔ သူမ ရင္ဆိုင္ ႀကဳံေတြ႕ခဲ့ရပုံ ကို ျပန္ေျပာျပ ပါတယ္။

အဲဒီျဖစ္စဥ္ ျဖစ္ၿပီး ေနာက္ တေန႔မွာ ပဲ ကားေပၚ မွာ အတူရွိေနစဥ္ ေဒါသထြက္ေနတဲ့ ဇနီးျဖစ္သူက ဂေရစ့္ရဲ႕ မ်က္ႏွာကို လက္သီး နဲ႔ အားပါပါ ထိုးဖို႔ မင္းရာဇာ ကို ဖိအားေပးခဲ့တာေၾကာင့္

“ဦးကလည္း သမီးရဲ႕မ်က္ႏွာ ႏွာေခါင္းတည့္တည့္ ကို လက္သီး နဲ႔ ထိုးလိုက္တယ္ ” လို႔ေျပာရင္း ဂေရစ့္ မ်က္ရည္ေတြ စီးက်လာ ပါတယ္ ။ အဲဒီေနာက္ မင္းရာဇာ ရဲ႕ အမ်ိဳးသမီးဟာ သူခရီး ထြက္စရာ ရွိေၾကာင္း

အနည္းငယ္ ၾကာမွာ ျဖစ္ေၾကာင္းနဲ႔ ကေလးေတြကို ထားခဲ့မယ့္ အေၾကာင္း ေျပာရင္း သူခရီးသြားတုန္းေနာက္မွာ “တခုခုျဖစ္သံၾကားရင္ နင္ေသမယ္” ဆိုၿပီး ၿခိမ္းေျခာက္ သြားတယ္ လို႔လည္း ဂေရစ့္ က ျပန္ေျပာျပ ပါတယ္ ။

ခရီးသြားၿပီး ၅ ရက္ေလာက္ အၾကာမွာ သူတို႔ ျပန္ေရာက္လာၾကၿပီး အဲဒီညမွာပဲ ဂေရစ့္ကို ေျပာစရာရွိတယ္ ဆိုၿပီး လာေခၚႏႈိး လို႔ ေနာက္ေဖးခန္းကို လိုက္သြားျဖစ္ေၾကာင္း အခန္းထဲ တြင္

မင္းရာဇာႏွင့္ ရခိုင္ေလး တို႔က မတ္တပ္ရပ္ၿပီး ေစာင့္ေနၾကတယ္လို႔ ဆို ပါတယ္ ။ ဂေရစ့္က မင္းရာဇာရဲ႕ လက္ေနာက္မွာ တခုခု ဖြက္ထားတဲ့ ပုံကို သတိ ထားမိလိုက္ေပမယ့္ ကနဦး

သဲသဲကြဲကြဲ မေတြ႕လိုက္ရဘူး လို႔ဆို ပါတယ္ ။ ေရခ်ိဳးခန္းထဲ ကို ၄ ေယာက္လုံး ေရာက္သြားေတာ့ မွ သူကို ဝိုင္းဖမ္းၿပီး အၾကမ္းဖက္ ႏွိပ္စက္ေတာ့မယ့္ အရိပ္အေယာင္ေတြ ကို သတိထား မိလိုက္တယ္လို႔

သူမ ႀကဳံေတြ႕ခဲ့ရပုံ ကို ေျပာျပ ပါတယ္။“အမက ဦးကို နင္ျဖန္းမွာလား။ ငါျဖန္းရမလား လို႔ ေမးတယ္ ။ ဦးက မိန္းမျဖန္းစရာ မလိုဘူး ။ သူျဖန္းမယ္လို႔ ေျပာ လိုက္တယ္ ။ အမ နဲ႔ ဦးက သမီးကို ေဘာင္းဘီကို ခြၽတ္ခိုင္းတယ္။

ဦးရခိုင္ေလး ရွိတယ္။ သမီး မခြၽတ္ရဲဘူး ။ သမီး ရွက္တယ္ ဆိုေတာ့ အမက နင္အခုမွ ရွက္တာ လား ။ ငါ့ေယာက်ာၤး နဲ႔ျဖစ္တုန္းက မရွက္ဘူးလား လို႔ေျပာတယ္ ” လို႔ ေျပာရင္း ဂေရစ့္ က သူရဲ႕ အက်ႌစကို

လက္နဲ႔ က်စ္က်စ္ပါေအာင္ ေခ်ေန ပါတယ္ ။ သူ႔ကိုသူေတာ့ သတိထားမိဟန္ မတူပါဘူး။ဂေရစ့္ ကဆက္ၿပီး “သမီးလည္း ေၾကာက္တာ နဲ႔ ဘာ မွ မေျပာဘူး ။ ဦးရခိုင္ေလးက အျပင္ထြက္ သြားတယ္ ။

ဦးကလည္း သမီးေဘာင္း ဘီ ကို ဆြဲ၊ ဆြဲခြၽတ္ ေပမယ့္ သမီးမခြၽတ္ဘူး။ ေနာက္ ေၾကာက္လာတာနဲ႔ သမီးလည္းခြၽတ္ေပးလိုက္တယ္။ အိမ္သာေပၚမွာ လွဲခ်ၿပီးေတာ့ ဦးမင္းရာဇာက အက္ဆစ္နဲ႔ ျဖန္းတယ္။

အက္ဆစ္နဲ႔ ၂ ခါလား။ ၃ ခါလားမသိဘူး။ သမီးက ႐ုန္းေတာ့ ဂုတ္ရယ္၊ ဗိုက္ရယ္၊ မိန္းမကိုယ္ရယ္ ထိသြားတယ္” လို႔ ရွင္းျပရင္းက အသံတိတ္သြား ပါတယ္ ။

ခနၾကာမွ ေနာက္ေတာ့ ဘာျဖစ္ေသးလဲလို႔ ဆက္ေမးေတာ့မွ ဒုတိယအႀကိမ္ အက္စစ္ နဲ႔ ထပ္ျဖန္းေသးတယ္လို႔ စကား ဆက္ပါတယ္။ ဒီအေၾကာင္းေတြကို ျပန္ရွင္းျပခ်ိန္မွာ အတိတ္က ျဖစ္စဥ္ကို ျပန္သတိရၿပီး

နာက်င္ေနပုံရသလို သူ႔အတြက္ ဒီငရဲခန္းေတြ အေၾကာင္း ေတြးမိတိုင္း ေမာေနပုံရ ပါတယ္ ။ဒုတိယ အႀကိမ္မွာေတာ့ အိမ္ျပန္ပို႔ေပးမယ္ ဆိုလို႔ ဂေရစ့္ လိုက္သြားခဲ့တယ္ လို႔ဆို ပါတယ္ ။

အျမန္လမ္း ညဘက္ လူေျခတိတ္ေနတဲ့ ေနရာမွာ ေခၚသြားၿပီး ဇနီးျဖစ္သူက ဓားကို ထုတ္ကာ “နင္လွီးမွာလား။ ငါ လွီးရမွာလား” လို႔ ေမးေတာ့ မင္းရာဇာက သူကိုယ္တိုင္ လွီးမယ္ လို႔ေျပာရင္း

ရခိုင္ေလး ဆိုသူက ႐ုန္းကန္ေနတဲ့ ဂေရစ့္ ကို ဝိုင္းခ်ဳပ္ေပးတယ္ လို႔ ဆိုပါတယ္။“မႀကီးက မိန္းမကိုယ္ကို လွီးခိုင္းတာ။ ႐ုန္းရင္း႐ုန္းရင္း အေပၚကို ထိမိ သြားတယ္ ။ ဗိုက္ကို ထိသြားတယ္ ။

မိန္းမ ကိုယ္ကိုလည္း ထိသြားတယ္ ။ ဓါး နဲ႔လွီးၿပီးေတာ့ ရခိုင္ေလးကို မႀကီးက ငါခိုင္းတာ အကုန္ပါလားေမးေတာ့ အမအတြက္ဆို အကုန္ပါတယ္ လို႔ ေျပာတယ္ ။ အမ ျဖန္းမွာလား က်ေနာ္ျဖန္းရမွာလားလို႔

ေျပာလည္းေျပာၿပီးေရာ အာ့ဆိုလည္း က်ေနာ္ ျဖန္းလိုက္ေတာ့မယ္ ဆိုၿပီး အနာေပၚကို အက္ဆစ္နဲ႔ ထပ္ျဖန္းတယ္” လို႔ ဂေရ႕စ္က ေျပာ ပါတယ္။

ေသြးထြက္လြန္ၿပီး နာက်င္ေနတဲ့ ဒဏ္ရာေတြေၾကာင့္ ငိုေနတဲ့ ဂေရစ့္ ကို ရခိုင္ေလး ဆိုသူက “နင္ေသေတာ့ မွာလား။ ေသေတာ့မယ္ ဆိုရင္ ငါအစေဖ်ာက္ လိုက္မယ္။ အဲဒါမ်ိဳးဆို ရခိုင္ေတြက ဝန္မေလးဘူး” လို႔

ထပ္မံ ၿခိမ္းေျခာက္ ေျပာဆို ခဲ့ေသးေၾကာင္းလည္း ရွင္းျပပါတယ္။ ဒဏ္ရာေတြကေန ေသြးထြက္လြန္ကာ မူးေမ့သြားတာမ်ိဳး ျဖစ္ေနတဲ့ အတြက္ ညလုံးေပါက္ေဆးခန္း သြားျပခဲ့ ေပမယ့္ ေဆးခန္းက အနာ ျပင္းထန္လြန္းၿပီး

မူခင္းျဖစ္ေနတာေၾကာင့္ နာတာေတြ သက္သာေစဖို႔ ေဆးထိုးေပး ၿပီး အနာကို ဂြမ္းသာ ထည့္ေပး လိုက္တယ္လို႔ ဆို ပါတယ္။

ဂေရ႕စ္က “အဲဒီဆရာမက သမီးကို အနာကို ဓါတ္ပုံ႐ိုက္သြား လို႔ရလားလို႔ ေမးတယ္ ။ အမက ႐ိုက္ပါလို႔ ေျပာတယ္။ သူ႔ ဆရာကို ဖုန္းဆက္ၿပီး အနာကလည္း အရမ္းႀကီးတယ္။ အပုတ္နံ႔ ကလည္း ထြက္ေနတယ္။

ဘာလုပ္ေပးရမွာ လဲေမးေတာ့ သူ႔ဆရာက အနာကိုလည္း မထိနဲ႔။ ဘာမွလည္း မလုပ္နဲ႔ သူတို႔ လာၾကည့္မယ္လို႔ ေျပာတယ္။ ဒါေပမယ့္ ေနာက္ေန႔ လာမၾကည့္ဘူး။ ေနာက္ေန႔က်ေတာ့ အေမႀကီးတို႔ လာေခၚမယ္

ေျပာတဲ့ေန႔ပါပဲ ” လို႔ ေျပာရင္း စီးက်လာတဲ့ မ်က္ရည္ေတြကို သုတ္ပါတယ္။ ႏွစ္ခ်ီၾကာ ႏွိပ္စက္ခံရမႈေတြ၊ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ခံရ တာေတြေၾကာင့္ ဂေရ႕စ္က ေဆး႐ုံေပၚ မွာ ၂၁ ရက္ၾကာ ကုသမႈ ခံယူခဲ့ရၿပီး

ခႏၶာကိုယ္သာမက စိတ္ပိုင္းဆိုင္ရာလည္း ဒဏ္ရာရသြားခဲ့တယ္လို႔ မိခင္ျဖစ္သူက ရွင္းျပ ပါတယ္။

ဂေရ႕စ္က တေယာက္ထဲ ရီလိုက္၊ ငိုလိုက္နဲ႔ စိတ္ဂနာမၿငိမ္ျဖစ္ေန သလို မိခင္ရင္းကိုပါ စကားေျပာဆိုမႈေတြ အဆင္ မေျပျဖစ္လာၿပီး လူစိမ္းဆိုရင္ လုံးဝစကား မေျပာေတာ့ေၾကာင္း မိခင္ျဖစ္သူ ဂေရစ့္ရဲ႕ ေက်ာျပင္ကို

ပြတ္သပ္ႏွစ္သိမ့္ရင္း ရွင္းျပ ပါတယ္။ ရံဖန္ရံခါ “ေသသြားလည္း ေအးေရာ” ဆိုၿပီး ကိုယ့္အနာ ကို ျပန္ရန္ ျပဳေနတာေၾကာင့္ ဆရာမေတြက အၿမဲေစာင့္ၾကည့္ေပး ေနရတယ္လို႔ ဆိုပါတယ္။ လက္ရွိမွာ ဂေရ႕စ္ကို

စိတ္ပိုင္းဆိုင္ရာ ကုစားေပး ႏိုင္ဖို႔ ႏွစ္သိမ့္ ေဆြးေႏြးေပးေနတဲ့ ဆရာမ ၂ ဦး နဲ႔ အတူ ထားၿပီး ခႏၶာကိုယ္ေပၚ ကေတာ့ ဒဏ္ရာအတြက္ ၁ ပတ္တခါ ေဆးထည့္ ကုသေနရဆဲပါ။

ဂေရစ့္ရဲ႕ မိခင္က “ကေလးအနာက လက္သန္းလုံးေလာက္ ရွိ တယ္။ ရင္ေခါင္းကေန မိန္းမကိုယ္အထိ ေတာက္ေလွ်ာက္ ဓားနဲ႔ခြဲထားတာ။ အနာက ပုပ္ေနေတာ့ ခ်ဳပ္လို႔ မရဘူး။

ေဆးထိုးေဆးေသာက္ ေဆးထည့္ပဲ လုပ္လို႔ ရေတာ့တာ။ ကိုယ့္စိတ္ထဲ မွာ ငါ့သမီးေလး ဒီလိုျဖစ္ရတယ္ဆိုၿပီး သားအမိ ၂ ေယာက္လုံး အဆိပ္ေသာက္ ေသမယ္လို႔ ေတြး ခဲ့မိတဲ့အထိပါပဲ” လို႔

က်လာတဲ့ မ်က္ရည္ေတြကို လက္နဲ႔သုတ္ရင္း ေျပာ ပါတယ္။“ကိုယ့္လက္နဲ႔ ကိုယ့္ဘာသာလုပ္ရမယ္ ဆိုရင္ သူ႔ (မင္းရာဇာ) အဂၤါကို မီးနဲ႔ရႈိ႕ တခါထဲ အက္ဆစ္ပက္ၿပီး မေသမရွင္ ထားပစ္ခဲ့မွာ ။ အဲ့လို လုပ္ခ်င္တာ” လို႔

ဂေရစ့္ရဲ႕ မိခင္ျဖစ္သူ က ေဒါသနဲ႔ ေျပာဆို ပါတယ္။မိခင္ျဖစ္သူရဲ႕ ေျပာျပခ်က္ အရ ဂေရ႕စ္ ကို မင္းရာဇာတို႔ အိမ္ ပို႔ၿပီး တႏွစ္အၾကာမွာ ျပန္ေခၚဖို႔ ၃ ႀကိမ္ေလာက္ ႀကိဳးစားဖူး ေပမယ့္ မင္းရာဇာ၏ ဇနီးက

“ေတာမွာေနရင္ ေတေလဂ်ပိုးနဲ႔ပဲ ညားမွာ။ သူတို႔ဆီမွာဆို ေကာင္းေကာင္း ေနရမွာ” စတဲ့ အေၾကာင္းျပခ်က္ေတြ နဲ႔ အိမ္ျပန္ေခၚခြင့္ မျပဳခဲ့ဘူး လို႔ ဆို ပါတယ္။

ဂေရ႕စ္ က သ႐ုပ္ေဆာင္ မင္းရာဇာ အိမ္မွာ အသက္ ၁၀ ႏွစ္ေက်ာ္အ႐ြယ္ကတည္းက အိမ္ အကူ အလုပ္ကို ၁ လ က်ပ္ ၃ ေသာင္းနဲ႔ အခု အသက္ ၁၅ ႏွစ္ျပည့္ခါနီး အထိ လုပ္ကိုင္ေပးခဲ့တယ္လို႔ မိခင္ျဖစ္သူက

ေျပာပါတယ္။ မနက္ ၆ နာရီ အိပ္ယာမွ ထရၿပီး မင္းရာဇာရဲ႕ ကေလး ၂ ေယာက္ စားေသာက္မႈအတြက္ ျပင္ဆင္ေပးရတဲ့အျပင္ အိမ္အလုပ္ေတြကို ည ၁ နာရီေလာက္အထိ လုပ္ေပးခဲ့ရတယ္လို႔ ဆိုပါ တယ္ ။

သ႐ုပ္ေဆာင္ မင္းရာဇာက ႐ုံးခ်ိန္းေတြမွာ သတင္းမီဒီယာေတြ ကို သူ အဓမၼမက်င့္ေၾကာင္း၊ ႏွိပ္စက္ျခင္း၊ အက္စစ္နဲ႔ ပက္ျခင္းေတြ မျပဳလုပ္ခဲ့ေၾကာင္း ေျပာဆိုေနတာေတြဟာ သူတကယ္ႀကဳံေတြ႕ခဲ့ရတာေတြနဲ႔

ဆန႔္က်င္ဘက္ေတြ ျဖစ္ေနတယ္ လို႔လည္း ဂေရစ့္က ေျပာျပ ပါတယ္ ။ဂေရစ့္ က “႐ုပ္ရွင္႐ိုက္လို႔ နားတဲ့ ဟိုတယ္မွာလည္း နင့္အစ္မ မသိေစ နဲ႔ဆိုၿပီး သမီးကို အဓမၼျပဳက်င့္တယ္ ။ နင့္အစ္မ ကို ေျပာရင္

နင့္ကို သတ္ပလိုက္မယ္။ အစေဖ်ာက္ပလိုက္မယ္” လို႔ ရွင္းျပ ပါတယ္။ဂေရ႕စ္ မိသားစုက အရင္ကတည္းက ဆင္းရဲႏြမ္းပါးသူေတြျဖစ္တဲ့အျပင္ အခု လက္ရွိ အေျခအေနမွာလည္း ခႏၶာကိုယ္နဲ႔ စိတ္ပိုင္း ဒဏ္ရာေတြနဲ႔

ျပန္ေရာက္လာတဲ့ သမီးျဖစ္သူကို ေဆးကုေနၾကရ ပါတယ္ ။ ဒါ့အျပင္ သမီးျဖစ္သူရဲ႕ အေျခအေနေၾကာင့္ သူတို႔ရဲ႕ ပုံမွန္ဝင္ေငြရေနတဲ့ က်ဘန္း လုပ္ငန္းေတြ ကိုလည္း ရပ္ထားရတဲ့ အတြက္ ဝင္ေငြ ျပႆနာ နဲ႔

ရင္ဆိုင္ေနရပါတယ္။ဂေရစ့္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ ရတဲ့ အျဖစ္အပ်က္အေပၚ သနားၾကင္နာၾကတဲ့ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ အခ်ိဳ႕နဲ႔ တျခားအလႉရွင္ေတြရဲ႕ လႉဒါန္းမႈနဲ႔ ရပ္တည္ေနရတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ ဂေရစ့္ရဲ႕ မိခင္ျဖစ္သူက တရားလိုျပဳ လုပ္ၿပီး သ႐ုပ္ေဆာင္ မင္းရာဇာအပါအဝင္ သူ ရဲ႕ ဇနီး၊ ေယာကၡမျဖစ္သူနဲ႔ မင္းရာဇာ ရဲ႕ကားကို ေမာင္းေပးရသူ ရခိုင္ေလးဆိုသူ တို႔ကို အမႈဖြင့္ တရားစြဲဆိုထားပါတယ္။

သမီးျဖစ္သူအမႈ အမွန္တရားမွ်တမႈ ရဖို႔ အတြက္လည္း အဆုံးထိ ရင္ဆိုင္ဖို႔ သူတို႔ ဆုံးျဖတ္ထားၾကေပမယ့္ က်ဘန္းလုပ္ငန္းပင္ ပုံမွန္ မလုပ္ႏိုင္ တဲ့ အေျခအေနျဖစ္ေနတာေၾကာင့္ အမႈကို ေရရွည္ ရင္ဆိုင္ဖို႔ မလြယ္ကူပါ ။

တရား႐ုံးဆုံးျဖတ္ခ်က္ မွ်တခဲ့ရင္ေတာင္ ပုံမွန္ အတိုင္း ျပန္မရႏိုင္ေတာ့တဲ့ ဂေရစ့္ ဘဝနဲ႔ စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြ၊ တိုင္းသိ၊ ျပည္သိ ျဖစ္သြားတဲ့ အမႈေၾကာင့္ ဂေရစ့္ ျဖတ္သန္းရမယ့္ အနာဂတ္အတြက္

မိခင္ျဖစ္သူ မွာ ပူပန္ေသာက ေရာက္ေနရ ပါတယ္။မိသားစုကို ရွာေကြၽးဖို႔ ေပ်ာ္႐ြင္တက္ႂကြစြာနဲ႔ ၿမိဳ႕ေပၚတက္ အလုပ္သြားလု ပ္တဲ့ ကေလး ကို ဒဏ္ရာေတြ နဲ႔ ေတြ႕လိုက္ရတဲ့ အခါ မွာ “ငါ့သမီးေလး ငါ့ေၾကာင့္

ဒီလိုျဖစ္ရတယ္ဆိုၿပီး သားအမိ ၂ ေယာက္လုံး အဆိပ္ေသာက္ ေသမယ္ လို႔ ေတြးခဲ့မိတဲ့ အထိပါပဲ ” လို႔ ဝမ္းနည္းသံနဲ႔ ေျပာရင္း ဂေရစ့္ရဲ႕ မိခင္ ငိုပါေတာ့ တယ္ ။

ဒီ အမႈကိစၥေတြၿပီး ဆုံးသြားရင္ သူတို႔ကို မသိႏိုင္တဲ့ ေနရာ တေနရာ မွာ ဇာတ္ျမဳပ္ေနထိုင္ဖို႔ အထိ စဥ္းစားထားေပမယ့္လည္း လုံၿခဳံပါ့မလား ဆိုတဲ့ အေတြးက ဖုံးလႊမ္းေနဆဲပဲ လို႔ ဂေရစ့္ရဲ႕ မိခင္က ဆို ပါတယ္။

Source;ဧရာဝတီ ( ေလးစားစြာျဖင့္ ခရက္ဒစ္ )

Unicode

“ကျနော်တို့ မပြုလုပ်ပါဘူး လို့” တွင်တွင် ငြင်းနေတဲ့ မင်းရာဇာ အိမ် က ငရဲခန်းအကြောင်း

“ကျနော်တို့ မပြုလုပ်ပါဘူး လို့” တွင်တွင် ငြင်းနေတဲ့ မင်းရာဇာ အိမ် က ငရဲခန်း…

“ အက် ဆစ် နဲ့ပက်တယ် ။ မုဒိမ်းကျင့်တယ် ဆိုတာ မဟုတ် ပါဘူး ” လို့ ဇွန်လ ၄ ရက်နေ့ က တတိယြေ မာက် ရုံးချိန်း မှာ သရုပ်ဆောင် မင်းရာဇာက သတင်း မီဒီယာတွေ ကို ပြောဆို ခဲ့ ပါတယ် ။

ဒီပြော ဆိုချက် ဟာ အမှု ကို စောင့်ကြည့်နေသူတွေ အတွက် အံအား သင့်စေ ခဲ့ ပါ တယ် ။ သရုပ်ဆော င် မင်းရာဇာ က ရုံးချိန်းတိုင်း သတင်းမီ ဒီယာတွေ ရဲ့ ရှေ့မှောက်မှာ အမှုနှင့် ပတ်သက်ပြီး

လူထုအကြား ကနဦးသိရှိ ထားချက်တွေနဲ့ ကွဲလွဲပြီး တစတစ ပြောဆိုနေ မှုတွေဟာ လက်ပူး လက်ကြပ် မိထားတဲ့ အမှုလို့ ယုံကြည်ထာ သူတွေ အတွက် စိတ်ပျက် ဒေါသထွက် စရာ ဖြစ်စေခဲ့ ပါ တယ် ။

ဒီအမှု မတိုင်ခင် တိုင်းသိ ပြည်သိ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုရီးယား အမှုလို ဖြစ်သွား မှာကို စိုးရိမ် သူတွေ က အများပါ ။ သရုပ်ဆောင် မင်းရာဇာ ရဲ့ အခုလို ပြောဆိုချက်တွေဟာ

ဒီသတင်း ကို စိတ်ဝင်တစား စောင့်ကြည့်နေ သူတွေတင်မက ဘဲ သူ့အိမ် မှာ ညှင်းပ န်းနှိပ်စက်မှု၊ အဓမ္မပြုကျင့် မှုတွေ ခံခဲ့ရတယ် ဆိုတဲ့ အိမ်အကူ မိန်းကလေး ဂရေစ့် ဆီကိုလည်း ရောက်ရှိ ခဲ့ပါတယ်။

တိုင်းသိ ပြည်သိ ဖြစ်သွား တဲ့ ဒီအမှုဖြစ်စဉ်ကြောင့် ဂုဏ်သိက္ခာ အရရော၊ အနာဂတ် ဖြတ်သန်းဖို့ အတွက်ပါ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရတဲ့ ဂရေစ့် အတွက် လည်း မင်းရာဇာ ရဲ့ ပြောဆိုချက်တွေ ဟာ

စိတ်ဆိုး ဒေါသထွက်စရာ ဖြစ်စေခဲ့ ပါ တယ် ။ဂရေ့စ်က “သူပြောတာ မဟုတ် ပါဘူး ။ အက်ဆစ် နဲ့ မပက်ခင် က လင်မယား ၂ ယောက်လုံးက ရေချိုးခန်းထဲ ခေါ်ပြီး နဖူးတွေရော၊ ခေါင်းတွေရော၊ မျက်နှာတွေ ရော

ရောင်ကိုင်းနေ အောင်ရိုက်ပြီး ပြန်သွား တယ်။ ဖုန်းနဲ့လည်း လှမ်းဆက်ပြီး တော့လည်း သမီးကို ဖြေခိုင်း တာတွေ လုပ်တယ် ” လို့ သူမ ရင်ဆိုင် ကြုံတွေ့ခဲ့ရပုံ ကို ပြန်ပြောပြ ပါတယ်။

အဲဒီဖြစ်စဉ် ဖြစ်ပြီး နောက် တနေ့မှာ ပဲ ကားပေါ် မှာ အတူရှိနေစဉ် ဒေါသထွက်နေတဲ့ ဇနီးဖြစ်သူက ဂရေစ့်ရဲ့ မျက်နှာကို လက်သီး နဲ့ အားပါပါ ထိုးဖို့ မင်းရာဇာ ကို ဖိအားပေးခဲ့တာကြောင့်

“ဦးကလည်း သမီးရဲ့မျက်နှာ နှာခေါင်းတည့်တည့် ကို လက်သီး နဲ့ ထိုးလိုက်တယ် ” လို့ပြောရင်း ဂရေစ့် မျက်ရည်တွေ စီးကျလာ ပါတယ် ။ အဲဒီနောက် မင်းရာဇာ ရဲ့ အမျိုးသမီးဟာ သူခရီး ထွက်စရာ ရှိကြောင်း

အနည်းငယ် ကြာမှာ ဖြစ်ကြောင်းနဲ့ ကလေးတွေကို ထားခဲ့မယ့် အကြောင်း ပြောရင်း သူခရီးသွားတုန်းနောက်မှာ “တခုခုဖြစ်သံကြားရင် နင်သေမယ်” ဆိုပြီး ခြိမ်းခြောက် သွားတယ် လို့လည်း ဂရေစ့် က ပြန်ပြောပြ ပါတယ် ။

ခရီးသွားပြီး ၅ ရက်လောက် အကြာမှာ သူတို့ ပြန်ရောက်လာကြပြီး အဲဒီညမှာပဲ ဂရေစ့်ကို ပြောစရာရှိတယ် ဆိုပြီး လာခေါ်နှိုး လို့ နောက်ဖေးခန်းကို လိုက်သွားဖြစ်ကြောင်း အခန်းထဲ တွင်

မင်းရာဇာနှင့် ရခိုင်လေး တို့က မတ်တပ်ရပ်ပြီး စောင့်နေကြတယ်လို့ ဆို ပါတယ် ။ ဂရေစ့်က မင်းရာဇာရဲ့ လက်နောက်မှာ တခုခု ဖွက်ထားတဲ့ ပုံကို သတိ ထားမိလိုက်ပေမယ့် ကနဦး

သဲသဲကွဲကွဲ မတွေ့လိုက်ရဘူး လို့ဆို ပါတယ် ။ ရေချိုးခန်းထဲ ကို ၄ ယောက်လုံး ရောက်သွားတော့ မှ သူကို ဝိုင်းဖမ်းပြီး အကြမ်းဖက် နှိပ်စက်တော့မယ့် အရိပ်အယောင်တွေ ကို သတိထား မိလိုက်တယ်လို့

သူမ ကြုံတွေ့ခဲ့ရပုံ ကို ပြောပြ ပါတယ်။“အမက ဦးကို နင်ဖြန်းမှာလား။ ငါဖြန်းရမလား လို့ မေးတယ် ။ ဦးက မိန်းမဖြန်းစရာ မလိုဘူး ။ သူဖြန်းမယ်လို့ ပြော လိုက်တယ် ။ အမ နဲ့ ဦးက သမီးကို ဘောင်းဘီကို ချွတ်ခိုင်းတယ်။

ဦးရခိုင်လေး ရှိတယ်။ သမီး မချွတ်ရဲဘူး ။ သမီး ရှက်တယ် ဆိုတော့ အမက နင်အခုမှ ရှက်တာ လား ။ ငါ့ယောကျာင်္း နဲ့ဖြစ်တုန်းက မရှက်ဘူးလား လို့ပြောတယ် ” လို့ ပြောရင်း ဂရေစ့် က သူရဲ့ အင်္ကျီစကို

လက်နဲ့ ကျစ်ကျစ်ပါအောင် ချေနေ ပါတယ် ။ သူ့ကိုသူတော့ သတိထားမိဟန် မတူပါဘူး။ဂရေစ့် ကဆက်ပြီး “သမီးလည်း ကြောက်တာ နဲ့ ဘာ မှ မပြောဘူး ။ ဦးရခိုင်လေးက အပြင်ထွက် သွားတယ် ။

ဦးကလည်း သမီးဘောင်း ဘီ ကို ဆွဲ၊ ဆွဲချွတ် ပေမယ့် သမီးမချွတ်ဘူး။ နောက် ကြောက်လာတာနဲ့ သမီးလည်းချွတ်ပေးလိုက်တယ်။ အိမ်သာပေါ်မှာ လှဲချပြီးတော့ ဦးမင်းရာဇာက အက်ဆစ်နဲ့ ဖြန်းတယ်။

အက်ဆစ်နဲ့ ၂ ခါလား။ ၃ ခါလားမသိဘူး။ သမီးက ရုန်းတော့ ဂုတ်ရယ်၊ ဗိုက်ရယ်၊ မိန်းမကိုယ်ရယ် ထိသွားတယ်” လို့ ရှင်းပြရင်းက အသံတိတ်သွား ပါတယ် ။

ခနကြာမှ နောက်တော့ ဘာဖြစ်သေးလဲလို့ ဆက်မေးတော့မှ ဒုတိယအကြိမ် အက်စစ် နဲ့ ထပ်ဖြန်းသေးတယ်လို့ စကား ဆက်ပါတယ်။ ဒီအကြောင်းတွေကို ပြန်ရှင်းပြချိန်မှာ အတိတ်က ဖြစ်စဉ်ကို ပြန်သတိရပြီး

နာကျင်နေပုံရသလို သူ့အတွက် ဒီငရဲခန်းတွေ အကြောင်း တွေးမိတိုင်း မောနေပုံရ ပါတယ် ။ဒုတိယ အကြိမ်မှာတော့ အိမ်ပြန်ပို့ပေးမယ် ဆိုလို့ ဂရေစ့် လိုက်သွားခဲ့တယ် လို့ဆို ပါတယ် ။

အမြန်လမ်း ညဘက် လူခြေတိတ်နေတဲ့ နေရာမှာ ခေါ်သွားပြီး ဇနီးဖြစ်သူက ဓားကို ထုတ်ကာ “နင်လှီးမှာလား။ ငါ လှီးရမှာလား” လို့ မေးတော့ မင်းရာဇာက သူကိုယ်တိုင် လှီးမယ် လို့ပြောရင်း

ရခိုင်လေး ဆိုသူက ရုန်းကန်နေတဲ့ ဂရေစ့် ကို ဝိုင်းချုပ်ပေးတယ် လို့ ဆိုပါတယ်။“မကြီးက မိန်းမကိုယ်ကို လှီးခိုင်းတာ။ ရုန်းရင်းရုန်းရင်း အပေါ်ကို ထိမိ သွားတယ် ။ ဗိုက်ကို ထိသွားတယ် ။

မိန်းမ ကိုယ်ကိုလည်း ထိသွားတယ် ။ ဓါး နဲ့လှီးပြီးတော့ ရခိုင်လေးကို မကြီးက ငါခိုင်းတာ အကုန်ပါလားမေးတော့ အမအတွက်ဆို အကုန်ပါတယ် လို့ ပြောတယ် ။ အမ ဖြန်းမှာလား ကျနော်ဖြန်းရမှာလားလို့

ပြောလည်းပြောပြီးရော အာ့ဆိုလည်း ကျနော် ဖြန်းလိုက်တော့မယ် ဆိုပြီး အနာပေါ်ကို အက်ဆစ်နဲ့ ထပ်ဖြန်းတယ်” လို့ ဂရေ့စ်က ပြော ပါတယ်။

သွေးထွက်လွန်ပြီး နာကျင်နေတဲ့ ဒဏ်ရာတွေကြောင့် ငိုနေတဲ့ ဂရေစ့် ကို ရခိုင်လေး ဆိုသူက “နင်သေတော့ မှာလား။ သေတော့မယ် ဆိုရင် ငါအစဖျောက် လိုက်မယ်။ အဲဒါမျိုးဆို ရခိုင်တွေက ဝန်မလေးဘူး” လို့

ထပ်မံ ခြိမ်းခြောက် ပြောဆို ခဲ့သေးကြောင်းလည်း ရှင်းပြပါတယ်။ ဒဏ်ရာတွေကနေ သွေးထွက်လွန်ကာ မူးမေ့သွားတာမျိုး ဖြစ်နေတဲ့ အတွက် ညလုံးပေါက်ဆေးခန်း သွားပြခဲ့ ပေမယ့် ဆေးခန်းက အနာ ပြင်းထန်လွန်းပြီး

မူခင်းဖြစ်နေတာကြောင့် နာတာတွေ သက်သာစေဖို့ ဆေးထိုးပေး ပြီး အနာကို ဂွမ်းသာ ထည့်ပေး လိုက်တယ်လို့ ဆို ပါတယ်။

ဂရေ့စ်က “အဲဒီဆရာမက သမီးကို အနာကို ဓါတ်ပုံရိုက်သွား လို့ရလားလို့ မေးတယ် ။ အမက ရိုက်ပါလို့ ပြောတယ်။ သူ့ ဆရာကို ဖုန်းဆက်ပြီး အနာကလည်း အရမ်းကြီးတယ်။ အပုတ်နံ့ ကလည်း ထွက်နေတယ်။

ဘာလုပ်ပေးရမှာ လဲမေးတော့ သူ့ဆရာက အနာကိုလည်း မထိနဲ့။ ဘာမှလည်း မလုပ်နဲ့ သူတို့ လာကြည့်မယ်လို့ ပြောတယ်။ ဒါပေမယ့် နောက်နေ့ လာမကြည့်ဘူး။ နောက်နေ့ကျတော့ အမေကြီးတို့ လာခေါ်မယ်

ပြောတဲ့နေ့ပါပဲ ” လို့ ပြောရင်း စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပါတယ်။ နှစ်ချီကြာ နှိပ်စက်ခံရမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရ တာတွေကြောင့် ဂရေ့စ်က ဆေးရုံပေါ် မှာ ၂၁ ရက်ကြာ ကုသမှု ခံယူခဲ့ရပြီး

ခန္ဓာကိုယ်သာမက စိတ်ပိုင်းဆိုင်ရာလည်း ဒဏ်ရာရသွားခဲ့တယ်လို့ မိခင်ဖြစ်သူက ရှင်းပြ ပါတယ်။

ဂရေ့စ်က တယောက်ထဲ ရီလိုက်၊ ငိုလိုက်နဲ့ စိတ်ဂနာမငြိမ်ဖြစ်နေ သလို မိခင်ရင်းကိုပါ စကားပြောဆိုမှုတွေ အဆင် မပြေဖြစ်လာပြီး လူစိမ်းဆိုရင် လုံးဝစကား မပြောတော့ကြောင်း မိခင်ဖြစ်သူ ဂရေစ့်ရဲ့ ကျောပြင်ကို

ပွတ်သပ်နှစ်သိမ့်ရင်း ရှင်းပြ ပါတယ်။ ရံဖန်ရံခါ “သေသွားလည်း အေးရော” ဆိုပြီး ကိုယ့်အနာ ကို ပြန်ရန် ပြုနေတာကြောင့် ဆရာမတွေက အမြဲစောင့်ကြည့်ပေး နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဂရေ့စ်ကို

စိတ်ပိုင်းဆိုင်ရာ ကုစားပေး နိုင်ဖို့ နှစ်သိမ့် ဆွေးနွေးပေးနေတဲ့ ဆရာမ ၂ ဦး နဲ့ အတူ ထားပြီး ခန္ဓာကိုယ်ပေါ် ကတော့ ဒဏ်ရာအတွက် ၁ ပတ်တခါ ဆေးထည့် ကုသနေရဆဲပါ။

ဂရေစ့်ရဲ့ မိခင်က “ကလေးအနာက လက်သန်းလုံးလောက် ရှိ တယ်။ ရင်ခေါင်းကနေ မိန်းမကိုယ်အထိ တောက်လျှောက် ဓားနဲ့ခွဲထားတာ။ အနာက ပုပ်နေတော့ ချုပ်လို့ မရဘူး။

ဆေးထိုးဆေးသောက် ဆေးထည့်ပဲ လုပ်လို့ ရတော့တာ။ ကိုယ့်စိတ်ထဲ မှာ ငါ့သမီးလေး ဒီလိုဖြစ်ရတယ်ဆိုပြီး သားအမိ ၂ ယောက်လုံး အဆိပ်သောက် သေမယ်လို့ တွေး ခဲ့မိတဲ့အထိပါပဲ” လို့

ကျလာတဲ့ မျက်ရည်တွေကို လက်နဲ့သုတ်ရင်း ပြော ပါတယ်။“ကိုယ့်လက်နဲ့ ကိုယ့်ဘာသာလုပ်ရမယ် ဆိုရင် သူ့ (မင်းရာဇာ) အင်္ဂါကို မီးနဲ့ရှို့ တခါထဲ အက်ဆစ်ပက်ပြီး မသေမရှင် ထားပစ်ခဲ့မှာ ။ အဲ့လို လုပ်ချင်တာ” လို့

ဂရေစ့်ရဲ့ မိခင်ဖြစ်သူ က ဒေါသနဲ့ ပြောဆို ပါတယ်။မိခင်ဖြစ်သူရဲ့ ပြောပြချက် အရ ဂရေ့စ် ကို မင်းရာဇာတို့ အိမ် ပို့ပြီး တနှစ်အကြာမှာ ပြန်ခေါ်ဖို့ ၃ ကြိမ်လောက် ကြိုးစားဖူး ပေမယ့် မင်းရာဇာ၏ ဇနီးက

“တောမှာနေရင် တေလေဂျပိုးနဲ့ပဲ ညားမှာ။ သူတို့ဆီမှာဆို ကောင်းကောင်း နေရမှာ” စတဲ့ အကြောင်းပြချက်တွေ နဲ့ အိမ်ပြန်ခေါ်ခွင့် မပြုခဲ့ဘူး လို့ ဆို ပါတယ်။

ဂရေ့စ် က သရုပ်ဆောင် မင်းရာဇာ အိမ်မှာ အသက် ၁၀ နှစ်ကျော်အရွယ်ကတည်းက အိမ် အကူ အလုပ်ကို ၁ လ ကျပ် ၃ သောင်းနဲ့ အခု အသက် ၁၅ နှစ်ပြည့်ခါနီး အထိ လုပ်ကိုင်ပေးခဲ့တယ်လို့ မိခင်ဖြစ်သူက

ပြောပါတယ်။ မနက် ၆ နာရီ အိပ်ယာမှ ထရပြီး မင်းရာဇာရဲ့ ကလေး ၂ ယောက် စားသောက်မှုအတွက် ပြင်ဆင်ပေးရတဲ့အပြင် အိမ်အလုပ်တွေကို ည ၁ နာရီလောက်အထိ လုပ်ပေးခဲ့ရတယ်လို့ ဆိုပါ တယ် ။

သရုပ်ဆောင် မင်းရာဇာက ရုံးချိန်းတွေမှာ သတင်းမီဒီယာတွေ ကို သူ အဓမ္မမကျင့်ကြောင်း၊ နှိပ်စက်ခြင်း၊ အက်စစ်နဲ့ ပက်ခြင်းတွေ မပြုလုပ်ခဲ့ကြောင်း ပြောဆိုနေတာတွေဟာ သူတကယ်ကြုံတွေ့ခဲ့ရတာတွေနဲ့

ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ် လို့လည်း ဂရေစ့်က ပြောပြ ပါတယ် ။ဂရေစ့် က “ရုပ်ရှင်ရိုက်လို့ နားတဲ့ ဟိုတယ်မှာလည်း နင့်အစ်မ မသိစေ နဲ့ဆိုပြီး သမီးကို အဓမ္မပြုကျင့်တယ် ။ နင့်အစ်မ ကို ပြောရင်

နင့်ကို သတ်ပလိုက်မယ်။ အစဖျောက်ပလိုက်မယ်” လို့ ရှင်းပြ ပါတယ်။ဂရေ့စ် မိသားစုက အရင်ကတည်းက ဆင်းရဲနွမ်းပါးသူတွေဖြစ်တဲ့အပြင် အခု လက်ရှိ အခြေအနေမှာလည်း ခန္ဓာကိုယ်နဲ့ စိတ်ပိုင်း ဒဏ်ရာတွေနဲ့

ပြန်ရောက်လာတဲ့ သမီးဖြစ်သူကို ဆေးကုနေကြရ ပါတယ် ။ ဒါ့အပြင် သမီးဖြစ်သူရဲ့ အခြေအနေကြောင့် သူတို့ရဲ့ ပုံမှန်ဝင်ငွေရနေတဲ့ ကျဘန်း လုပ်ငန်းတွေ ကိုလည်း ရပ်ထားရတဲ့ အတွက် ဝင်ငွေ ပြဿနာ နဲ့

ရင်ဆိုင်နေရပါတယ်။ဂရေစ့် ရင်ဆိုင်ကြုံတွေ့ခဲ့ ရတဲ့ အဖြစ်အပျက်အပေါ် သနားကြင်နာကြတဲ့ ရုပ်ရှင် သရုပ်ဆောင် အချို့နဲ့ တခြားအလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဂရေစ့်ရဲ့ မိခင်ဖြစ်သူက တရားလိုပြု လုပ်ပြီး သရုပ်ဆောင် မင်းရာဇာအပါအဝင် သူ ရဲ့ ဇနီး၊ ယောက္ခမဖြစ်သူနဲ့ မင်းရာဇာ ရဲ့ကားကို မောင်းပေးရသူ ရခိုင်လေးဆိုသူ တို့ကို အမှုဖွင့် တရားစွဲဆိုထားပါတယ်။

သမီးဖြစ်သူအမှု အမှန်တရားမျှတမှု ရဖို့ အတွက်လည်း အဆုံးထိ ရင်ဆိုင်ဖို့ သူတို့ ဆုံးဖြတ်ထားကြပေမယ့် ကျဘန်းလုပ်ငန်းပင် ပုံမှန် မလုပ်နိုင် တဲ့ အခြေအနေဖြစ်နေတာကြောင့် အမှုကို ရေရှည် ရင်ဆိုင်ဖို့ မလွယ်ကူပါ ။

တရားရုံးဆုံးဖြတ်ချက် မျှတခဲ့ရင်တောင် ပုံမှန် အတိုင်း ပြန်မရနိုင်တော့တဲ့ ဂရေစ့် ဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ၊ တိုင်းသိ၊ ပြည်သိ ဖြစ်သွားတဲ့ အမှုကြောင့် ဂရေစ့် ဖြတ်သန်းရမယ့် အနာဂတ်အတွက်

မိခင်ဖြစ်သူ မှာ ပူပန်သောက ရောက်နေရ ပါတယ်။မိသားစုကို ရှာကျွေးဖို့ ပျော်ရွင်တက်ကြွစွာနဲ့ မြို့ပေါ်တက် အလုပ်သွားလု ပ်တဲ့ ကလေး ကို ဒဏ်ရာတွေ နဲ့ တွေ့လိုက်ရတဲ့ အခါ မှာ “ငါ့သမီးလေး ငါ့ကြောင့်

ဒီလိုဖြစ်ရတယ်ဆိုပြီး သားအမိ ၂ ယောက်လုံး အဆိပ်သောက် သေမယ် လို့ တွေးခဲ့မိတဲ့ အထိပါပဲ ” လို့ ဝမ်းနည်းသံနဲ့ ပြောရင်း ဂရေစ့်ရဲ့ မိခင် ငိုပါတော့ တယ် ။

ဒီ အမှုကိစ္စတွေပြီး ဆုံးသွားရင် သူတို့ကို မသိနိုင်တဲ့ နေရာ တနေရာ မှာ ဇာတ်မြုပ်နေထိုင်ဖို့ အထိ စဉ်းစားထားပေမယ့်လည်း လုံခြုံပါ့မလား ဆိုတဲ့ အတွေးက ဖုံးလွှမ်းနေဆဲပဲ လို့ ဂရေစ့်ရဲ့ မိခင်က ဆို ပါတယ်။

Source;ဧရာဝတီ ( လေးစားစွာဖြင့် ခရက်ဒစ် )