သူ႔အေပၚ ကိုယ္ကေကာင္းရဲ႕သားနဲ႔ သူကကိုယ့္အေပၚ နည္းနည္းေလးမွေကာင္းမလာဘူးဆိုရင္…

သူ႔အေပၚ ကိုယ္ကေကာင္းရဲ႕သားနဲ႔ သူကကိုယ့္အေပၚ နည္းနည္းေလးမွေကာင္းမလာဘူးဆိုရင္…

⚘ ဝဋ္ေႂကြးတစ္ခုသာ ျဖစ္လာရင္ ⚘

ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာ”ဝဋ္”ေၾကာင့္ပါ။ သူ႔အေပၚ ကိုယ္က တကယ္ေကာင္းရဲ႕သားနဲ႔ သူက ကိုယ့္အေပၚ နည္းနည္းေလးမွ ေကာင္းမလာဘူးဆိုရင္ ကိုယ့္မွာဝဋ္ေႂကြး ရွိေနၿပီဆိုတာ ေသခ်ာပါတယ္ …။

သူ႔ကို ကိုယ္က ဘာမွအျပစ္လည္းမေျပာ ကိုယ္လုပ္ထားတဲ့ အျပစ္ေတြ ဘာမွလည္းမရွိဘဲနဲ႔ ကိုယ့္ကိုသူက အျပစ္ပဲ အၿမဲေျပာေနၿပီဆိုရင္ေသခ်ာတယ္ ကိုယ့္မွာ ဝဋ္ေႂကြးရွိေနၿပီဆိုတာ …၊

ကိုယ့္ကလည္း သူ႔ကိုတစ္ခါမွ မမုန္းရပါပဲ ဘာမွန္းညာမွန္းမသိဘဲ သူ႔ဆီမွာ … ကိုယ္အမုန္းခံေနရၿပီဆိုရင္ ေသခ်ာတယ္၊ ကိုယ့္မွာ အမွန္တကယ္ ဝဋ္ေႂကြးရွိေနၿပီဆိုတာ …၊

ဝဋ္ေႂကြးရွိရင္ ကိုယ္မလုပ္ေပမယ့္ ကိုယ္လုပ္တယ္လို႔ အထင္ခံရတတ္တယ္။ ကိုယ္မေျပာေပမယ့္ ကိုယ္ေျပာတယ္လို႔ အထင္ခံရ တတ္ပါတယ္ …။

ေကာင္းတာလုပ္တဲ့အခါလည္း ေကာင္းတယ္လို႔တစ္ခ်ိဳ႕လူေတြမျမင္ၾကဘူး။ ဝဋ္ဆိုတာ ဆပ္မွ ေက်မယ္။ ဆုေတာင္းေန႐ုံျဖင့္ ဝဋ္ကုန္သြားမွာ မဟုတ္ပါဘူး …။

ဝဋ္ေႂကြးေတြေက် ဖို႔ သူမေကာင္းေျပာလည္း ကိုယ္က သူ႕ကိုမေကာင္းျပန္မေျပာနဲ႔။ သူကကိုယ့္ကို အမုန္းေပးေနလည္း ကိုယ္က အမုန္းျပန္မေပးနဲ႔ …။

သူက ကိုယ့္ကို တစ္မ်ိဳးထင္လည္း ကိုယ္ကသူ႔ကိုတစ္မ်ိဳး မထင္ပါနဲ႔။ သူ႔အေပၚတင္ေနတဲ့ အေႂကြးေတြ ေက်ေတာ့မယ္ဆိုတာ သတိရေပးပါ …။

သူဘာေပးေပး ကိုယ့္ဆီမွသူ႔ကိုေမတၱာပဲ ေပးလိုက္ပါ။ ေမတၱာဆိုတာ ဝဋ္ေႂကြးေတြေျပဖို႔အတြက္ လူတစ္ေယာက္အတြက္ အေကာင္းဆုံးလက္နက္ပဲ ျဖစ္ပါတယ္ …။

အမုန္းေတြရွိရင္လည္း ဒီဘဝတင္ ေက်ပါေစ။ အၿငိဳးေတြရွိရင္လည္း ဒီဘဝတင္ ေက်ပါေစ။ ဒီဘဝမွာ ဆပ္ခြင့္ရတဲ့အေႂကြးကို ဒီဘဝမွာပဲဆပ္လိုက္ပါ။ ေနာက္ဘဝေတြထိ မယူသြားလိုက္ပါနဲ႔ …။

ဝဋ္ဆိုတာဆပ္မွေၾကမယ္။ တကယ္ေတာ့ ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာဟာ ဝဋ္ေႂကြးတစ္ခုခုေၾကာင့္ပါပဲ …။

ဝဋ္ေႂကြးရွိရင္လဲ ဒီဘဝနဲ႔သာ ေၾကပါေစကြယ္ …။ ။

naethitmyanmar

UNICODE VERSION

သူ့အပေါ် ကိုယ်ကကောင်းရဲ့သားနဲ့ သူကကိုယ့်အပေါ် နည်းနည်းလေးမှကောင်းမလာဘူးဆိုရင်…

⚘ ဝဋ်ကြွေးတစ်ခုသာ ဖြစ်လာရင် ⚘

ကိုယ်ကောင်းပေမယ့် သူမကောင်းတာ”ဝဋ်”ကြောင့်ပါ။ သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားနဲ့ သူက ကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာဘူးဆိုရင် ကိုယ့်မှာဝဋ်ကြွေး ရှိနေပြီဆိုတာ သေချာပါတယ် …။

သူ့ကို ကိုယ်က ဘာမှအပြစ်လည်းမပြော ကိုယ်လုပ်ထားတဲ့ အပြစ်တွေ ဘာမှလည်းမရှိဘဲနဲ့ ကိုယ့်ကိုသူက အပြစ်ပဲ အမြဲပြောနေပြီဆိုရင်သေချာတယ် ကိုယ့်မှာ ဝဋ်ကြွေးရှိနေပြီဆိုတာ …၊

ကိုယ့်ကလည်း သူ့ကိုတစ်ခါမှ မမုန်းရပါပဲ ဘာမှန်းညာမှန်းမသိဘဲ သူ့ဆီမှာ … ကိုယ်အမုန်းခံနေရပြီဆိုရင် သေချာတယ်၊ ကိုယ့်မှာ အမှန်တကယ် ဝဋ်ကြွေးရှိနေပြီဆိုတာ …၊

ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့် ကိုယ်လုပ်တယ်လို့ အထင်ခံရတတ်တယ်။ ကိုယ်မပြောပေမယ့် ကိုယ်ပြောတယ်လို့ အထင်ခံရ တတ်ပါတယ် …။

ကောင်းတာလုပ်တဲ့အခါလည်း ကောင်းတယ်လို့တစ်ချို့လူတွေမမြင်ကြဘူး။ ဝဋ်ဆိုတာ ဆပ်မှ ကျေမယ်။ ဆုတောင်းနေရုံဖြင့် ဝဋ်ကုန်သွားမှာ မဟုတ်ပါဘူး …။

ဝဋ်ကြွေးတွေကျေ ဖို့ သူမကောင်းပြောလည်း ကိုယ်က သူ့ကိုမကောင်းပြန်မပြောနဲ့။ သူကကိုယ့်ကို အမုန်းပေးနေလည်း ကိုယ်က အမုန်းပြန်မပေးနဲ့ …။

သူက ကိုယ့်ကို တစ်မျိုးထင်လည်း ကိုယ်ကသူ့ကိုတစ်မျိုး မထင်ပါနဲ့။ သူ့အပေါ်တင်နေတဲ့ အကြွေးတွေ ကျေတော့မယ်ဆိုတာ သတိရပေးပါ …။

သူဘာပေးပေး ကိုယ့်ဆီမှသူ့ကိုမေတ္တာပဲ ပေးလိုက်ပါ။ မေတ္တာဆိုတာ ဝဋ်ကြွေးတွေပြေဖို့အတွက် လူတစ်ယောက်အတွက် အကောင်းဆုံးလက်နက်ပဲ ဖြစ်ပါတယ် …။

အမုန်းတွေရှိရင်လည်း ဒီဘဝတင် ကျေပါစေ။ အငြိုးတွေရှိရင်လည်း ဒီဘဝတင် ကျေပါစေ။ ဒီဘဝမှာ ဆပ်ခွင့်ရတဲ့အကြွေးကို ဒီဘဝမှာပဲဆပ်လိုက်ပါ။ နောက်ဘဝတွေထိ မယူသွားလိုက်ပါနဲ့ …။

ဝဋ်ဆိုတာဆပ်မှကြေမယ်။ တကယ်တော့ ကိုယ်ကောင်းပေမယ့် သူမကောင်းတာဟာ ဝဋ်ကြွေးတစ်ခုခုကြောင့်ပါပဲ …။

ဝဋ်ကြွေးရှိရင်လဲ ဒီဘဝနဲ့သာ ကြေပါစေကွယ် …။ ။

naethitmyanmar