စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
၂။ စကားများခြင်း”
၃။ ဆရာလုပ်ခြင်း”
၎။ စိတ်ကောက်ခြင်း”
၅။ ရစ်တတ်ခြင်း”
Credit : loveshop
Unicode Version ဖြင့်ဖတ်ရန်
မိန်းကလေးတစ်ယောက်ဒီအမှား(၅)ခုကို လုပ်မိတာ သူ့ချစ်သူကို အရမ်းချစ်လို့ပါ…
အချစ်ရေးမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ အမှားလုပ်မိလေ့ ရှိတတ်ကြပါတယ် …။
အမှားဆိုတာ ဖြစ်လေ့ရှိတဲ့အတွက် မရည်ရွယ်တဲ့အမှားမျိုးဆိုရင် ခွင့်လွှတ်ပေးဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ် …။
ခွင့်လွှတ်နိုင်လောက်တဲ့ အမှားလုပ်မိသူကို အပြစ်မဆိုပဲ ၊ နောက် မဖြစ်ဖို့သာ ပြောပြသင့်ပါတယ် …။
အချစ်ရေးမှာ အမျိုးသမီးအများစု ပြုလုပ်မိလေ့ရှိတဲ့ အမှားတွေထဲက အမျိုးသားတွေ ခွင့်လွှတ်ပေးသင့်တဲ့ အမှား (၅) ခုရှိပါတယ်။ အဲ့တာတွေကတော့….
၁။ စိုးရိမ်မှု လွန်ခြင်း”
သင် ဘာတွေမဟုတ်တာ လုပ်နေပြီလဲ…၊ သူ့ကို မပြောထားတာ ဘာတွေများ ရှိနေပြီလဲ ဆိုပြီး တစ်ခါတစ်လေ စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ် …။
ဒါကို အမျိုးသားတွေဘက်က နားလည်အောင် သေချာရှင်းပြဖို့ လိုအပ်ပါတယ် …။
အမျိုးသမီးတွေဘက်ကလည်း စိုးရိမ်မှုလွန်ကဲရင် သံသယဖြစ်လာတတ်တာကို သတိပြုရမှာပါ …။
၂။ စကားများခြင်း”
စကားများခြင်းဟာ အမှားတော့မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် စကားပိုပြောတတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ် …။
ဆက်ပြီး နားမထောင်ချင်တော့ဘူးဆိုရင် သင်ဆက်တိုက်ပြောဖို့ တစ်ခုခု ရှာကြံပြီး စဉ်းစားလိုက်ပါ …။
ဒါမှမဟုတ် သူမမသိတဲ့ အရာတစ်ခုကို ပြောဖို့ စဉ်းစားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စကားများတယ် ဆိုတာလည်း ခွင့်လွှတ်လို့ ရတဲ့ အရာပဲလေ …။
၃။ ဆရာလုပ်ခြင်း”
အမျိုးသားတွေထဲမှာလည်း ဆရာလုပ်တတ်သူရှိသလို အမျိုးသမီးတွေထဲမှာလည်း ဆရာလုပ်တတ်သူတွေ ရှိပါတယ် …။
သူ့ဗီဇနဲ့ သူလာတာဖြစ်ပြီး ယောက်ျား၊ မိန်းမနဲ့ မဆိုင်လှပါဘူး။ အများရှေ့မှာ သင့်ကို သိက္ခာကျအောင် မလုပ်သရွေ့ သူဆရာလုပ်တာကို သင်ခွှင့်လွှတ်ပေးသင့်ပါတယ်နော် …။
၄။ စိတ်ကောက်ခြင်း”
အမျိုးသားတွေ အချစ်ရေးမှာ အမြဲကြုံရတဲ့ ပြဿနာက အမျိုးသမီးတွေရဲ့ စိတ်ကောက်ခြင်းပဲ ဖြစ်ပါတယ် …။
ချစ်သူကိုမချော့ဖူးတဲ့ အမျိုးသားဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် တော်ရုံ စိတ်ကောက်တာဆိုရင် သင်ခွင့်လွှတ်ပြီး ချော့ဖို့လိုအပ်ပါတယ် …။
အမျိုးသမီးတွေ စိတ်ကောက်တာဟာ အချော့ခံချင်လို့ ဆိုတာ သိထားရပါမယ် …။
၅။ ရစ်တတ်ခြင်း”
အရစ်ခံရတာဟာ စိတ်ညစ်စရာလို့ ထင်စရာရှိပေမယ့် တစ်ဖက်က ပြန်ကြည့်ရင် သင်ပိုပြီးတောင် စိတ်ချနိုင်ပါသေးတယ် …။
ရစ်ဖို့ ကြိုးစားနေတဲ့သူဟာ သင့်ကို အမှန်တကယ် ဂရုစိုက်သူလို့ ဆိုနိုင်ပါတယ် …။
ဒါကြောင့် သူမရဲ့အမှားတွေထဲမှာ ရစ်တတ်တာကိုလည်း ခွင့်လွှတ်ရမယ့် အရာလို့ သဘောထားလိုက်ပါနော် …။ ။
Credit : loveshop