သင့္ကို သူလံုးဝမခ်စ္ေတာ့ဘူးဆိုတာ သက္ေသျပေနတဲ့အျပဳအမူ(၅)ခု…

သင့္ကို သူလံုးဝမခ်စ္ေတာ့ဘူးဆိုတာ သက္ေသျပေနတဲ့အျပဳအမူ(၅)ခု…

လူ႕စိတ္ဆိုတာ ခန္႔မွန္းရခက္သလိုပဲ အေျပာင္းလဲလည္း လြယ္တတ္ပါတယ္။ အထူးသျဖင့္ အခ်စ္စိတ္ေတြမွာေပါ့ …။

လူတစ္ေယာက္နဲ႔တစ္ေယာက္ ျဖစ္ေပၚလာတဲ့ ခ်စ္ျခင္းေမတၱာတရားေတြဟာ ဆန္းက်ယ္သလိုပဲ အဲဒီခ်စ္ျခင္းတရားေတြ ေပ်ာက္ကင္းသြားဖို႔ဆိုတာလည္း သိပ္ကို လြယ္ကူလွပါတယ္ …။

ဒါဆိုရင္ သင့္ခ်စ္သူဟာ သင့္အေပၚမွာ အခ်စ္စိတ္ေတြ ကုန္ခမ္းေနၿပီလားဆိုတာ ဒီအခ်က္ ၅ ခ်က္နဲ႔ စမ္းစစ္ၾကည့္လိုက္ရေအာင္ေနာ္ …။

(၁) အားမထုတ္ေတာ့ဘူး”

သင္တို႔ႏွစ္ေယာက္ၾကားမွာ ျပႆနာျဖစ္္လာတာပဲျဖစ္ျဖစ္ အရင္လို ျပန္အဆင္ေျပေအာင္ ၿငွိႏိႈင္းေတာ့မွာမဟုတ္ဘဲ ဒီအတုိင္း ပစ္ထားပါလိမ့္မယ္ …။

ဒါမွမဟုတ္ သင္နဲ႕အတူတူရွိေနဖို႔အတြက္ ဘယ္လိုအားထုတ္မႈမ်ိဳးကိုမွ မလုပ္ေတာ့ပါဘူး။ အရမ္းသိသာ လာပါလိမ့္မယ္ …။

(၂) ရင္ဘတ္ခ်င္း မရင္းႏွီးၾကေတာ့ဘူး”

သင္နဲ႔သူနဲ႔ အရင္တုန္းက ပံုမွန္ေလးေတြ႕မယ္၊ သူနဲ႔ကိုယ္နဲ႔ စကားလံုးေတြနဲ႔ မေဖာ္ျပဘဲနဲ႔ မ်က္လံုးအၾကည့္နဲ႔ေတာင္္မွပဲ ဘာေျပာသလဲ နားလည္ေနမယ္ေပါ့ေလ …။

ဒါေပမဲ့လည္း အခုေနာက္ပိုင္း အဲလိုေတြ မရွိေတာ့ပါဘူး။ အျမဲတမ္း ဘုနဲ႔ေဘာက္ေျပာေနမယ္၊ စိတ္သေဘာထားခ်င္းေတြ လြဲေနမယ္ဆိုရင္ ေသခ်ာေနပါၿပီ၊ သင္႔ကိုသူ မခ်စ္ေတာ႔လို႔ပါပဲ …။

(၃) သင့္ကို အခ်ိန္သိပ္မေပးေတာ့ဘူး”

အရင္လိုေတြ႕ေနက်မဟုတ္ဘဲနဲ႔ သင့္ထက္ သူ႕သူငယ္ခ်င္းေတြကို ပိုအခ်ိန္ေပးေနမယ္၊ အားလည္းပဲ မအားဘူးဆိုၿပီး ေျပာကာ သင့္ကို ေရွာင္ဖယ္ေနပါလိ့မ္မယ္ …။

လူေတြက ကိုယ္မခ်စ္ေတာ့တဲ့ လူနဲ႔ နည္းနည္းေလးေတာင္ ဟန္ေဆာင္ၿပီး မခ်စ္ျပႏုိင္ၾကပါဘူး …

(၄) အနာဂတ္အေၾကာင္း တစ္ခြန္းမွမဟေတာ့ဘူး”

တကယ္ခ်စ္တဲ့လူဟာ သင္နဲ႔ပတ္သက္ၿပီးေတာ့ အျမဲတမ္း ေသခ်ာတဲ့အနာဂတ္ရွိေအာင္ အျမဲတမ္းႀကိဳးစားေနမယ္႔ သူပါ …။

သင္နဲ႔လည္း အနာဂတ္အေၾကာင္းေတြ အျမဲတမ္း တုိင္ပင္ေဆြးေႏြးၿပီး အၾကံေတြေတာင္းၿပီးေတာ့ နီးနီးကပ္ကပ္ေနလာရင္းနဲ႔မွ ရုတ္တရက္ဆိုသလို အနာဂတ္အေၾကာင္းကို လံုးဝမေျပာေတာ့တာမ်ိဳးပါ …။

(၅) အျမဲတမ္းရန္မျဖစ္ျဖစ္ေအာင္ လုပ္ေနတယ္”

သင့္ကို မခ်စ္ေပမယ့္လည္း လမ္းခြဲရမွာ အားနာတာ၊ သနားတာေတြေၾကာင့္ သင့္ကိုျပတ္ဖို႔အတြက္ တြန္႔ဆုတ္ေနတတ္ပါတယ္ …။

ဒါေၾကာင့္ ရန္မျဖစ္ျဖစ္ေအာင္ လုပ္မယ္၊ ရန္ရွာမယ္၊ ျပႆနာေတြရွာမယ္ စသျဖင့္ လုပ္တတ္ၾကပါတယ္ေနာ္ …။ ။

Penny

Unicode Version ဖြင့်ဖတ်ရန်

သင့်ကို သူလုံးဝမချစ်တော့ဘူးဆိုတာ သက်သေပြနေတဲ့အပြုအမူ(၅)ခု…

လူ့စိတ်ဆိုတာ ခန့်မှန်းရခက်သလိုပဲ အပြောင်းလဲလည်း လွယ်တတ်ပါတယ်။ အထူးသဖြင့် အချစ်စိတ်တွေမှာပေါ့ …။

လူတစ်ယောက်နဲ့တစ်ယောက် ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာတရားတွေဟာ ဆန်းကျယ်သလိုပဲ အဲဒီချစ်ခြင်းတရားတွေ ပျောက်ကင်းသွားဖို့ဆိုတာလည်း သိပ်ကို လွယ်ကူလှပါတယ် …။

ဒါဆိုရင် သင့်ချစ်သူဟာ သင့်အပေါ်မှာ အချစ်စိတ်တွေ ကုန်ခမ်းနေပြီလားဆိုတာ ဒီအချက် ၅ ချက်နဲ့ စမ်းစစ်ကြည့်လိုက်ရအောင်နော် …။

(၁) အားမထုတ်တော့ဘူး”

သင်တို့နှစ်ယောက်ကြားမှာ ပြဿနာဖြစ်လာတာပဲဖြစ်ဖြစ် အရင်လို ပြန်အဆင်ပြေအောင် ငြှိနှိုင်းတော့မှာမဟုတ်ဘဲ ဒီအတိုင်း ပစ်ထားပါလိမ့်မယ် …။

ဒါမှမဟုတ် သင်နဲ့အတူတူရှိနေဖို့အတွက် ဘယ်လိုအားထုတ်မှုမျိုးကိုမှ မလုပ်တော့ပါဘူး။ အရမ်းသိသာ လာပါလိမ့်မယ် …။

(၂) ရင်ဘတ်ချင်း မရင်းနှီးကြတော့ဘူး”

သင်နဲ့သူနဲ့ အရင်တုန်းက ပုံမှန်လေးတွေ့မယ်၊ သူနဲ့ကိုယ်နဲ့ စကားလုံးတွေနဲ့ မဖော်ပြဘဲနဲ့ မျက်လုံးအကြည့်နဲ့တောင်မှပဲ ဘာပြောသလဲ နားလည်နေမယ်ပေါ့လေ …။

ဒါပေမဲ့လည်း အခုနောက်ပိုင်း အဲလိုတွေ မရှိတော့ပါဘူး။ အမြဲတမ်း ဘုနဲ့ဘောက်ပြောနေမယ်၊ စိတ်သဘောထားချင်းတွေ လွဲနေမယ်ဆိုရင် သေချာနေပါပြီ၊ သင့်ကိုသူ မချစ်တော့လို့ပါပဲ …။

(၃) သင့်ကို အချိန်သိပ်မပေးတော့ဘူး”

အရင်လိုတွေ့နေကျမဟုတ်ဘဲနဲ့ သင့်ထက် သူ့သူငယ်ချင်းတွေကို ပိုအချိန်ပေးနေမယ်၊ အားလည်းပဲ မအားဘူးဆိုပြီး ပြောကာ သင့်ကို ရှောင်ဖယ်နေပါလိ့မ်မယ် …။

လူတွေက ကိုယ်မချစ်တော့တဲ့ လူနဲ့ နည်းနည်းလေးတောင် ဟန်ဆောင်ပြီး မချစ်ပြနိုင်ကြပါဘူး …

(၄) အနာဂတ်အကြောင်း တစ်ခွန်းမှမဟတော့ဘူး”

တကယ်ချစ်တဲ့လူဟာ သင်နဲ့ပတ်သက်ပြီးတော့ အမြဲတမ်း သေချာတဲ့အနာဂတ်ရှိအောင် အမြဲတမ်းကြိုးစားနေမယ့် သူပါ …။

သင်နဲ့လည်း အနာဂတ်အကြောင်းတွေ အမြဲတမ်း တိုင်ပင်ဆွေးနွေးပြီး အကြံတွေတောင်းပြီးတော့ နီးနီးကပ်ကပ်နေလာရင်းနဲ့မှ ရုတ်တရက်ဆိုသလို အနာဂတ်အကြောင်းကို လုံးဝမပြောတော့တာမျိုးပါ …။

(၅) အမြဲတမ်းရန်မဖြစ်ဖြစ်အောင် လုပ်နေတယ်”

သင့်ကို မချစ်ပေမယ့်လည်း လမ်းခွဲရမှာ အားနာတာ၊ သနားတာတွေကြောင့် သင့်ကိုပြတ်ဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ် …။

ဒါကြောင့် ရန်မဖြစ်ဖြစ်အောင် လုပ်မယ်၊ ရန်ရှာမယ်၊ ပြဿနာတွေရှာမယ် စသဖြင့် လုပ်တတ်ကြပါတယ်နော် …။ ။

Penny