အေရာင္မညီညာဘဲ ညစ္ေထးေထးျဖစ္ေနတဲ့အသားအေရကို ၾကည္သန္႔သြားေစမယ့္နည္း(၄)မ်ိဳး

အေရာင္မညီညာဘဲ ညစ္ေထးေထးျဖစ္ေနတဲ့အသားအေရကို ၾကည္သန္႔သြားေစမယ့္နည္း(၄)မ်ိဳး

စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်

ပ်ိဳေမတို႕မ်က္ႏွာအသားအေရာင္ မညီမညာျဖစ္ေနတာ၊ မိတ္ကပ္ပံုမွန္ ဖ်က္ေပမယ္၊ မ်က္နွာသစ္ေဆး ေကာင္းေကာင္းေတြ သံုးေပမယ့္၊ မ်က္နွာေပၚက အညစ္အေၾကးေတြ ေကာင္းေကာင္း မသန္႕စင္ဘူးလို႕ခံစားရတယ္ …၊

Skin care ပံုမွန္လုပ္ေပမယ့္ အသားအေရက ၾကည္လင္မႈမရွိဘူး၊ အသားအေရာင္ မညီညာဘူးဆိုရင္ အခုေဖာ္ျပမယ့္ ေၾကးခြ်တ္ေပါင္းတင္ နည္းလမ္းေလးေတြကို အိမ္မွာတင္ လုပ္ၾကည့္ပါ …။

(၁) နႏြင္းမႈန္႕ေပါင္းတင္နည္း”

နႏြင္းမႈန္႕မွာ ပါဝင္တဲ့ ဗီတာမင္ စီ ပမာဏ အနည္းငယ္က အသားအေရညစ္ေထးေနတာကို ျပန္လည္ၾကည္လင္ေစျပီး အသားအေရာင္ မညီညာတာကို ညွိေပးနိုင္တဲ့ အစြမ္းရွိပါတယ္ …။

နႏြင္းမႈန္႕တစ္ဇြန္းကို ရွားေစာင္းလက္ပပ္ အႏွစ္ႏွစ္ဇြႏ္းနဲ႕ေရာျပီး ရလာတဲ့ အႏွစ္ကို မ်က္နွာအႏံွ႕ပြတ္လိမ္းေပးကာ နာရီဝက္ေလာက္ ထားေပးျပီး ေရေႏြးေလးနဲ႕ေဆးခ်ေပးလိုက္ပါ …။

ညအိပ္ရာဝင္ခါနီး မ်က္နွာသစ္တိုင္း ဒါေလးကို လုပ္ေပးလိုက္မယ္ ဆိုရင္ တစ္လေလာက္ၾကာရင္ ညီညာျဖဴသန္႕ေနတဲ့ မ်က္နွာအသား အေရေလးကို ရရိွပါလိမ့္မယ္ …။

(၂) သေဘၤာသီး”

သေဘာၤသီးမွည့္ ကိုေခ်ျပီးမ်က္နွာေပၚမွာ ထူထူေလး လိမ္းထားလိုက္ပါ။ မိနစ္ ၂၀ ေလာက္ၾကာရင္ ေရေႏြးေလးနဲ႕မ်က္နွာသစ္ေပးျပီး အစိုဓာတ္ျဖည့္ခရင္မ္ လိမ္းေပးလိုက္ပါ …။

ညတိုင္းလုပ္ေပးရံုနဲ႕ မ်က္နွာအသားအေရ သိသိသာသာ ၾကည္လင္လာျပီး အသားအေရာင္ကလည္း ညီညာလာတာကို ေတြ႕ရပါလိမ့္မယ္ေနာ္ …။

(၃) ရွားေစာင္းလက္ပပ္၊သံပရို”

ရွားေစာင္းလက္ပပ္ အႏွစ္ ႏွစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္း၊ သံပရိုရည္ အနည္းငယ္တို႕ကိုေ ရာေမႊျပီး မ်က္နွာအႏွံ႕ လိမ္းေပးကာ နာရီဝက္ေလာက္ၾကာရင္ မ်က္ႏွာသစ္ေပးပါ …။

တစ္ေန႕တစ္ၾကိမ္ ပံုမွန္လုပ္ေပးသြားရင္ အသားအေရညစ္ေထးတာေတြကို သန္႕စင္ေပးျပီး မ်က္ႏွာေလးကို ဝင္းပသြားေစမွာ ျဖစ္ပါတယ္ …။

(၄) ပ်ားရည္၊ဒိန္ခ်ဥ္”

ဒိန္ခ်ဥ္ႏွစ္ဇြန္း၊ ပ်ားရည္တစ္ ဇြန္းကိုေရာျပီး မ်က္ႏွာအႏွံ႕လိမ္းကာ မိနစ္ ႏွစ္ဆယ္ၾကာရင္ ေရေႏြးေလးနဲ႕ မ်က္ႏွာသစ္ေပးပါ …။

တစ္ေန႕တစ္ၾကိမ္ ပံုမွန္လုပ္ေပးသြားရင္ အသားအေရမညီညာ ညစ္ေထးေထးျဖစ္ေနတာကို ညီေအာင္ညွိေပးျပီး သိသိသာသာ ျဖဴဝင္းလာတာကိုေတြ႕ရမွာပါေနာ္ …။ ။

Credit To Original

Unicode Version ဖြင့်ဖတ်ရန်

အရောင်မညီညာဘဲ ညစ်ထေးထေးဖြစ်နေတဲ့အသားအရေကို ကြည်သန့်သွားစေမယ့်နည်း(၄)မျိုး

ပျိုမေတို့မျက်နှာအသားအရောင် မညီမညာဖြစ်နေတာ၊ မိတ်ကပ်ပုံမှန် ဖျက်ပေမယ်၊ မျက်နှာသစ်ဆေး ကောင်းကောင်းတွေ သုံးပေမယ့်၊ မျက်နှာပေါ်က အညစ်အကြေးတွေ ကောင်းကောင်း မသန့်စင်ဘူးလို့ခံစားရတယ် …၊

Skin care ပုံမှန်လုပ်ပေမယ့် အသားအရေက ကြည်လင်မှုမရှိဘူး၊ အသားအရောင် မညီညာဘူးဆိုရင် အခုဖော်ပြမယ့် ကြေးချွတ်ပေါင်းတင် နည်းလမ်းလေးတွေကို အိမ်မှာတင် လုပ်ကြည့်ပါ …။

(၁) နနွင်းမှုန့်ပေါင်းတင်နည်း”

နနွင်းမှုန့်မှာ ပါဝင်တဲ့ ဗီတာမင် စီ ပမာဏ အနည်းငယ်က အသားအရေညစ်ထေးနေတာကို ပြန်လည်ကြည်လင်စေပြီး အသားအရောင် မညီညာတာကို ညှိပေးနိုင်တဲ့ အစွမ်းရှိပါတယ် …။

နနွင်းမှုန့်တစ်ဇွန်းကို ရှားစောင်းလက်ပပ် အနှစ်နှစ်ဇွန်းနဲ့ရောပြီး ရလာတဲ့ အနှစ်ကို မျက်နှာအနှံ့ပွတ်လိမ်းပေးကာ နာရီဝက်လောက် ထားပေးပြီး ရေနွေးလေးနဲ့ဆေးချပေးလိုက်ပါ …။

ညအိပ်ရာဝင်ခါနီး မျက်နှာသစ်တိုင်း ဒါလေးကို လုပ်ပေးလိုက်မယ် ဆိုရင် တစ်လလောက်ကြာရင် ညီညာဖြူသန့်နေတဲ့ မျက်နှာအသား အရေလေးကို ရရှိပါလိမ့်မယ် …။

(၂) သင်္ဘောသီး”

သဘောင်္သီးမှည့် ကိုချေပြီးမျက်နှာပေါ်မှာ ထူထူလေး လိမ်းထားလိုက်ပါ။ မိနစ် ၂၀ လောက်ကြာရင် ရေနွေးလေးနဲ့မျက်နှာသစ်ပေးပြီး အစိုဓာတ်ဖြည့်ခရင်မ် လိမ်းပေးလိုက်ပါ …။

ညတိုင်းလုပ်ပေးရုံနဲ့ မျက်နှာအသားအရေ သိသိသာသာ ကြည်လင်လာပြီး အသားအရောင်ကလည်း ညီညာလာတာကို တွေ့ရပါလိမ့်မယ်နော် …။

(၃) ရှားစောင်းလက်ပပ်၊သံပရို”

ရှားစောင်းလက်ပပ် အနှစ် နှစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊ သံပရိုရည် အနည်းငယ်တို့ကိုရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးကာ နာရီဝက်လောက်ကြာရင် မျက်နှာသစ်ပေးပါ …။

တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရင် အသားအရေညစ်ထေးတာတွေကို သန့်စင်ပေးပြီး မျက်နှာလေးကို ဝင်းပသွားစေမှာ ဖြစ်ပါတယ် …။

(၄) ပျားရည်၊ဒိန်ချဉ်”

ဒိန်ချဉ်နှစ်ဇွန်း၊ ပျားရည်တစ် ဇွန်းကိုရောပြီး မျက်နှာအနှံ့လိမ်းကာ မိနစ် နှစ်ဆယ်ကြာရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပါ …။

တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရင် အသားအရေမညီညာ ညစ်ထေးထေးဖြစ်နေတာကို ညီအောင်ညှိပေးပြီး သိသိသာသာ ဖြူဝင်းလာတာကိုတွေ့ရမှာပါနော် …။ ။

Credit To Original