ေခါင္းမာတဲ့မိန္းကေလးေတြကိုမွ ေယာက်ာ္းေလးေတြအ႐ူးအမူးခ်စ္မိတာဒီအခ်က္ေတြေၾကာင့္ပါ…

ေခါင္းမာတဲ့မိန္းကေလးေတြကိုမွ ေယာက်ာ္းေလးေတြအ႐ူးအမူးခ်စ္မိတာဒီအခ်က္ေတြေၾကာင့္ပါ…

ေခါင္းမာတဲ့သူေလးေတြဟာ တခါတေလ ေျပာရဆိုရခက္လြန္းတာေၾကာင့္ သူတို႕ကို စိတ္ရွည္တဲ့သူဆိုတာ နည္းနည္းေတာ့ ရွားပါတယ္ …။

ဒါေပမယ့္ ေယာက်ာ္းေလးေတြကေတာ့ ေခါင္းမာတဲ့ မိန္းကေလးေတြကုိ ခ်စ္မိတဲ့အခါ အရူးအမူးျဖစ္ေလာက္ေအာင္ ခ်စ္မိသြားတတ္ၾကပါတယ္ …။

အဲ့ဒါကေတာ့ ဒီလိုအေၾကာင္းရင္းေတြေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္ …။

(၁) ေခါင္းပဲမာတာ နွလံုးသားကေတာ့ ႏူးညံ့လြန္းလို႔”

ေခါင္းမာတဲ့သူေလးေတြဟာ နွလံုးသားကေတာ့ တျခားသူေတြထက္ ပိုျပီး ႏူးညံ့ပါတယ္ …။

သူတို႕ရဲ႕ ကိုယ္ပိိုင္ခံယူခ်က္၊ အေတြးအျမင္နဲ႕ပတ္္သက္လို႕ ခိုင္ခိုင္မာမာ ရပ္တည္တာမ်ိဳးရွိသလို အဆင္မေျပတဲ့သူေတြ ေတြ႕ရင္လည္း သူမ်ားထက္ ပိုသနားေနတတ္တာမ်ိဳးပါ …။

စိတ္ထိခိုက္စရာျမင္ကြင္းမ်ိဳးကိုျမင္တဲ့အခါ၊ စိတ္ထိခိုက္စရာ အေၾကာင္းအရာတစ္ခုကိို ၾကားလိုက္ရတဲ့ အခါေတြမွာ ၀မ္းနည္းတတ္လြန္းသူေလးေတြလည္း ျဖစ္ပါတယ္ …။

(၂) စစ္မွန္တဲ့သူတစ္ေယာက္”

ေခါင္းမာေပမယ့္ အပိုေတြ မလုပ္ဘူး၊ အပိုစကားေတြမေျပာဘူး၊ သူတို႔ ရဲ႕အားနည္းခ်က္ကို ထုတ္ေျပာျပီး လူေတြ သနားေအာင္မလုပ္ဘူး၊ အရွိကို အရွိအတိုင္း ဖြင့္ေျပာတတ္ျပီး သူခ်စ္ရတဲ့သူအေပၚမွာလည္း အျမဲရိုးသားတဲ့သူလို႕ ေျပာလို႕ရပါတယ္ …။

(၃) ကိုယ့္ကိုယ္ကို ယံုၾကည္မႈအျပည့္ရွိတဲ့သူ”

ေခါင္းမာတယ္ဆိုတာ ကိုယ့္ခံယူခ်က္၊ ကိုယ့္အေတြးအျမင္အယူအဆေတြနဲ႕ ပတ္သက္ျပီး ယံုၾကည္မႈ ရွိတာပါ …။

ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိတဲ့ သူတစ္ေယာက္ကို ခ်စ္မိတဲ့သူကလည္း သက္ေတာင့္သက္သာ ခံစားခ်က္မိ်ဳးကို ခံစားရေစပါတယ္ …။

(၄) အခ်စ္ၾကီးတဲ့သူ”

ေခါင္းမာတဲ့ သူတစ္ေယာက္က အခ်စ္အတြက္လည္း ေခါင္းမာပါတယ္ …။

သူခ်စ္တဲ့သူက ဘာပဲျဖစ္ေနပါေစ၊ သူခ်စ္ေနေသးသေရြ႕ ဘယ္သူကမွ တားလို႕မရပါဘူး …။

ျပီးေတာ့ သူ႕ခ်စ္သူကိုလည္း သူမ်ားေတြနဲ႕မတူေအာင္ကို အေသးအမႊားေလးကအစ ဂရုစိုက္နိုင္တာ အဲ့ဒီေခါင္းမာသူေလးေတြပါပဲေနာ္ …။

 

(၅) စိတ္၀င္စားဖို႕ေကာင္းတယ္”

ေခါင္းမာတဲ့သူေတြက သူတို႕ခံယူခ်က္တစ္ခုအတြက္ အခိုုင္အမာ ရပ္တည္နိုင္ျပီး ျငင္းခုန္တတ္ၾကပါတယ္ …။

ကိုယ္ပိုင္အယူအဆ၊ အေတြးအေခၚေတြ ရွိတာေၾကာင့္ စိတ္၀င္စားဖို႕ေကာင္းတဲ့ သူေတြလုိ႕ ေျပာလို႕ရပါတယ္ …။

သူတို႕နဲ႕ စကားေျပာတဲ့အခါတိုင္း ကိုယ္မေတြးတဲ့ ရႈေထာင့္က ကိုယ္မျမင္တဲ့ဘက္က ေတြးနိုင္၊ ျမင္နိုင္ၾကတာေၾကာင့္ စိတ္၀င္စားစရာ အေၾကာင္းအရာေလးေတြ ျဖစ္သြားတတ္ပါတယ္ …။

ေခါင္းမာတဲ့သူေတြ ျငင္းခုန္္တတ္တယ္ဆိုေပမယ့္ ကိုယ္ထင္တာမွ အမွန္္ဆိုျပီး တစ္ဖက္သတ္တည္း ဇြတ္ျငင္းေနတာမ်ိဳး မဟုတ္ပါဘူးေနာ္၊ က်ိဳးေၾကာင္းဆီေလ်ာ္စြာ ျငင္းတာမ်ိဳး ျဖစ္ပါတယ္ …။ ။

Credit – MAY THAZINHTOO

Unicode Version

ခေါင်းမာတဲ့မိန်းကလေးတွေကိုမှ ယောက်ျားလေးတွေအရူးအမူးချစ်မိတာဒီအချက်တွေကြောင့်ပါ…

ခေါင်းမာတဲ့သူလေးတွေဟာ တခါတလေ ပြောရဆိုရခက်လွန်းတာကြောင့် သူတို့ကို စိတ်ရှည်တဲ့သူဆိုတာ နည်းနည်းတော့ ရှားပါတယ် …။

ဒါပေမယ့် ယောက်ျားလေးတွေကတော့ ခေါင်းမာတဲ့ မိန်းကလေးတွေကို ချစ်မိတဲ့အခါ အရူးအမူးဖြစ်လောက်အောင် ချစ်မိသွားတတ်ကြပါတယ် …။

အဲ့ဒါကတော့ ဒီလိုအကြောင်းရင်းတွေကြောင့်ပဲ ဖြစ်ပါတယ်နော် …။

(၁) ခေါင်းပဲမာတာ နှလုံးသားကတော့ နူးညံ့လွန်းလို့”

ခေါင်းမာတဲ့သူလေးတွေဟာ နှလုံးသားကတော့ တခြားသူတွေထက် ပိုပြီး နူးညံ့ပါတယ် …။

သူတို့ရဲ့ ကိုယ်ပိုင်ခံယူချက်၊ အတွေးအမြင်နဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ ရပ်တည်တာမျိုးရှိသလို အဆင်မပြေတဲ့သူတွေ တွေ့ရင်လည်း သူများထက် ပိုသနားနေတတ်တာမျိုးပါ …။

စိတ်ထိခိုက်စရာမြင်ကွင်းမျိုးကိုမြင်တဲ့အခါ၊ စိတ်ထိခိုက်စရာ အကြောင်းအရာတစ်ခုကို ကြားလိုက်ရတဲ့ အခါတွေမှာ ဝမ်းနည်းတတ်လွန်းသူလေးတွေလည်း ဖြစ်ပါတယ် …။

(၂) စစ်မှန်တဲ့သူတစ်ယောက်”

ခေါင်းမာပေမယ့် အပိုတွေ မလုပ်ဘူး၊ အပိုစကားတွေမပြောဘူး၊ သူတို့ ရဲ့အားနည်းချက်ကို ထုတ်ပြောပြီး လူတွေ သနားအောင်မလုပ်ဘူး၊ အရှိကို အရှိအတိုင်း ဖွင့်ပြောတတ်ပြီး သူချစ်ရတဲ့သူအပေါ်မှာလည်း အမြဲရိုးသားတဲ့သူလို့ ပြောလို့ရပါတယ် …။

(၃) ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့သူ”

ခေါင်းမာတယ်ဆိုတာ ကိုယ့်ခံယူချက်၊ ကိုယ့်အတွေးအမြင်အယူအဆတွေနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိတာပါ …။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သူတစ်ယောက်ကို ချစ်မိတဲ့သူကလည်း သက်တောင့်သက်သာ ခံစားချက်မျိုးကို ခံစားရစေပါတယ် …။

(၄) အချစ်ကြီးတဲ့သူ”

ခေါင်းမာတဲ့ သူတစ်ယောက်က အချစ်အတွက်လည်း ခေါင်းမာပါတယ် …။

သူချစ်တဲ့သူက ဘာပဲဖြစ်နေပါစေ၊ သူချစ်နေသေးသရွေ့ ဘယ်သူကမှ တားလို့မရပါဘူး …။

ပြီးတော့ သူ့ချစ်သူကိုလည်း သူများတွေနဲ့မတူအောင်ကို အသေးအမွှားလေးကအစ ဂရုစိုက်နိုင်တာ အဲ့ဒီခေါင်းမာသူလေးတွေပါပဲနော် …။

(၅) စိတ်ဝင်စားဖို့ကောင်းတယ်”

ခေါင်းမာတဲ့သူတွေက သူတို့ခံယူချက်တစ်ခုအတွက် အခိုင်အမာ ရပ်တည်နိုင်ပြီး ငြင်းခုန်တတ်ကြပါတယ် …။

ကိုယ်ပိုင်အယူအဆ၊ အတွေးအခေါ်တွေ ရှိတာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ သူတွေလို့ ပြောလို့ရပါတယ် …။

သူတို့နဲ့ စကားပြောတဲ့အခါတိုင်း ကိုယ်မတွေးတဲ့ ရှုထောင့်က ကိုယ်မမြင်တဲ့ဘက်က တွေးနိုင်၊ မြင်နိုင်ကြတာကြောင့် စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေ ဖြစ်သွားတတ်ပါတယ် …။

ခေါင်းမာတဲ့သူတွေ ငြင်းခုန်တတ်တယ်ဆိုပေမယ့် ကိုယ်ထင်တာမှ အမှန်ဆိုပြီး တစ်ဖက်သတ်တည်း ဇွတ်ငြင်းနေတာမျိုး မဟုတ်ပါဘူးနော်၊ ကျိုးကြောင်းဆီလျော်စွာ ငြင်းတာမျိုး ဖြစ်ပါတယ် …။ ။

Credit – MAY THAZINHTOO