စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
Credit – Julia
Unicode Version ဖြင့်ဖတ်ရန်
လူသိနည်းသော သောကြာသားသမီးတွေရဲ့ အားသာချက်…
သောကြာသားသမီးလေးတွေဟာ အဆို၊ ပန်းချီလိုမျိုး အနုပညာအလုပ်တွေကို အထူးခုံမင်နှစ်သက်သလို ထူးကဲတဲ့ ပါရမီလည်း ပါလာတတ်သူတွေ ဖြစ်ကြပါတယ် …။
သူတို့ဟာ ပျော်ပျော်နေတတ်သျူတွေ ဖြစ်တဲ့အပြင် ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်သူပါ။ ဒါပေမယ့် အချစ်ရေးမှာတော့ အရမ်းကို ထိရှလွယ်တဲ့ သူတွေလည်း ဖြစ်ပါတယ် …။
သောကြာသားသမီးလေးတွေဟာ စိတ်ခံစားချက် ပြင်းထန်တဲ့ သူတွေဖြစ်တဲ့ အလျောက် အသည်းကွဲတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်မှုတွေ ပေးသွားတဲ့အခါမှာ လွယ်လွယ်နဲ့ပြန်ပြီး မကုစားနိုင် တတ်ကြပါဘူး …။
သင်ဟာမိန်းကလေးတစ်ယောက်ဆိုရင် သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကို စာနာနားလည်ပေးတတ်လွန်းလို့ သင့်မှာအပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေမှာပါ …။
သောကြာသားသမီးတွေဟာ စကားကို သွယ်ဝိုက်မပြောပဲ တိုက်ရိုက်ပြောတတ်သူတွေဖြစ်ပြီး မဟုတ်မခံချင်စိတ် အပြည့်ရှိတဲ့ သူတွေပဲ ဖြစ်ပါတယ် …။
သောကြာသားသမီးတွေဟာ သူငယ်ချင်း အပေါင်းအသင်းတွေကြား၊ ဆန့်ကျင်ဘက်လိင်တွေကြားမှာ အရမ်းကိုပေါ်ပြူလာဖြစ်ပြီး ဖော်ရွေသလောက် မိသားစုတွေနဲ့တော့ သိပ်ပြီး မတည့်တဲ့ သူလေးတွေပါ …။
သောကြာသားသမီးတွေဟာ လွယ်လွယ်နဲ့ ကျရှုံးတတ်တဲ့သူတွေ မဟုတ်ပါဘူး။ အရမ်းမျှော်လင့်ထားတဲ့ အရာတစ်ခုခု၊ အလေးအနက်ထားတဲ့ အရာတစ်ခုခုက ကိုယ်ထင်ထားသလို ဖြစ်မလာခဲ့ရင် အချိန်တွေအကြာကြီး စိတ်ထိခိုက် ကြေကွဲတတ်တဲ့ သူတွေပါ …။
သောကြာသားသမီးလေးတွေမှာ တစ်ခုခုဆို အလိုလိုကြိုပြီး သိနေတတ်တဲ့ ဆဋ္ဌမအာရုံရှိနေတတ်ပြီး သူတို့တွေးထင်ထားတဲ့ အရာတွေဆို မှန်နေတတ်ပါတယ် …။
သောကြာသားသမီးတွေဟာ အရမ်းကို လိမ္မာပါးနပ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ထက် အသက်အရွယ်ကြီးတဲ့ သူတွေထက်တောင် တစ်ချို့နေရာတွေမှာ ပိုပြီး ပညာရှိတတ်ကြပါတယ် …။ ။
Credit – Julia