မျဖစ္မေန လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္လိုက္သင့္တဲ့ ေယာက်ၤားေကာင္းဆိုတာ ဒီလိုမ်ိဳးပါ

မျဖစ္မေန လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္လိုက္သင့္တဲ့ ေယာက်ၤားေကာင္းဆိုတာ ဒီလိုမ်ိဳးပါ

မိန္းကေလးေတြအတြက္ လက္တြဲေဖာ္ေကာင္းတစ္ေယာက္ဆိုတာ ဘဝရဲ႕ တစ္စိတ္တစ္ပိုင္း အျဖစ္ အေရးႀကီးပါတယ္။

ကိုယ့္ရဲ႕ ေပ်ာ္ရႊင္မႈ၊ ဝမ္းနည္းမႈေတြနဲ႔ အလုပ္ေတြမွာပါ အဆင္ေျပေစဖို႔ လက္တြဲေဖာ္ေကာင္းဆိုတာ လိုအပ္ပါတယ္။

လက္တြဲေဖာ္ဆိုတာ ကိုယ့္ရဲ႕ တစ္ဘဝလံုး အတူေနသြားမယ့္ သူအျဖစ္ ေရြးရမွာ ျဖစ္လို႔ ခ်စ္သူထားတဲ့အခါမွာ ကိုယ့္တစ္ဘဝလံုး ေရြးခ်ယ္သင့္တဲ့သူလားဆိုတာကို အကဲခတ္သင့္ပါတယ္။

ဒီလို အကဲခတ္တဲ့အခါ ေအာက္မွာ ေဖာ္ျပထားတဲ့ အခ်က္ေတြ ရွိတဲ့ ေကာင္ေလးမ်ိဳးကို ေတြ႔ေနၿပီဆိုရင္ေတာ့ အေတြးမမွားဘဲ လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္လိုက္သင့္ပါတယ္။

(1) သစၥာရွိတယ္

အခ်စ္ေတြ ေပါမ်ားလြန္းတဲ့ ေခတ္ႀကီးထဲမွာ သစၥာရွိတယ္ဆိုတဲ့ သူမ်ိဳးက တကယ့္ကို အဖိုးတန္ပါတယ္။ ကိုယ့္ခ်စ္သူကလြဲရင္ ဘယ္မိန္းကေလးမ်က္ႏွာကိုမွ ခ်စ္သူလိုမ်ိဳး မၾကည့္ဘူးဆိုတဲ့ အမ်ိဳးသားတစ္ေယာက္ကို ခ်စ္သူ ေတာ္ခြင့္ရတာေလာက္ ကံေကာင္းတာမ်ိဳး မရွိေတာ့ပါဘူး။

မခ်စ္ေတာ့ခ်ိန္မွာ ပြင့္ပြင့္လင္းလင္း ေျပာႏုိင္ၿပီး ခ်စ္ေနတဲ့အခ်ိန္မွာ သစၥာရွိတဲ့ ေကာင္ေလးေတြက မိန္းကေလးေတြကို စိတ္ရႈပ္တာမ်ိဳး ပိုၿပီး နာက်င္ရတာမ်ိဳး မျဖစ္ေစပါဘူး။ ဒါေၾကာင့္ အိမ္ေထာင္ဖက္အျဖစ္ သင့္ေတာ္တဲ့သူေတြ ျဖစ္ပါတယ္။

(2) ယံုၾကည္ရေစတယ္

မိန္းကေလးဆိုတာ ကိုယ့္ခ်စ္သူကို ခ်စ္မိတဲ့အခါမွာ သံသယေတြ ရွိလာတတ္တာ သဘာဝပဲ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ပူေလာင္မႈမ်ိဳး ရွိမေနေအာင္ ေျဖေလ်ာ့ေပးတတ္တဲ့ ခ်စ္သူမ်ိဳး၊ ကိုယ့္ေနာက္ကြယ္မွာ ကိုယ္စိတ္ပူရမယ့္ အရာေတြကို မျဖစ္ေစတဲ့သူမ်ိဳးေတြက လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္သင့္တဲ့ သူမ်ိဳးေတြပဲ ျဖစ္ပါတယ္။

သူတို႔ေတြက ႏွစ္ဦးၾကားမွာ ယံုၾကည္မႈ တည္ေဆာက္ဖို႔ လိုတယ္လို႔ ေတြးၾကတာေၾကာင့္ အခ်စ္ေရးကို တစ္ခုကို အေလးထားတတ္တဲ့သူမ်ိဳးေတြ ျဖစ္ေနၾကတာပါ။

(3) ဝမ္းနည္းေအာင္ မလုပ္ဘူး

လက္တြဲေဖာ္အျဖစ္ ေရြးတဲ့အခါမ်ိဳးမွာ ကိုယ့္ကို တကယ္ပဲ ခ်စ္တဲ့သူေတြကို ေရြးသင့္ပါတယ္။ ကိုယ့္ကို ခ်စ္တဲ့သူေတြက ကိုယ့္ကို ဝမ္းနည္းရေစမယ့္ ကိစၥမ်ိဳးေတြ မျဖစ္ေစတတ္ပါဘူး။

သစၥာေဖာက္တဲ့အရာမ်ိဳး၊ ကိုယ့္ကို စိတ္ပင္ပန္းေအာင္ ႏွိပ္စက္တတ္တာမ်ိဳးေတြကို တကယ္ ခ်စ္တဲ့သူေတြက မလုပ္တတ္ၾကပါဘူး။ သူတို႔ အတူ ရွိေနရတဲ့အခ်ိန္ေတြမွာ ပင္ပန္းရရင္ေတာင္ ေလာကဓံေၾကာင့္ ျဖစ္ၿပီး သူ႔ေၾကာင့္ မျဖစ္ေစရတဲ့သူမ်ိဳးေတြကို ခ်စ္သူေတာ္ထားရင္ လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္လုိက္သင့္ပါတယ္။

(4) တာဝန္သိတယ္

ေလာကမွာ မေကာင္းတဲ့သူေတြ အမ်ားႀကီး ရွိပါတယ္။ ကိုယ့္က ခ်စ္သူလို႔ ထင္ေပမယ့္ ကိုယ့္ကို အျမတ္ထုတ္မယ့္သူ ျဖစ္ေနတာမ်ိဳး၊ ကိုယ့္ကို အေပ်ာ္သေဘာထားတာမ်ိဳးေတြ ရွိတတ္ပါတယ္။

ကိုယ့္ကို ခ်စ္သူအျဖစ္ တကယ္ေတြးၿပီး ကိုယ္နဲ႔ ပတ္သတ္တာကလည္း သူ႔မွာ တာဝန္ရွိတယ္လို႔ ေတြးထားတတ္တဲ့ ေကာင္ေလးေတြကို ေတြ႔ရင္ေတာ့ မ်က္စိမွိတ္ၿပီးေတာ့ကို ေရြးခ်ယ္လိုက္သင့္ပါတယ္။

(5) အေလးအနက္ထားတယ္

ဆက္ဆံေရးတစ္ခုမွာ တစ္ေယာက္ကို တစ္ေယာက္ အေလးထားဖို႔ လိုအပ္ပါတယ္။ လက္တြဲေဖာ္အျဖစ္ ေရြးမယ္ဆိုရင္ ကိုယ္ကပဲ အေလးထားေပးရတဲ့ သူမ်ိဳး မဟုတ္ဘဲ ကိုယ့္ကိုပါ အေလးအနက္ထားေပးတဲ့သူမ်ိဳးကို ေရြးခ်ယ္သင့္ပါတယ္။

ကိုယ့္ကို သူ႔ရဲ႕ ဘဝအတြက္ တိုင္ပင္တာမ်ိဳး၊ အဝတ္ဝယ္တာကေန သူ႔ရဲ႕ တခ်ိဳ႕ေသာ ဆႏၵေတြကိုပါ တိုင္ပင္တယ္ဆိုရင္ သူက သင့္ကို အၾကံဉာဏ္ကို အေလးထားတယ္ဆိုတဲ့ သေဘာကို ျပေနတာမို႔ သိသင့္ေနပါၿပီ။

Kham

Unicode

မဖြစ်မနေ လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်သင့်တဲ့ ယောင်္ကျားကောင်းဆိုတာ ဒီလိုမျိုးပါ

မိန်းကလေးတွေအတွက် လက်တွဲဖော်ကောင်းတစ်ယောက်ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် အရေးကြီးပါတယ်။

ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေနဲ့ အလုပ်တွေမှာပါ အဆင်ပြေစေဖို့ လက်တွဲဖော်ကောင်းဆိုတာ လိုအပ်ပါတယ်။

လက်တွဲဖော်ဆိုတာ ကိုယ့်ရဲ့ တစ်ဘဝလုံး အတူနေသွားမယ့် သူအဖြစ် ရွေးရမှာ ဖြစ်လို့ ချစ်သူထားတဲ့အခါမှာ ကိုယ့်တစ်ဘဝလုံး ရွေးချယ်သင့်တဲ့သူလားဆိုတာကို အကဲခတ်သင့်ပါတယ်။

ဒီလို အကဲခတ်တဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေ ရှိတဲ့ ကောင်လေးမျိုးကို တွေ့နေပြီဆိုရင်တော့ အတွေးမမှားဘဲ လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်သင့်ပါတယ်။

(1) သစ္စာရှိတယ်

အချစ်တွေ ပေါများလွန်းတဲ့ ခေတ်ကြီးထဲမှာ သစ္စာရှိတယ်ဆိုတဲ့ သူမျိုးက တကယ့်ကို အဖိုးတန်ပါတယ်။ ကိုယ့်ချစ်သူကလွဲရင် ဘယ်မိန်းကလေးမျက်နှာကိုမှ ချစ်သူလိုမျိုး မကြည့်ဘူးဆိုတဲ့ အမျိုးသားတစ်ယောက်ကို ချစ်သူ တော်ခွင့်ရတာလောက် ကံကောင်းတာမျိုး မရှိတော့ပါဘူး။

မချစ်တော့ချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောနိုင်ပြီး ချစ်နေတဲ့အချိန်မှာ သစ္စာရှိတဲ့ ကောင်လေးတွေက မိန်းကလေးတွေကို စိတ်ရှုပ်တာမျိုး ပိုပြီး နာကျင်ရတာမျိုး မဖြစ်စေပါဘူး။ ဒါကြောင့် အိမ်ထောင်ဖက်အဖြစ် သင့်တော်တဲ့သူတွေ ဖြစ်ပါတယ်။

(2) ယုံကြည်ရစေတယ်

မိန်းကလေးဆိုတာ ကိုယ့်ချစ်သူကို ချစ်မိတဲ့အခါမှာ သံသယတွေ ရှိလာတတ်တာ သဘာဝပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ပူလောင်မှုမျိုး ရှိမနေအောင် ဖြေလျော့ပေးတတ်တဲ့ ချစ်သူမျိုး၊ ကိုယ့်နောက်ကွယ်မှာ ကိုယ်စိတ်ပူရမယ့် အရာတွေကို မဖြစ်စေတဲ့သူမျိုးတွေက လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ သူမျိုးတွေပဲ ဖြစ်ပါတယ်။

သူတို့တွေက နှစ်ဦးကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်လို့ တွေးကြတာကြောင့် အချစ်ရေးကို တစ်ခုကို အလေးထားတတ်တဲ့သူမျိုးတွေ ဖြစ်နေကြတာပါ။.

(3) ဝမ်းနည်းအောင် မလုပ်ဘူး

လက်တွဲဖော်အဖြစ် ရွေးတဲ့အခါမျိုးမှာ ကိုယ့်ကို တကယ်ပဲ ချစ်တဲ့သူတွေကို ရွေးသင့်ပါတယ်။ ကိုယ့်ကို ချစ်တဲ့သူတွေက ကိုယ့်ကို ဝမ်းနည်းရစေမယ့် ကိစ္စမျိုးတွေ မဖြစ်စေတတ်ပါဘူး။

သစ္စာဖောက်တဲ့အရာမျိုး၊ ကိုယ့်ကို စိတ်ပင်ပန်းအောင် နှိပ်စက်တတ်တာမျိုးတွေကို တကယ် ချစ်တဲ့သူတွေက မလုပ်တတ်ကြပါဘူး။ သူတို့ အတူ ရှိနေရတဲ့အချိန်တွေမှာ ပင်ပန်းရရင်တောင် လောကဓံကြောင့် ဖြစ်ပြီး သူ့ကြောင့် မဖြစ်စေရတဲ့သူမျိုးတွေကို ချစ်သူတော်ထားရင် လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်သင့်ပါတယ်။

(4) တာဝန်သိတယ်

လောကမှာ မကောင်းတဲ့သူတွေ အများကြီး ရှိပါတယ်။ ကိုယ့်က ချစ်သူလို့ ထင်ပေမယ့် ကိုယ့်ကို အမြတ်ထုတ်မယ့်သူ ဖြစ်နေတာမျိုး၊ ကိုယ့်ကို အပျော်သဘောထားတာမျိုးတွေ ရှိတတ်ပါတယ်။

ကိုယ့်ကို ချစ်သူအဖြစ် တကယ်တွေးပြီး ကိုယ်နဲ့ ပတ်သတ်တာကလည်း သူ့မှာ တာဝန်ရှိတယ်လို့ တွေးထားတတ်တဲ့ ကောင်လေးတွေကို တွေ့ရင်တော့ မျက်စိမှိတ်ပြီးတော့ကို ရွေးချယ်လိုက်သင့်ပါတယ်။

(5) အလေးအနက်ထားတယ်

ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်ကို တစ်ယောက် အလေးထားဖို့ လိုအပ်ပါတယ်။ လက်တွဲဖော်အဖြစ် ရွေးမယ်ဆိုရင် ကိုယ်ကပဲ အလေးထားပေးရတဲ့ သူမျိုး မဟုတ်ဘဲ ကိုယ့်ကိုပါ အလေးအနက်ထားပေးတဲ့သူမျိုးကို ရွေးချယ်သင့်ပါတယ်။

ကိုယ့်ကို သူ့ရဲ့ ဘဝအတွက် တိုင်ပင်တာမျိုး၊ အဝတ်ဝယ်တာကနေ သူ့ရဲ့ တချို့သော ဆန္ဒတွေကိုပါ တိုင်ပင်တယ်ဆိုရင် သူက သင့်ကို အကြံဉာဏ်ကို အလေးထားတယ်ဆိုတဲ့ သဘောကို ပြနေတာမို့ သိသင့်နေပါပြီ။

Kham