စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
(၂) အားမရှိဘူး”
(၃) အစားအသောက်ပုံစံ”
(၄) အအိပ်ပုံစံ”
(၅) ပြဿနာတွေရှိနေတယ်”
(၆) ဟန်ဆောင်တယ်”
(၇) စိတ်နှစ်ထားတတ်တယ်”
Em Em
Unicode Version ဖြင့်ဖတ်ရန်
ဘာမှမဖြစ်သလိုလိုနဲ့ တိတ်တိတ်လေးစိတ်ကျနေတဲ့ သူတွေမှာတွေ့ရမယ့် လက္ခဏာ(၇)ခု…
စိတ်ဓာတ်ကျတယ်ဆိုတာကို ပေါ့သေးသေး အရာတစ်ခုလို့ လုံးဝမမြင်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်ဓာတ်ကျခြင်းဟာ လူတစ်ယောက်ကို ပြင်းထန်စွာ ပြိုလဲသွားစေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုဖြစ်နေလို့ပါပဲ။ The World Health Organization ရဲ့လေ့လာတွေ့ရှိချက်အရ ကမ္ဘာပေါ်က လူပေါင်း သန်း ၃၅၀ ကျော်ဟာ စိတ်ကျရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ် …။
လူတစ်ယောက်က စိတ်ဓာတ်ကျလာပြီဆိုရင် အသေးအမွှားလေးတွေကအစ ထိခိုက်လွယ်လွန်းတာကြောင့် ပတ်ဝန်းကျင်ရဲ့ အားပေးကူညီမှု၊ ဖေးမမှု၊ နားလည်ပေးမှုနဲ့ နွေးထွေးတဲ့ မေတ္တာတရားတွေကို အရမ်းကို လိုအပ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ စိတ်ဓာတ်ကျတဲ့သူတွေမှာ တွေ့ရတဲ့ တူညီတဲ့ လက္ခဏာတွေဖြစ်ပြီး ဒီလက္ခဏာတွေကို တစ်ယောက်ယောက်ဆီမှာ တွေ့မြင်ရတယ်၊ ကိုယ်တိုင်မှာဖြစ်နေတယ်ဆိုရင်တော့ အမြန်ဆုံး ကုသဖို့ လိုအပ်ပါတယ်နော် …။
(၁) တာဝန်ယူမှု နည်းပါးလာမယ်”
စိတ်ကျရောဂါကို ခံစားနေရတဲ့သူတွေဟာ အရာတော်တော်များများကို စိတ်မဝင်စားနိုင်တော့ပါဘူး။ ဒါကြောင့် အလုပ် ဒါမှမဟုတ် ကျောင်း ခဏခဏပျက်တာ၊ သူယူထားတဲ့တာဝန်ကို မကျေတာတွေ ပိုပြီးများလာတော့မှာပဲ ဖြစ်ပါတယ် …။
(၂) အားမရှိဘူး”
စိတ်ကျရောဂါကို ခံစားနေရတဲ့သူတွေဟာ အမြဲတမ်းလိုလို မှိုင်နေတာ၊ စိတ်မပါတာ၊ အားမရှိဘဲ နွမး်လျနေတဲ့ ပုံစံမျိုးတွေ ဖြစ်နေမှာပါ။ ဖျတ်လတ် တက်ကြွမှုတွေကို သူတို့ဆီမှာ အများအားဖြင့် မတွေ့ရတတ်ပါဘူး …။
(၃) အစားအသောက်ပုံစံ”
စိတ်ကျနေတဲ့ သူတစ်ယောက်ဟာ အစားအသောက်ပုံစံမှာလည်း မူမမှန်တော့ပါဘူး။ လူတစ်ယောက်က ပုံမှန်ထက် အရမး်စားနေတယ်၊ ဒါမှမဟုတ် အစားအသောက် အရမး်နည်းနေတယ်ဆိုရင်တော့ စိတ်ကျနေတာ ဖြစ်နိုင်ပါတယ်။ စိတ်ကျခြင်းဟာ လူတစ်ယောက်ရဲ့ စားသောက်ချင်စိတ်အပေါ်ကို အများကြီး သက်ရောက်နိုင်လို့ပါပဲ …။
(၄) အအိပ်ပုံစံ”
စိတ်ကျနေတဲ့သူတစ်ယောက်ဟာ ညဘက်အိပ်မပျော်ဖြစ်တာ ပိုများပါတယ်။ အနုတ်သဘောဆောင်တဲ့ အတွေးတွေနဲ့ ခံစားချက်တွေက သူတို့ကို အိပ်မပျော်နိုင်လောက်တဲ့အထိ နိုးကြားနေစေလို့ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ခံစားချက်တွေက ညဘက်မှာ ပိုပြီးတော့ ပြင်းထန်တတ် ကြပါတယ် …။
(၅) ပြဿနာတွေရှိနေတယ်”
စိတ်ကျတဲ့သူတွေမှာ လူမှုရေးပြဿနာတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် သစ္စာဖောက်တွေ၊ အလွဲသုံးစားလုပ်တဲ့သူတွေနဲ့ ပတ်သက်နေရပြီး သူတို့အရမ်း ယုံကြည်ရတဲ့သူတွေက သူတို့ကို ဒဏ်ရာပေးတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒီလို လူတွေဟာ စိတ်ကျနိုင်ခြေ အများဆုံးပဲ ဖြစ်ပါတယ် …။
(၆) ဟန်ဆောင်တယ်”
စိတ်ကျနေတဲ့သူတွေဟာ အမြဲလိုလို ဟန်ဆောင်ပြီးပြုံးနေတတ်တဲ့သူတွေပါ။ သူတို့မှာ အဆင်မပြေတာတွေ ဘယ်လောက်များများ၊ စိတ်သောကတွေ ဘယ်လောက်များများ ဘာမှမဖြစ်သလို ဟန်ဆောင်တတ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ခံစားချက်တွေ၊ စိတ်ဒဏ်ရာတွေကို ရိပ်မိဖို့ ဆိုတာ အရမး်ခက်ပါတယ် …။
(၇) စိတ်နှစ်ထားတတ်တယ်”
စိတ်ကျတဲ့သူတစ်ချို့ဟာ စိတ်ဓာတ်ကျလာပြီဆိုရင် အလုပ်တစ်ခုခုကို စိတ်နှစ်ပြီးလုပ်တတ်ကြပါတယ်။ မကောငး်တဲ့ အတွေးတွေ ဝင်လာမှာစိုးလို့ တမင်မေ့ချင်ယောင်ဆောင်ပြီး အလုပ်တစ်ခုခုမှာ စိတ်ရောကိုယ်ပါမြှုပ်နှံပြီး လုပ်ကိုင်တတ်ကြပါတယ်တဲ့ …။ ။
Em Em