သင့္ေမြးရက္ေပၚလိုက္ၿပီးေတာ့ ကံေကာင္းေစမယ့္ အေရာင္မ်ားနဲ႔ ေရွာင္ရမယ့္အေရာင္မ်ား

သင့္ေမြးရက္ေပၚလိုက္ၿပီးေတာ့ ကံေကာင္းေစမယ့္ အေရာင္မ်ားနဲ႔ ေရွာင္ရမယ့္အေရာင္မ်ား

တစ္ခါတစ္ေလ သဘာဝလြန္အေၾကာင္းအရာမ်ိဳးေတြဆိုတာ မယံုလို႔လည္းမရပါဘူး။

ဒီေတာ့ လိုအပ္တဲ့အခါမ်ိဳးမွာ အသံုးခ်ႏုိင္ဖို႔အတြက္ သင့္ရဲ႕ေမြးရက္နဲ႔လိုုက္ၿပီးေတာ့ ကံေကာင္းေစမယ့္အေရာင္ေတြက ဘယ္လိုမ်ိဳးေတြလဲ၊ အေရးႀကီးတဲ့အခ်ိန္မ်ိဳးေတြမွာ ေရွာင္ရမယ့္အေရာင္ေတြဟာ ဘယ္လိုအေရာင္ေတြျဖစ္မလဲဆိုတာေလးကို ေဖာ္ျပေပးသြားမွာပါ။

ကိုယ္ေမြးတဲ့ရက္ေလးနဲ႔လိုက္ၿပီး ရွာရံုပဲေနာ္။

၁ ရက္ေန႔၊ ၁၀ ရက္၊ ၁၉ နဲ႔ ၂၈ ရက္

ေနရဲ႕လြႊမ္းမိုးမႈေအာက္မွာ ေရာက္ေနတဲ့ ၁ ကဏန္းသမားေတြဟာ လိေမၼာ္ေရာင္၊ အဝါနဲ႔ ေရႊေရာင္ေတြကို သံုးႏုိ္င္ပါတယ္။ အမည္းနဲ႔အနီတို႔ကိုေတာ့ ေရွာင္ရွားပါေနာ္။

၂ ရက္ေန႔၊ ၁၁ ရက္၊ ၂၀ နဲ႔ ၂၉ ရက္

၂ ကဏန္းသမားေတြဟာ သဘာဝႀကီးရဲ႕အုပ္စိုးမႈေအာက္ကို ေရာက္ေနတဲ့အတြက္ေၾကာင့္ အစိမ္းေရာင္ဟာ သူတုိ႔အတြက္ ကံအေကာင္းဆံုးအေရာင္ေတြပါပဲ။

ဒီအျပင္ သဘာဝအေရာင္ေတြထဲ ပါဝင္ေနတဲ့ အျပာေရာင္၊ ႏို႔ႏွစ္ေရာင္နဲ႔ ေငြေရာင္တို႔ကိုလည္း သံုးေဆာင္ဝတ္ဆင္ႏုိင္ပါတယ္။ ေရွာင္သင့္တာေတြကေတာ့ အနီ၊ အမည္းနဲ႔ အပုတ္ေရာင္ေတြပါပဲ။

၃ ရက္ေန႔၊ ၁၂ ရက္၊ ၂၁ နဲ႔ ၃၀

ၾကာပန္းက ပန္းေရာင္၊ ပန္းေရာင္ အစံု၊ လိေမၼာ္ေရာင္၊ အနီေရာင္အစံု၊ ခရမ္းေရာင္နဲ႔ အဝါေရာင္ေတြကေတာ့ ကံေကာင္းေစတဲ့အေရာင္ေတြပါ။

အထူးသျဖင့္ လိေမၼာ္နဲ႔ ပန္းေရာင္ကို ဦးစားေပးဝတ္ဆင္ႏုိင္ပါတယ္။ အမည္းတို႔ အျပာနဲ႔ အစိမ္းတုိ႔ကေတာ့ ေရွာင္ရမယ့္အေရာင္ေတြပဲျဖစ္ပါတယ္။

၄ ရက္ေန႔၊ ၁၃ ရက္၊ ၂၂ နဲ႔ ၃၁

၄ ကဏန္းသမားေတြအတြက္ဆိုရင္ေတာ့ အျပာေရာင္ေတြအကုန္လံုးဟာ သင့္ရဲ႕ ကံေကာင္းေစမယ့္အေရာင္ေတြပါပဲ။ အခ်စ္ေရးျဖစ္ျဖစ္၊ ပညာေရးျဖစ္ျဖစ္၊ က်န္းမာေရးျဖစ္ျဖစ္ ဘယ္လိုအေရးမွာကိုမဆို ကံရဲ႕အေထာက္အပံ့ကိုယူဖို႔ အသံုးျပဳႏုိင္ပါတယ္။

၅ ရက္ေန႔၊ ၁၄ နဲ႔ ၂၃ ရက္

အမည္းနဲ႔ အစိမ္းပုတ္အေရာင္ေတြကလြဲရင္ မီးခိုးေရာင္နဲ႔ အေရာင္ေျပေျပေဖ်ာေဖ်ာေလးေတြာ သင့္အတြက္ကံေကာငး္တဲ့အေရာင္ေတြပါပဲ။ မီးခိးုေရာင္ကေတာ့ ေအာင္ျမင္မႈကို ယူေဆာင္လာပါလိမ့္မယ္။

၆ ရက္ေန႔၊ ၁၅ နဲ႔ ၂၄ ရက္

အျပာနဲ႔အစိမ္းေရာင္ ခပ္္ပုတ္ပုတ္အေရာင္ေတြဟာ ၆ ကဏန္းသမားေတြအတြက္ေတာ့ အဆင္အေျပဆံုးအေရာင္ေတြပါပဲ။ ဒါေပမဲ့ အေရးႀကီးတဲ့အခ်ိန္ေတြအမွာေတာ့ အျဖဴ၊ အဝါနဲ႔ ပန္းေရာင္ေတြကိုေရွာင္ပါေနာ္။

၇ ရက္ေန႔၊ ၁၆ ရက္နဲ႔ ၂၅ ရက္

၇ ကဏန္းသမားေတြအတြက္ဆိုရင္ေတာ့ အစိမ္းႏု၊ ရင့္ ႀကိဳက္တဲ့အစိမ္းေရာင္မွန္သမွ်ကို ဝတ္ဆင္အသံုးျပဳပါ။ အနီနဲ႔အနက္ကိုေတာ့ ေရွာင္က်ဥ္ပါေနာ္။ ေနာက္ မုိးျပာေရာင္နဲ႔ အဝါေရာင္ဟာလည္း ကံေကာင္းေစႏုိင္ပါေသတယ္။

၈ ရက္ေန႔၊ ၁၇ နဲ႔ ၂၆ ရက္

အေရးႀကီးတဲ့ေနရေတြမွာ အမည္းေရာင္၊ အနီနဲ႔ ၾကက္သေြးေရာင္ေတြကို ေရွာင္ပါ။အဝါေရာင္ကေတာ့ ၈ ကဏန္းသမားေတြအတြက္ အေကာင္းဆံုးပါပဲ။

အထူးသျဖင့္ ယံုၾကည္မႈတည္ေဆာက္ဖို႔နဲ႔ အခြင့္အလမ္း၊ ေအာင္ျမင္မႈနဲ႔သက္ဆုိင္တဲ့ေနရာေတြမွာ ဂရုတစိုက္ဝတ္ဆင္ပါ။ ေရွာင္ရမယ့္အေရာင္ေတြကေတာ့ အမည္းနဲ႔ အနီေတြပါပဲ။

၉ ရက္ေန႔၊ ၁၈ နဲ႔ ၂၇ ရက္

အနီေရာင္ခပ္ရဲရဲကေတာ့ ဒီရက္ေတြေမြးသူေတြအတြက္ အေကာင္းဆံုးေသာ အေရာင္ေတြပါပဲ။ ေရွာင္ရမယ့္အေရာင္ေတြကေတာ့ အျဖဴေရာင္နဲ႔ အေရာင္ႏုေတြပဲျဖစ္ပါတယ္။ ဒါကေတာ့ ၉ ကဏန္းသမားေတြေပါ့။

penny

Unicode

သင့်မွေးရက်ပေါ်လိုက်ပြီးတော့ ကံကောင်းစေမယ့် အရောင်များနဲ့ ရှောင်ရမယ့်အရောင်များ

တစ်ခါတစ်လေ သဘာဝလွန်အကြောင်းအရာမျိုးတွေဆိုတာ မယုံလို့လည်းမရပါဘူး။

ဒီတော့ လိုအပ်တဲ့အခါမျိုးမှာ အသုံးချနိုင်ဖို့အတွက် သင့်ရဲ့မွေးရက်နဲ့လိုက်ပြီးတော့ ကံကောင်းစေမယ့်အရောင်တွေက ဘယ်လိုမျိုးတွေလဲ၊ အရေးကြီးတဲ့အချိန်မျိုးတွေမှာ ရှောင်ရမယ့်အရောင်တွေဟာ ဘယ်လိုအရောင်တွေဖြစ်မလဲဆိုတာလေးကို ဖော်ပြပေးသွားမှာပါ။

ကိုယ်မွေးတဲ့ရက်လေးနဲ့လိုက်ပြီး ရှာရုံပဲနော်။

၁ ရက်နေ့၊ ၁၀ ရက်၊ ၁၉ နဲ့ ၂၈ ရက်

နေရဲ့လွှမ်းမိုးမှုအောက်မှာ ရောက်နေတဲ့ ၁ ကဏန်းသမားတွေဟာ လိမ္မော်ရောင်၊ အဝါနဲ့ ရွှေရောင်တွေကို သုံးန်ိုင်ပါတယ်။ အမည်းနဲ့အနီတို့ကိုတော့ ရှောင်ရှားပါနော်။

၂ ရက်နေ့၊ ၁၁ ရက်၊ ၂၀ နဲ့ ၂၉ ရက်

၂ ကဏန်းသမားတွေဟာ သဘာဝကြီးရဲ့အုပ်စိုးမှုအောက်ကို ရောက်နေတဲ့အတွက်ကြောင့် အစိမ်းရောင်ဟာ သူတို့အတွက် ကံအကောင်းဆုံးအရောင်တွေပါပဲ။

ဒီအပြင် သဘာဝအရောင်တွေထဲ ပါဝင်နေတဲ့ အပြာရောင်၊ နို့နှစ်ရောင်နဲ့ ငွေရောင်တို့ကိုလည်း သုံးဆောင်ဝတ်ဆင်နိုင်ပါတယ်။ ရှောင်သင့်တာတွေကတော့ အနီ၊ အမည်းနဲ့ အပုတ်ရောင်တွေပါပဲ။

၃ ရက်နေ့၊ ၁၂ ရက်၊ ၂၁ နဲ့ ၃၀

ကြာပန်းက ပန်းရောင်၊ ပန်းရောင် အစုံ၊ လိမ္မော်ရောင်၊ အနီရောင်အစုံ၊ ခရမ်းရောင်နဲ့ အဝါရောင်တွေကတော့ ကံကောင်းစေတဲ့အရောင်တွေပါ။

အထူးသဖြင့် လိမ္မော်နဲ့ ပန်းရောင်ကို ဦးစားပေးဝတ်ဆင်နိုင်ပါတယ်။ အမည်းတို့ အပြာနဲ့ အစိမ်းတို့ကတော့ ရှောင်ရမယ့်အရောင်တွေပဲဖြစ်ပါတယ်။

၄ ရက်နေ့၊ ၁၃ ရက်၊ ၂၂ နဲ့ ၃၁

၄ ကဏန်းသမားတွေအတွက်ဆိုရင်တော့ အပြာရောင်တွေအကုန်လုံးဟာ သင့်ရဲ့ ကံကောင်းစေမယ့်အရောင်တွေပါပဲ။ အချစ်ရေးဖြစ်ဖြစ်၊ ပညာရေးဖြစ်ဖြစ်၊ ကျန်းမာရေးဖြစ်ဖြစ် ဘယ်လိုအရေးမှာကိုမဆို ကံရဲ့အထောက်အပံ့ကိုယူဖို့ အသုံးပြုနိုင်ပါတယ်။

၅ ရက်နေ့၊ ၁၄ နဲ့ ၂၃ ရက်

အမည်းနဲ့ အစိမ်းပုတ်အရောင်တွေကလွဲရင် မီးခိုးရောင်နဲ့ အရောင်ပြေပြေဖျောဖျောလေးတွော သင့်အတွက်ကံကောငး်တဲ့အရောင်တွေပါပဲ။ မီးခိးုရောင်ကတော့ အောင်မြင်မှုကို ယူဆောင်လာပါလိမ့်မယ်။

၆ ရက်နေ့၊ ၁၅ နဲ့ ၂၄ ရက်

အပြာနဲ့အစိမ်းရောင် ခပ်ပုတ်ပုတ်အရောင်တွေဟာ ၆ ကဏန်းသမားတွေအတွက်တော့ အဆင်အပြေဆုံးအရောင်တွေပါပဲ။ ဒါပေမဲ့ အရေးကြီးတဲ့အချိန်တွေအမှာတော့ အဖြူ၊ အဝါနဲ့ ပန်းရောင်တွေကိုရှောင်ပါနော်။

၇ ရက်နေ့၊ ၁၆ ရက်နဲ့ ၂၅ ရက်

၇ ကဏန်းသမားတွေအတွက်ဆိုရင်တော့ အစိမ်းနု၊ ရင့် ကြိုက်တဲ့အစိမ်းရောင်မှန်သမျှကို ဝတ်ဆင်အသုံးပြုပါ။ အနီနဲ့အနက်ကိုတော့ ရှောင်ကျဉ်ပါနော်။ နောက် မိုးပြာရောင်နဲ့ အဝါရောင်ဟာလည်း ကံကောင်းစေနိုင်ပါသေတယ်။

၈ ရက်နေ့၊ ၁၇ နဲ့ ၂၆ ရက်

အရေးကြီးတဲ့နေရတွေမှာ အမည်းရောင်၊ အနီနဲ့ ကြက်သေွးရောင်တွေကို ရှောင်ပါ။အဝါရောင်ကတော့ ၈ ကဏန်းသမားတွေအတွက် အကောင်းဆုံးပါပဲ။

အထူးသဖြင့် ယုံကြည်မှုတည်ဆောက်ဖို့နဲ့ အခွင့်အလမ်း၊ အောင်မြင်မှုနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ဂရုတစိုက်ဝတ်ဆင်ပါ။ ရှောင်ရမယ့်အရောင်တွေကတော့ အမည်းနဲ့ အနီတွေပါပဲ။

၉ ရက်နေ့၊ ၁၈ နဲ့ ၂၇ ရက်

အနီရောင်ခပ်ရဲရဲကတော့ ဒီရက်တွေမွေးသူတွေအတွက် အကောင်းဆုံးသော အရောင်တွေပါပဲ။ ရှောင်ရမယ့်အရောင်တွေကတော့ အဖြူရောင်နဲ့ အရောင်နုတွေပဲဖြစ်ပါတယ်။ ဒါကတော့ ၉ ကဏန်းသမားတွေပေါ့။

penny